[Zawgyi]ကယ်ကြပါဦးဗျာ ကျွန်တော့်ခေါင်းကအသားပိုကြီးဖြုတ် ပေးကြပါဗျာ ဒုက္ခကြီးလွန်းလို့ပါ ဆိုတဲ့ သနားစရာလူငယ်
( မန္တလေးမြို့ )
[Unicode]ကယ်ကြပါဦးဗျာ ကျွန်တော့်ခေါင်းကအသားပိုကြီးဖြုတ် ပေးကြပါဗျာ ဒုက္ခကြီးလွန်းလို့ပါ ဆိုတဲ့ သနားစရာလူငယ်
ကိုအောင်မျိုးသူရဲ့ဝဋ်ဒုက္ခကလဲမသေးလှပါ မွေးရာပါ
အသားပိုကြီးက တဖြည်းဖြည်းအရမ်းကြီးလာရာ အခု
ခြေထောက်တွေကလဲ မသန်သလိုဖြစ်လာကာ လမ်း
မလျှောက်နိုင်ရှာတော့ပါ။ဧရာဝတီတိုင်း၊မြန်အောင်မြို့
နယ်၊ရွာကလေးတစ်ရွာကမို့ ငွေကြေးကလဲမရှိ၊ကုပေး
မယ့်သူကလဲမရှိတော့ သူ့မှာအနှစ်၂၀ကျော် ဒီဒုက္ခ
အသားပိုကြီးကိုထမ်းပိုးနေရတာ ဒီနေ့အထိပါပဲ။အခု
ကျွန်တော့်ဆီအကူအညီတောင်းလာလို့ ခေါ်ယူပြီးဒီနေ့
ပဲ မန္တလေးဆေးရုံကြီး၊ဦးနှောက်နဲ့အာရုံကြောကုသဌာ
နမှာ ဆေးရုံတင်ပေးလိုက်ပါသည်။သူရဲ့အသားပိုကြီး
ကိုခွဲလို့ရမရဆိုတာဆုံးဖြတ်ဖို့ CTScanတွေ၊သံလိုက်
ဓါတ်တွေရိုက်ဖို့လိုအပ်နေပါသည် ဆေးရုံမှာသက်သာ
ပေမယ့် လူနာများတော့အကြာကြီးစောင့်ရမှာကြောင့်
အပြင်မှာရိုက်ရပါမယ် သုံးသိန်းကျော်လောက်ကုန်ကျ
ပါမယ် နောက်သူကလမ်းမလျှောက်နိုင်လို့ အညစ်
အကြေးစွန့်လို့ရတဲ့ Wheel Chair လေးလဲလိုအပ်နေပါ
တယ် တစ်သိန်းငါးသောင်းလောက်ရှိပါတယ်။တခြား
အထွေထွေနဲ့စားစရိတ်နဲ့ဆိုယင် ၈သိန်းလောက်ကုန်
ကျပါမယ်။ အနှစ်၂၀ကျော်ဝဋ်ကြွေးခံနေရသောသူ့ရဲ့
အသားပိုကြီးခွဲစိတ်ကုသနိုင်ဖို့ အားလုံးဝိုင်းဝန်းကူညီ
ပေးကြပါဦးဗျာ။ ဆက်သွယ်လှုဒါန်းလိုပါက
ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
( မန္တလေးမြို့ )
FACEBOOK VISIT WEBSITE
Add a Comment
Your email address will not be published. Required fields are marked *