
[Zawgyi]




[Unicode]
ချစ်သုဝေရဲ့အကောင့် အပိတ်ခံရလို့ ဇူကာဘက်ကို ဒဲ့ဆဲလိုက်တဲ့ လင်းလင်း

အဆိုတော်နဲ့ သရုပ်ဆောင် ချစ်သုဝေရဲ့ ဖေ့စ်ဘွက်အကောင့်ကို ဖေ့စ်ဘွက်ကုမ္ပဏီက ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီလို အဆင်အခြင်မဲ့ ဖေ့စ်ဘွက်ကုမ္ပဏီရဲ့ လုပ်ရက်ကို အဆိုတော် လင်းလင်းက မကြေမနပ်ဖြစ်ပြီး ဒေါကအကုန်ထွက်ကာ ပေါက်ကွဲတဲ့ ပို့စ်တစ်ခု သူ့ရဲ့ ဖေ့စ်ဘွက်မှာ တင်လိုက်တာကို တွေ့ရပါတယ်။

ဒီနေ့ ဧပရယ်လ ၂၂ ရက် ခုလေးတင်ပဲ တင်လိုက်တာဖြစ်ပြီး ဖေ့စ်ဘွက် ထိန်းချုပ်သူ ဇူကာဘက်ကို စကားလုံး မိုင်ကုန်ဖြင့် ဆဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ကဲ FB နဲ့ ဇူကာဘတ်ရေ မင်းတို့ကို ဖင်ချနေတဲ့ထဲမှာ ငါတို့လင်မယားမပါဘူးဟ,, FB centre မှာမြန်မာတွေရှိတယ်ဆိုလဲ ဒီပို့စ်လေးပြလိုက်ပါဦး,, Flowers ၁၂ သိန်းကျော်ရှိတဲ့ ကျုပ်မိန်းမအကောင့်ကို ပြစ်မှုလုပ်လို့ ပိတ်လိုက်တယ်တဲ့,,, အဲဒီတော့ တိုတိုတုတ်တုတ်ပြောရရင် ဘောဘဲ ,, လီးဘဲ Fuck ဘဲလို့,,, အဆက်အသွယ်ရှိတဲ့လူတွေရှိရင်လဲပြလိုက်ပါဦး ဒီအကောင့်ပါ ပိတ်လိုက်ရပါတယ် ဆိုပြီး ပေါက်ကွဲလိုက်ပါတယ်။

ချစ်သုဝေရဲ့ ဖေ့စ်ဘွက်အကောင့်ဟာ လူကြိုက်အများဆုံးအကောင့်တစ်ခုဖြစ်ပြီး သမီးလေးတွေရဲ့ပုံလေးတွေကြောင့် အမြဲတမ်း အသည်းပေးသူတွေနဲ့ စည်ကားနေခဲ့တာဖြစ်ပါတယ်။ ဘာပြစ်မှုမှမလုပ်ပဲ ခုလို အပိတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ လော့ပြန်ဖြေရင်တော့ ရနိုင်ဖို့ အခြေအနေရှိနေပါသေးတယ်။ ဖေ့စ်ဘွက်ဟာ ခုနောက်ပိုင်း အထိန်းအကွပ်မဲ့လာပြီး အသုံးပြုသူများကို မှားမှားယွင်းယွင်း အရေးယူမှုတွေ များလာပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *