မိဘ ေခြ်း နဲ႔ ေျခေဆး ကာ ဘဝကို မစေတးမိၾကေစခ်င္

[Zawgyi]
မိဘ ေခြ်း နဲ႔ ေျခေဆး ကာ ဘဝကို မစေတးမိၾကေစခ်င္

ဒီေခတ္ လူငယ္ အခ်ိဳ႕ဟာ မိဘ ေခြ်း နဲ႔ေျခေဆးျပီး
ကိုယ့္ ဘဝ ကိုယ္ စေတးေနၾကသလိုျဖစ္ေနတယ္။

အထူးသျဖင့္ အခ်ိဳ႕ေက်ာင္းသူ ေက်ာင္းသား ေတြပါပဲ။

မိဘ ေတြက ကိုယ့္ သားသမီး ေတြပညာတတ္ျပီး
ဘဝမွာလူတန္းေစ့ေနႏိုင္ေအာင္ ေနပူမိုးရြာမေရွာင္ရုန္းကန္ရွာေဖြျပီး
ေက်ာင္းထားၾကရတာမ်ားပါတယ္။

ဒါေပမယ့္ သားသမီး ေတြကေတာ့ မိဘ ေတြကိုမင့ဲညွာဘဲ
အသိမ့ဲစြာအေပ်ာ္အပါးမွာပဲနစ္မြန္းေနၾကတယ္။

ေက်ာင္း ေတြ တကၠသိုလ္ ေတြဟာ အခ်ိဳ႕ေခတ္ လူငယ္ ေတြအတြက္ ပညာ ရွာရာမဟုတ္ဘဲပ်က္စီးရာေနရာလိုျဖစ္ေနပါျပီ။

ဒကာ တစ္ေယာက္က ေလွ်ာက္တယ္။
ခုေခတ္ ေက်ာင္းသူ ေက်ာင္းသား ေတြ မလြယ္ဘူး ဘုရား၊
တကၠသိုလ္မွာ ပညာသင္တယ္သာ ေျပာတာ ဘုရား ၊
အမ်ိဳးမ်ိဳး ပ်က္စီးေနၾကတာဘုရားတဲ့။

လိုက္ထရပ္ကား နဲ႔ အႀကိဳအပို႔လုပ္ေနတဲ့ ကားသမား ကို ဘယ္ေလာက္ေပးမယ္လို႔ေျပာၿပီးေတာ့ ျပင္ဦးလြင္ ကို ပို႔ခိုင္းတယ္။ ဟိုမွာ ကဲၾကတယ္။ ေနာက္ေန႔ မံုရြာပို႔ခိုင္းတယ္။ ေက်ာင္း မတက္ပဲ အဲလိုေတြ လုပ္ေနၾကတယ္ဘုရား။

ဒီလမ္းေလးအတိုင္း (ကားေမာင္းရင္း ဒကာကၫႊန္ျပ) လိုက္သြားရင္ ငွက္ေပ်ာေတာ ႐ွိတယ္ ဘုရား ၊
အဲဒီမွာ ထန္းရည္ရတယ္။
တကၠသိုလ္ ေပါင္းစံုက ေက်ာင္းသူ ေတြ ေက်ာင္းသားေတြ ထန္းရည္ လာေသာက္ၾကတယ္ ဘုရား ။
မိန္းကေလးေတြဆို လူမွန္းသူမွန္းမသိေအာင္ကို မူးေနၾကတာ။ အန္တဲ့သူက အန္လို႔ ဘုရား ။
ပညာေရးကိုသာ အျပစ္တင္ေနၾကတာ၊
ကိုယ္တိုင္က ပ်က္စီးေနၾကတယ္ ဘုရား ။

တစ္ခါက မိန္းကေလး တစ္ေယာက္ သူ႔ အေဖ ကေတာ့ ေက်ာင္း တက္ေနတယ္ဆိုၿပီး လိုအပ္တာ ေထာက္ပံ့ ေနတယ္ဘုရား။ သူက ေက်ာင္းမတက္ပဲ ေလွ်ာက္သြား၊ အရက္ ေသာက္ ထန္းရည္ေသာက္နဲ႔။
အဲလိုနဲ႔ သူ မူးၿပီး(ဖင္တျခမ္းေပၚနဲ႔) အိပ္ေနတဲ့ပံုကို အင္တာနက္ေပၚ တင္လိုက္တယ္ ဘုရား ။ ဘယ္သူတင္လိုက္မွန္းမသိဘူး။
အဲဒါကို တစ္ေယာက္ေယာက္က share လိုက္ေတာ့ သူ႔အေဖဆီ ေရာက္သြားတယ္ ဘုရား ။
သူ႔အေဖလည္း႐ွက္ၿပီးေတာ့ သူ႔ကို ေက်ာင္းထုတ္လိုက္တယ္တဲ့။ မၾကာပါဘူး ဆိုင္ကယ္ ၀ပ္ေ႐ွာ့ က ေကာင္ေလး နဲ႔ ခိုးရာလိုက္ေျပးသြားတယ္ဘုရား။
အင္း ကုလားနဲ႔မဟုတ္လို႔ ေတာ္ေသးတာေပါ့ ဘုရား တဲ့။

တကယ္ေတာ့ ပညာေရးစနစ္က ပ်က္တာမဟုတ္ပါဘူး။ အက်င့္စာရိတၱ မေစာင့္ထိန္းတဲ့ မိမိ တို႔ကသာ ပ်က္ေနၾကတာပါ။

ဦးဇင္း ရဲ႕တပည့္မေလး တစ္ေယာက္ဟာ
၁၀ တန္းအထိအလြန္လိမၼာသိတတ္ပါတယ္။ဒါေပမယ့္ တကၠသိုလ္ ဒုတိယႏွစ္ လဲေရာက္ေရာ
အေပါင္းအသင္းမွားျပီးပ်က္စီးပါေတာ့တယ္။အဲဒီႏွစ္မွာပဲ ေကာင္ေလး နဲ႔ထြက္ေျပးျပီးအိမ္ေထာင္က်သြားတာ
အခုဘဝကိုဆင္းဆင္းရဲရဲရုန္းကန္ေနရျပီးဒုကၡေရာက္ေနပါတယ္။

အျခား တပည့္ေလး တစ္ေယာက္ကေတာ့ တကၠသိုလ္ ဘြဲ႔ ေတာ့မရဘဲ အရက္အတြက္ဘဝကိုေပးဆပ္ေနရတ့ဲ
လူေပလူေတေလးျဖစ္ေနပါတယ္။

၁၀ တန္းမွာဂုဏ္ထူး ၄ ဘာသာ ပါတ့ဲ
နည္းပညာ တကၠသိုလ္ က တပည့္ တစ္ေယာက္လည္း
ဂိမ္းႏွိပ္ ရည္စားထား အေပါင္းသင္း ေတြနဲ႔ေသာက္စားေပ်ာ္ပါးေနလို႔
၂ ႏွစ္ဆက္တိုက္က်ျပီးလမ္းေဘးေရာက္သြားပါတယ္။

အဲဒါေၾကာင့္ ေက်ာင္းသူ ေက်ာင္းသား လူငယ္ေလးေတြ
မိဘေခြ်းနဲ႔ေျခေဆးကာ ဘဝကို မစေတးမိၾကပါေစနဲ႔။

အဲလိုမ်ိဳး မိုက္မိရင္ေတာ့
ဒီ ဘဝ မွာတင္ပဲ ဒုကၡေရာက္ၾကလိမ့္မယ္လို႔
သတိေပးခ်င္လို႔ခုလိုတင္ျပလိုက္တာပါ။

သုခဝိဟာရီ အရွင္ဓမၼာစာရ

Credit : yomalan

[Unicode]
မိဘ ချွေး နဲ့ ခြေဆေး ကာ ဘဝကို မစတေးမိကြစေချင်

ဒီခေတ် လူငယ် အချို့ဟာ မိဘ ချွေး နဲ့ခြေဆေးပြီး
ကိုယ့် ဘဝ ကိုယ် စတေးနေကြသလိုဖြစ်နေတယ်။

အထူးသဖြင့် အချို့ကျောင်းသူ ကျောင်းသား တွေပါပဲ။

မိဘ တွေက ကိုယ့် သားသမီး တွေပညာတတ်ပြီး
ဘဝမှာလူတန်းစေ့နေနိုင်အောင် နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေပြီး
ကျောင်းထားကြရတာများပါတယ်။

ဒါပေမယ့် သားသမီး တွေကတော့ မိဘ တွေကိုမငဲ့ညှာဘဲ
အသိမဲ့စွာအပျော်အပါးမှာပဲနစ်မွန်းနေကြတယ်။

ကျောင်း တွေ တက္ကသိုလ် တွေဟာ အချို့ခေတ် လူငယ် တွေအတွက် ပညာ ရှာရာမဟုတ်ဘဲပျက်စီးရာနေရာလိုဖြစ်နေပါပြီ။

ဒကာ တစ်ယောက်က လျှောက်တယ်။
ခုခေတ် ကျောင်းသူ ကျောင်းသား တွေ မလွယ်ဘူး ဘုရား၊
တက္ကသိုလ်မှာ ပညာသင်တယ်သာ ပြောတာ ဘုရား ၊
အမျိုးမျိုး ပျက်စီးနေကြတာဘုရားတဲ့။

လိုက်ထရပ်ကား နဲ့ အကြိုအပို့လုပ်နေတဲ့ ကားသမား ကို ဘယ်လောက်ပေးမယ်လို့ပြောပြီးတော့ ပြင်ဦးလွင် ကို ပို့ခိုင်းတယ်။ ဟိုမှာ ကဲကြတယ်။ နောက်နေ့ မုံရွာပို့ခိုင်းတယ်။ ကျောင်း မတက်ပဲ အဲလိုတွေ လုပ်နေကြတယ်ဘုရား။

