ကင္ဂ်ံဳအန္အား အလြန္ပြင့္လင္းရိုးသားသူျဖစ္ေျကာင္း ေဒၚနယ္ထရမ့္ ခ်ီးက်ဴး

[Zawgyi]
ကင္ဂ်ံဳအန္အား အလြန္ပြင့္လင္းရိုးသားသူျဖစ္ေျကာင္း ေဒၚနယ္ထရမ့္ ခ်ီးက်ဴး

ဧၿပီလ ၂၄ ရက္တြင္ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္က ေျမာက္ကိုရီးယားသည္ ႏွစ္ႏိုင္ငံၾကားအဆင့္ျမင့္ ေဆြးေႏြးပြဲကို အျမန္ဆံုးက်င္းပခ်င္ေနၿပီျဖစ္ေၾကာင္းႏွင့္ကင္ဂ်ံဳအန္ကိုလည္း အလြန္ပြင့္လင္းရိုးသားသူတစ္ဦးအျဖစ္ခ်ီး က်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။

အိမ္ျဖဴေတာ္၌ ျပင္သစ္သမၼတအီမန္ႏ်ဴရယ္မာခရြန္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္စဥ္အတြင္း ထရမ့္က ကင္ဂ်ံဳအန္ႏွင့္ ေတြ႕ဆံုမည့္အစီအစဥ္ႏွင့္ပတ္သက္၍ထည့္သြင္းေျပာဆိုခဲ့သည္။

ထရမ့္က“ေျမာက္ကိုရီးယားရဲ႕လက္ရွိအျပဳသေဘာေဆာင္တဲ့လုပ္ရပ္ေတြကိုၾကည့္ရင္ ကင္ဂ်ံဳအန္ဟာ အရမ္းပြင့္လင္းရိုးသားသူမွန္းသိႏိုင္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ေျမာက္ ကိုရီးယားက ကတိေတြအမ်ားႀကီးေပးခဲ့ေပမယ့္ အခုလိုအေနအထားအထိေရာက္ေအာင္လုပ္ေဆာင္ခဲ့တာမ်ိဳးမရွိခဲ့ပါဘူး” ဟု သတင္းသမားမ်ားကိုဆိုခဲ့သည္။

ေဒၚနယ္လ္ထရမ့္ႏွင့္ကင္ဂ်ံဳအန္သည္ လာမည့္ေမလ သို႔မဟုတ္ ဇြန္လတြင္ေတြ႕ဆံု သြားမည္ဟု ေမွ်ာ္မွန္းရသည္။ေတာင္ကိုရီးယားသမၼတမြန္ေဂ်အင္က ေျမာက္ကိုရီးယားႏွင့္အဆင့္ျမင့္ေဆြးေႏြးပြဲျပန္လည္ စတင္ႏိုင္ရန္ လာမည့္ဧၿပီလ ၂၇ ရက္တြင္ ကင္ဂ်ံဳအန္ႏွင့္ေတြ႕ဆံုသြားရန္ရွိေနသည္ဟု သိရသည္။

ေမဇြန္

[Unicode]
ကင်ဂျုံအန်အား အလွန်ပွင့်လင်းရိုးသားသူဖြစ်ကြောင်း ဒေါ်နယ်ထရမ့် ချီးကျူး

ဧပြီလ ၂၄ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယားသည် နှစ်နိုင်ငံကြားအဆင့်မြင့် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပချင်နေပြီဖြစ်ကြောင်းနှင့်ကင်ဂျုံအန်ကိုလည်း အလွန်ပွင့်လင်းရိုးသားသူတစ်ဦးအဖြစ်ချီး ကျူးပြောဆိုခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်၌ ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်နှင့်ဆွေးနွေးမှုများပြုလုပ်စဉ်အတွင်း ထရမ့်က ကင်ဂျုံအန်နှင့် တွေ့ဆုံမည့်အစီအစဉ်နှင့်ပတ်သက်၍ထည့်သွင်းပြောဆိုခဲ့သည်။

ထရမ့်က“မြောက်ကိုရီးယားရဲ့လက်ရှိအပြုသဘောဆောင်တဲ့လုပ်ရပ်တွေကိုကြည့်ရင် ကင်ဂျုံအန်ဟာ အရမ်းပွင့်လင်းရိုးသားသူမှန်းသိနိုင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြောက် ကိုရီးယားက ကတိတွေအများကြီးပေးခဲ့ပေမယ့် အခုလိုအနေအထားအထိရောက်အောင်လုပ်ဆောင်ခဲ့တာမျိုးမရှိခဲ့ပါဘူး” ဟု သတင်းသမားများကိုဆိုခဲ့သည်။

ဒေါ်နယ်လ်ထရမ့်နှင့်ကင်ဂျုံအန်သည် လာမည့်မေလ သို့မဟုတ် ဇွန်လတွင်တွေ့ဆုံ သွားမည်ဟု မျှော်မှန်းရသည်။တောင်ကိုရီးယားသမ္မတမွန်ဂျေအင်က မြောက်ကိုရီးယားနှင့်အဆင့်မြင့်ဆွေးနွေးပွဲပြန်လည် စတင်နိုင်ရန် လာမည့်ဧပြီလ ၂၇ ရက်တွင် ကင်ဂျုံအန်နှင့်တွေ့ဆုံသွားရန်ရှိနေသည်ဟု သိရသည်။

မေဇွန်

Add a Comment

Your email address will not be published. Required fields are marked *