လူေ သ ရင္ ဝိညာ ဥ္ လိပ္ျပာ အိမ္ မွာ (၇) ရက္ေ န တယ္ ဆိုတာ တက ယ္ ဟုတ္ မဟုတ္ဖ တ္ၾကည့္ ပါ


[Zawgyi]လူေ သ ရင္ ဝိညာ ဥ္ လိပ္ျပာ အိမ္ မွာ (၇) ရက္ေ န တယ္ ဆိုတာ တက ယ္ ဟုတ္ မဟုတ္ဖ တ္ၾကည့္ ပါ
ေလာကမွာ လူေသရင္ ဝိညာဥ္လိပ္ျပာ အိမ္မွာ(၇)ရက္ေနတယ္ဆိုတာ ဟုတ္မဟုတ္။
လူေသသြားရင္ ဝိညဥ္လိပ္ျပာ အတၱေကာင္ဟာ တဘဝကေန တဘဝကို မပ်က္မစီးပဲ ေျပာင္းေ႐ြ႕ၾကင္လည္ေနတယ္လို႔ ယူဆရင္ သႆတဒိ႒ိျဖစ္ပါတယ္။ေသရင္ ဘာမွမရွိေတာ့ဘူး ျပတ္စဲသြားတယ္လို႔ ယူဆရင္ ဥေစၦဒဒိ႒ိျဖစ္ပါတယ္။ ဥပမာ-
လူတေယာက္ဟာ ဘုရားတည္ေက်ာင္းေဆာက္စတဲ့ ကုသိုလ္ေကာင္းမႈ႕ေတြကို ျပဳလုပ္တယ္။
ဒီေကာင္းမႈ႕ေတြေၾကာင့္ ငါေသရင္ ငါပဲအက်ိဳးခံစားရမွာပဲလို႔ ယူဆရင္ သႆတဒိ႒ိျဖစ္ပါတယ္။ ဘာေၾကာင့္ သႆတဒိ႒ိျဖစ္ရတာလဲဆိုရင္ ေကာင္းမႈ႕ျပဳတာကတစ္ေယာက္ အက်ိဳးခံစားရတာက တစ္ေယာက္ျဖစ္ေနလို႔ပါပဲ။
ဒါျဖင့္ ကုသိုလ္ရဲ႕အက်ိဳးကို ငါကိုယ္တိုင္ မခံစားရပဲ တျခားတေယာက္က ခံစားမယ္ဆိုမွေတာ့ ငါကုသိုလ္မျပဳေတာ့ဘူးကြာ၊ မေကာင္းမႈ႕ေတြပဲ လုပ္ေတာ့မယ္၊ ငါလုပ္တဲ့မေကာင္းမႈ႕ကို တစ္ျခားတစ္ေယာက္က ခံစားရမွာပဲလို႔ ယူဆျပန္ရင္လဲဥေစၦဒဒိ႒ိျဖစ္သြားျပန္တယ္။
ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္လုပ္တဲ့အျပစ္ေတြကို ကိုယ္ကိုယ္တိုင္ပဲ ျပန္ေပးဆပ္ရမွာပဲ၊ ျပန္ခံစားရမွာပဲ။
ဒီေတာ့ ေနာက္ဘဝလဲ ငါကိုယ္တိုင္ပဲလို႔ ယူဆရင္လဲ သႆတဒိ႒ိ၊ တစ္ျခားတစ္ေယာက္လို႔ ယူဆျပန္ရင္လဲ ဥေစၦဒဒိ႒ိဆိုေတာ့ ဒီအစြန္းႏွစ္ပါးကေနလြတ္ေအာင္ ဘယ္လိုေျဖရွင္းမလဲဆိုရင္။
ဦးဘဆိုတဲ့လူတေယာက္ဟာ မေသခင္ ကုသိုလ္ေကာင္းမႈ႕ေတြ အမ်ားႀကီးျပဳခဲ့ရလို႔ ေသတဲ့အခါ နတ္ျဖစ္ရတယ္ဆိုပါဆို႔။
ဒီဘဝက ဦးဘရဲ႕ ခႏၶာကိုယ္ႀကီးကလဲ ဒီဘဝမွာတင္ ပုပ္သြားတယ္။ စိတ္ကလဲ ဒီဘဝမွာတင္ ခ်ဳပ္သြားတယ္။ ဒီဘဝ႐ုပ္နာမ္ ဒီဘဝမွာတင္ခ်ဳပ္တယ္။
ေနာက္ဘဝကို မပါသြားပါဘူး။ နာမ္က ဝိညဥ္အျဖစ္နဲ႕ ေနာက္ဘဝအထိ ပါသြားတယ္ဆိုရင္
ဒီဘဝကဦးဘရဲ႕စိတ္နဲ႕ နတ္ဘဝကနတ္ရဲ႕စိတ္ တူညီရမွာေပါ့။
အခုေတာ့ နတ္ဘဝမွာ နတ္ရဲ႕စိတ္ကတစ္ခု၊ ဦးဘရဲ႕စိတ္ကစိတ္တစ္ခုေလ။
အဲ့ဒီဦးဘက ကုသိုလ္ေကာင္းမႈ႕ေတြ မျပဳပဲ မေကာင္းမႈ႕ဒုစရိုက္ေတြပဲျပဳသြားလို႔ ေသတဲ့အခါ ေခြးျဖစ္ရတယ္ဆိုပါဆို႔။
ဒီဘဝက ဦးဘရဲ႕စိတ္ကလူ႕စိတ္ေလ။ ေခြးဘဝက ေခြးစိတ္က သတ္သတ္ေလ။ မတူဘူးေနာ္။
စိတ္ဝိဉာဏ္က ေနာက္ဘဝထိေအာင္ လိုက္သြားတယ္ဆိုရင္ ေခြးက ဘယ္မစင္စားပါ့မလဲ။
ဒါေၾကာင့္ ဒီဘဝ႐ုပ္နာမ္က ဒီဘဝမွာပဲခ်ဳပ္ၿပီးေတာ့ ေနာက္တဘဝမွာ ႐ုပ္နာမ္အသစ္ျပန္ျဖစ္ပါတယ္။
ေသၿပီးရင္ အိမ္မွာလိပ္ျပာဝိညာဥ္အျဖစ္နဲ႕ (၇)ရက္ေနတယ္ဆိုတာမဟုတ္ပါဘူး။
စုတိစိတ္လို႔ေခၚတဲ့ ေသတဲ့စိတ္နဲ႕ ပဋိသေႏၶဝိဉာဏ္စိတ္လို႔ေခၚတဲ့ တဖန္ဘဝသစ္ျပန္စတဲ့စိတ္က တစ္ဆက္ထဲျဖစ္ပါတယ္။ စုတိနဲ႕ပဋိသေႏၶၾကားမွာ အျခားမရွိပါဘူး။
အနႏၲရပစၥည္းနဲ႕ ေက်းဇူးျပဳပါတယ္။ ဆိုလိုတာက ေသတဲ့အခါမွာကုသိုလ္ေကာင္းမႈ႕အားေကာင္းရင္ နတ္ဘဝလူ႕ဘ၀ ေကာင္းတဲ့ဘဝတခုခုမွာ အမိဝမ္းတြင္းမွာပဋိသေႏၶဝိဉာဏ္စိတ္ျဖစ္ရပါတယ္။
အကုသိုလ္အားမ်ားရင္ေတာ့ ေခြးဝက္အစရွိတဲ့အပါယ္ကိုယ္ေကာင္တခုခုမွာဝင္စားရပါတယ္။ ၾကားခံဘဝတစ္ခုဆိုတာ မရွိပါဘူး။
အိမ္မွာေျခာက္လွန႔္ၾကတယ္ဆိုတာကေတာ့ အကုသိုလ္အားႀကီးလို႔ပဲျဖစ္ျဖစ္ ေသခါနီး အကုသိုလ္စိတ္ျဖစ္ၿပီး ေသရလို႔ပဲျဖစ္ျဖစ္ အစြဲနဲ႕ေသရလို႔ သားသမီးဇနီးခင္ပြန္းေတြအေပၚမွာ စိတ္မခ်နိဳင္ပဲ ၿပိတၱာျဖစ္ရတာပါ။
ကံအားေလ်ာ္စြာ ၿပိတၱာဘဝမွာ (၇)ရက္ ၾကာခ်င္ၾကာမယ္။
တစ္နစ္ၾကာခ်င္ၾကာမယ္။ ကြၽတ္ခ်ိန္တန္ရင္ ကြၽတ္လိမ့္မယ္။
ဒီဘဝကေသရင္ တျခားတေယာက္ထပ္ျဖစ္တယ္ဆိုေတာ့ အဲ့ဒီထပ္ျဖစ္တဲ့တစ္ေယာက္ကေရာ ဘယ္ကလာတာလဲဆိုရင္ ဒီဘဝ႐ုပ္နာမ္ကပဲ လာတာပါ။ သရက္ေစ့ဘယ္ကလာ သရက္ပင္ကလာ။
သရက္ပင္ကေကာ ဘယ္ကျဖစ္တာလဲဆိုရင္ သရက္ေစ့ကျဖစ္တာပါပဲ။
ဆီမီးကူးညွိလိုက္သလိုေပါ့။ ကူးညွိလိုက္တဲ့ဆီမီးကသတ္သတ္၊ အရင္ရွိေနတဲ့ဆီမီးကသတ္သတ္။
ဒါျဖင့္ ေနာက္ဆီမီး ဘယ္ကလာတာလဲ အရင္ဆီမီးကလာတာပါ။ အတူူတူလားဆိုေတာ့ သတ္သတ္စီပါ။
တံစိပ္တုံးရိုက္တဲ့အခါ တံစိပ္ရာကသတ္သတ္ တံစိတ္တုံးကသတ္သတ္။
တံစိတ္ရာဘယ္ကလာတာလဲဆိုရင္ တံစိပ္တုံးကလာတာ။ လူေသရင္လဲ ထပ္ျဖစ္တဲ့ သတၱဝါက အရင္ဘဝက သတၱဝါပဲလားဆိုရင္ မဟုတ္ဘူး။သတ္သတ္စီ။
ဒါျဖင့္ ထပ္ျဖစ္တဲ့သတၱဝါဘယ္ကလာတာလဲဆိုေတာ့ အရင္ဘဝက ႐ုပ္နာမ္အစဥ္ကလာတာ။ အရင္ဘဝနဲ႕ဒီဘ၀ တစ္ေယာက္ထဲလားဆိုေတာ့ မဟုတ္ဘူး သတ္သတ္စီ။ လူေသတဲ့အခါ ဒီဘဝ႐ုပ္နာမ္ ဒီဘဝမွာတင္ခ်ဳပ္ၿပီးေတာ့ ကံသတၱိအဟုန္က လိုက္ေနတာ။
ဘယ္ကံေတြလဲဆိုေတာ့ အရင့္အရင္ဘဝေတြက ျပဳခဲ့တဲ့ေကာင္းမႈ႕ကံ မေကာင္းမႈ႕ကံေတြ။
ဒါေၾကာင့္ ကုသိုလ္ကံ အကုသိုလ္ကံခ်ဳပ္ၿငိမ္းၿပီးျဖစ္တဲ့ ဘုရားရဟႏၲာေတြမွာ ႀကိယာဗ်ာကတစိတ္ပဲရွိတယ္။ ဘဝသစ္႐ုပ္နာမ္ တဖန္ျပန္မျဖစ္ေတာ့ဘူူး။
သာမန္သတၱဝါေတြမွာေတာ့ ေသတဲ့အခါ ႐ုပ္နာမ္တဖန္ျပန္ျဖစ္ရပါတယ္။ လိပ္ျပာေကာင္ အတၱေကာင္လို႔မရွိပါဘူး။
သခ်ိဳ ငၤ္းကေန အိမ္ကို လိပ္ျပာေခၚတယ္ဆိုတာ မွားယြင္းတဲ့ သႆတဒိ႒ိျဖစ္ပါတယ္။
#စစ္မာန္ဟုန္
FACEBOOK VISIT WEBSITE
[Unicode]လူေ သ ရင် ဝိညာ ဉ် လိပ်ပြာ အိမ် မှာ (၇) ရက်ေ န တယ် ဆိုတာ တက ယ် ဟုတ် မဟုတ်ဖ တ်ကြည့် ပါ
လောကမှာ လူသေရင် ဝိညာဉ်လိပ်ပြာ အိမ်မှာ(၇)ရက်နေတယ်ဆိုတာ ဟုတ်မဟုတ်။
လူသေသွားရင် ဝိညဉ်လိပ်ပြာ အတ္တကောင်ဟာ တဘဝကနေ တဘဝကို မပျက်မစီးပဲ ပြောင်းရွေ့ကြင်လည်နေတယ်လို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။သေရင် ဘာမှမရှိတော့ဘူး ပြတ်စဲသွားတယ်လို့ ယူဆရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ်။ ဥပမာ-
လူတယောက်ဟာ ဘုရားတည်ကျောင်းဆောက်စတဲ့ ကုသိုလ်ကောင်းမှု့တွေကို ပြုလုပ်တယ်။
ဒီကောင်းမှု့တွေကြောင့် ငါသေရင် ငါပဲအကျိုးခံစားရမှာပဲလို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။ ဘာကြောင့် သဿတဒိဋ္ဌိဖြစ်ရတာလဲဆိုရင် ကောင်းမှု့ပြုတာကတစ်ယောက် အကျိုးခံစားရတာက တစ်ယောက်ဖြစ်နေလို့ပါပဲ။
ဒါဖြင့် ကုသိုလ်ရဲ့အကျိုးကို ငါကိုယ်တိုင် မခံစားရပဲ တခြားတယောက်က ခံစားမယ်ဆိုမှတော့ ငါကုသိုလ်မပြုတော့ဘူးကွာ၊ မကောင်းမှု့တွေပဲ လုပ်တော့မယ်၊ ငါလုပ်တဲ့မကောင်းမှု့ကို တစ်ခြားတစ်ယောက်က ခံစားရမှာပဲလို့ ယူဆပြန်ရင်လဲဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပြန်တယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်တဲ့အပြစ်တွေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ပေးဆပ်ရမှာပဲ၊ ပြန်ခံစားရမှာပဲ။
ဒီတော့ နောက်ဘဝလဲ ငါကိုယ်တိုင်ပဲလို့ ယူဆရင်လဲ သဿတဒိဋ္ဌိ၊ တစ်ခြားတစ်ယောက်လို့ ယူဆပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိဆိုတော့ ဒီအစွန်းနှစ်ပါးကနေလွတ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုရင်။
ဦးဘဆိုတဲ့လူတယောက်ဟာ မသေခင် ကုသိုလ်ကောင်းမှု့တွေ အများကြီးပြုခဲ့ရလို့ သေတဲ့အခါ နတ်ဖြစ်ရတယ်ဆိုပါဆို့။
ဒီဘဝက ဦးဘရဲ့ ခန္ဓာကိုယ်ကြီးကလဲ ဒီဘဝမှာတင် ပုပ်သွားတယ်။ စိတ်ကလဲ ဒီဘဝမှာတင် ချုပ်သွားတယ်။ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်တယ်။
နောက်ဘဝကို မပါသွားပါဘူး။ နာမ်က ဝိညဉ်အဖြစ်နဲ့ နောက်ဘဝအထိ ပါသွားတယ်ဆိုရင်
ဒီဘဝကဦးဘရဲ့စိတ်နဲ့ နတ်ဘဝကနတ်ရဲ့စိတ် တူညီရမှာပေါ့။
အခုတော့ နတ်ဘဝမှာ နတ်ရဲ့စိတ်ကတစ်ခု၊ ဦးဘရဲ့စိတ်ကစိတ်တစ်ခုလေ။
အဲ့ဒီဦးဘက ကုသိုလ်ကောင်းမှု့တွေ မပြုပဲ မကောင်းမှု့ဒုစရိုက်တွေပဲပြုသွားလို့ သေတဲ့အခါ ခွေးဖြစ်ရတယ်ဆိုပါဆို့။
ဒီဘဝက ဦးဘရဲ့စိတ်ကလူ့စိတ်လေ။ ခွေးဘဝက ခွေးစိတ်က သတ်သတ်လေ။ မတူဘူးနော်။
စိတ်ဝိဉာဏ်က နောက်ဘဝထိအောင် လိုက်သွားတယ်ဆိုရင် ခွေးက ဘယ်မစင်စားပါ့မလဲ။
ဒါကြောင့် ဒီဘဝရုပ်နာမ်က ဒီဘဝမှာပဲချုပ်ပြီးတော့ နောက်တဘဝမှာ ရုပ်နာမ်အသစ်ပြန်ဖြစ်ပါတယ်။
သေပြီးရင် အိမ်မှာလိပ်ပြာဝိညာဉ်အဖြစ်နဲ့ (၇)ရက်နေတယ်ဆိုတာမဟုတ်ပါဘူး။
စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်လို့ခေါ်တဲ့ တဖန်ဘဝသစ်ပြန်စတဲ့စိတ်က တစ်ဆက်ထဲဖြစ်ပါတယ်။ စုတိနဲ့ပဋိသန္ဓေကြားမှာ အခြားမရှိပါဘူး။
အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။ ဆိုလိုတာက သေတဲ့အခါမှာကုသိုလ်ကောင်းမှု့အားကောင်းရင် နတ်ဘဝလူ့ဘ၀ ကောင်းတဲ့ဘဝတခုခုမှာ အမိဝမ်းတွင်းမှာပဋိသန္ဓေဝိဉာဏ်စိတ်ဖြစ်ရပါတယ်။
အကုသိုလ်အားများရင်တော့ ခွေးဝက်အစရှိတဲ့အပါယ်ကိုယ်ကောင်တခုခုမှာဝင်စားရပါတယ်။ ကြားခံဘဝတစ်ခုဆိုတာ မရှိပါဘူး။