ဒီလမ်းလေးအတိုင်း (ကားမောင်းရင်း ဒကာကညွှန်ပြ) လိုက်သွားရင် ငှက်ပျောတော ရှိတယ် ဘုရား ၊
အဲဒီမှာ ထန်းရည်ရတယ်။
တက္ကသိုလ် ပေါင်းစုံက ကျောင်းသူ တွေ ကျောင်းသားတွေ ထန်းရည် လာသောက်ကြတယ် ဘုရား ။
မိန်းကလေးတွေဆို လူမှန်းသူမှန်းမသိအောင်ကို မူးနေကြတာ။ အန်တဲ့သူက အန်လို့ ဘုရား ။
ပညာရေးကိုသာ အပြစ်တင်နေကြတာ၊
ကိုယ်တိုင်က ပျက်စီးနေကြတယ် ဘုရား ။

တစ်ခါက မိန်းကလေး တစ်ယောက် သူ့ အဖေ ကတော့ ကျောင်း တက်နေတယ်ဆိုပြီး လိုအပ်တာ ထောက်ပံ့ နေတယ်ဘုရား။ သူက ကျောင်းမတက်ပဲ လျှောက်သွား၊ အရက် သောက် ထန်းရည်သောက်နဲ့။
အဲလိုနဲ့ သူ မူးပြီး(ဖင်တခြမ်းပေါ်နဲ့) အိပ်နေတဲ့ပုံကို အင်တာနက်ပေါ် တင်လိုက်တယ် ဘုရား ။ ဘယ်သူတင်လိုက်မှန်းမသိဘူး။
အဲဒါကို တစ်ယောက်ယောက်က share လိုက်တော့ သူ့အဖေဆီ ရောက်သွားတယ် ဘုရား ။
သူ့အဖေလည်းရှက်ပြီးတော့ သူ့ကို ကျောင်းထုတ်လိုက်တယ်တဲ့။ မကြာပါဘူး ဆိုင်ကယ် ဝပ်ရှော့ က ကောင်လေး နဲ့ ခိုးရာလိုက်ပြေးသွားတယ်ဘုရား။
အင်း ကုလားနဲ့မဟုတ်လို့ တော်သေးတာပေါ့ ဘုရား တဲ့။

တကယ်တော့ ပညာရေးစနစ်က ပျက်တာမဟုတ်ပါဘူး။ အကျင့်စာရိတ္တ မစောင့်ထိန်းတဲ့ မိမိ တို့ကသာ ပျက်နေကြတာပါ။

ဦးဇင်း ရဲ့တပည့်မလေး တစ်ယောက်ဟာ
၁၀ တန်းအထိအလွန်လိမ္မာသိတတ်ပါတယ်။ဒါပေမယ့် တက္ကသိုလ် ဒုတိယနှစ် လဲရောက်ရော
အပေါင်းအသင်းမှားပြီးပျက်စီးပါတော့တယ်။အဲဒီနှစ်မှာပဲ ကောင်လေး နဲ့ထွက်ပြေးပြီးအိမ်ထောင်ကျသွားတာ
အခုဘဝကိုဆင်းဆင်းရဲရဲရုန်းကန်နေရပြီးဒုက္ခရောက်နေပါတယ်။

အခြား တပည့်လေး တစ်ယောက်ကတော့ တက္ကသိုလ် ဘွဲ့ တော့မရဘဲ အရက်အတွက်ဘဝကိုပေးဆပ်နေရတဲ့
လူပေလူတေလေးဖြစ်နေပါတယ်။

၁၀ တန်းမှာဂုဏ်ထူး ၄ ဘာသာ ပါတဲ့
နည်းပညာ တက္ကသိုလ် က တပည့် တစ်ယောက်လည်း
ဂိမ်းနှိပ် ရည်စားထား အပေါင်းသင်း တွေနဲ့သောက်စားပျော်ပါးနေလို့
၂ နှစ်ဆက်တိုက်ကျပြီးလမ်းဘေးရောက်သွားပါတယ်။

အဲဒါကြောင့် ကျောင်းသူ ကျောင်းသား လူငယ်လေးတွေ
မိဘချွေးနဲ့ခြေဆေးကာ ဘဝကို မစတေးမိကြပါစေနဲ့။

အဲလိုမျိုး မိုက်မိရင်တော့
ဒီ ဘဝ မှာတင်ပဲ ဒုက္ခရောက်ကြလိမ့်မယ်လို့
သတိပေးချင်လို့ခုလိုတင်ပြလိုက်တာပါ။

သုခဝိဟာရီ အရှင်ဓမ္မာစာရ

Credit : yomalan

Add a Comment

Your email address will not be published. Required fields are marked *