အိမ်မှာခြောက်လှန့်ကြတယ်ဆိုတာကတော့ အကုသိုလ်အားကြီးလို့ပဲဖြစ်ဖြစ် သေခါနီး အကုသိုလ်စိတ်ဖြစ်ပြီး သေရလို့ပဲဖြစ်ဖြစ် အစွဲနဲ့သေရလို့ သားသမီးဇနီးခင်ပွန်းတွေအပေါ်မှာ စိတ်မချနိုင်ပဲ ပြိတ္တာဖြစ်ရတာပါ။
ကံအားလျော်စွာ ပြိတ္တာဘဝမှာ (၇)ရက် ကြာချင်ကြာမယ်။
တစ်နစ်ကြာချင်ကြာမယ်။ ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်။
ဒီဘဝကသေရင် တခြားတယောက်ထပ်ဖြစ်တယ်ဆိုတော့ အဲ့ဒီထပ်ဖြစ်တဲ့တစ်ယောက်ကရော ဘယ်ကလာတာလဲဆိုရင် ဒီဘဝရုပ်နာမ်ကပဲ လာတာပါ။ သရက်စေ့ဘယ်ကလာ သရက်ပင်ကလာ။
သရက်ပင်ကကော ဘယ်ကဖြစ်တာလဲဆိုရင် သရက်စေ့ကဖြစ်တာပါပဲ။
ဆီမီးကူးညှိလိုက်သလိုပေါ့။ ကူးညှိလိုက်တဲ့ဆီမီးကသတ်သတ်၊ အရင်ရှိနေတဲ့ဆီမီးကသတ်သတ်။
ဒါဖြင့် နောက်ဆီမီး ဘယ်ကလာတာလဲ အရင်ဆီမီးကလာတာပါ။ အတူူတူလားဆိုတော့ သတ်သတ်စီပါ။
တံစိပ်တုံးရိုက်တဲ့အခါ တံစိပ်ရာကသတ်သတ် တံစိတ်တုံးကသတ်သတ်။
တံစိတ်ရာဘယ်ကလာတာလဲဆိုရင် တံစိပ်တုံးကလာတာ။ လူသေရင်လဲ ထပ်ဖြစ်တဲ့ သတ္တဝါက အရင်ဘဝက သတ္တဝါပဲလားဆိုရင် မဟုတ်ဘူး။သတ်သတ်စီ။
ဒါဖြင့် ထပ်ဖြစ်တဲ့သတ္တဝါဘယ်ကလာတာလဲဆိုတော့ အရင်ဘဝက ရုပ်နာမ်အစဉ်ကလာတာ။ အရင်ဘဝနဲ့ဒီဘ၀ တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး သတ်သတ်စီ။ လူသေတဲ့အခါ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်ပြီးတော့ ကံသတ္တိအဟုန်က လိုက်နေတာ။
ဘယ်ကံတွေလဲဆိုတော့ အရင့်အရင်ဘဝတွေက ပြုခဲ့တဲ့ကောင်းမှု့ကံ မကောင်းမှု့ကံတွေ။
ဒါကြောင့် ကုသိုလ်ကံ အကုသိုလ်ကံချုပ်ငြိမ်းပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေမှာ ကြိယာဗျာကတစိတ်ပဲရှိတယ်။ ဘဝသစ်ရုပ်နာမ် တဖန်ပြန်မဖြစ်တော့ဘူူး။
သာမန်သတ္တဝါတွေမှာတော့ သေတဲ့အခါ ရုပ်နာမ်တဖန်ပြန်ဖြစ်ရပါတယ်။ လိပ်ပြာကောင် အတ္တကောင်လို့မရှိပါဘူး။
သချို င်္င်းကနေ အိမ်ကို လိပ်ပြာခေါ်တယ်ဆိုတာ မှားယွင်းတဲ့ သဿတဒိဋ္ဌိဖြစ်ပါတယ်။
#စစ်မာန်ဟုန်
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *