ေဒၚေအာင္ဆန္းစုၾကည့္ရဲ႕သားႀကီးေဒၚေအာင္ဆန္းစုၾကည့္ရဲ႕သားႀကီး ျမင့္ဆန္းေအာင္ (Alexander Aris)အေၾကာင္း တေစ့တေစာင္း







[Zawgyi]ေဒၚေအာင္ဆန္းစုၾကည့္ရဲ႕သားႀကီးေဒၚေအာင္ဆန္းစုၾကည့္ရဲ႕သားႀကီး ျမင့္ဆန္းေအာင္ (Alexander Aris)အေၾကာင္း တေစ့တေစာင္း
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဆိုတာ ဘယ္လိုလူမ်ိဳးလဲ၊ ျမန္မာႏိုင္ငံရဲ႕ အခန္းက႑ေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဘယ္ေလာက္ အေရးပါတဲ့ပုဂၢိဳလ္လဲဆိုတာ လူတိုင္းသိၾက၊ စိတ္ဝင္စားၾကေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သားႀကီး Alexander Aris (ေခၚ) ျမင့္ဆန္းေအာင္အေၾကာင္းကိုေတာ့ စိတ္ဝင္စားသူ နည္းပါးၾကပါလိမ့္မယ္ ။ ဧၿပီ(၁၂)ရက္ေန႔ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သားႀကီး Alexander Aris (ေခၚ) ျမင့္ဆန္းေအာင္ရဲ႕ (၄၅)ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမင့္ဆန္းေအာင္ ျဖတ္သန္းခဲ့ရတဲ့ဘ၀ အလွည့္အေျပာင္းေတြ၊ သူ႔ခံစားခ်က္ေတြကို Myanmar Note ရဲ႕ စာဖတ္ပရိသတ္ေတြအတြက္ ေဖာ္ျပလိုက္ပါတယ္..။
“ငယ္စဥ္ဘဝ’’
ေဒၚေအာင္ဆန္းစုၾကည္ဟာ (၁၉၇၂) ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွာ ေဒါက္တာ မိုက္ကယ္အဲရစ္ နဲ႔ လက္ထပ္ထိမ္းျမားခဲ့ၿပီး Alexander Aris (ေခၚ) ျမင့္ဆန္းေအာင္ နဲ႔ Kim Aris (ေခၚ) ထိန္လင္း ဆိုၿပီး သားႏွစ္ေယာက္ထြန္းကားခဲ့ပါတယ္။ အလက္ဇန္းဒါးအဲရစ္(Alexander Aris) ျမန္မာနာမည္ ျမင့္ဆန္းေအာင္ ကို လန္ဒန္ၿမိဳ႕ ၊ (၁၉၇၃)ခုႏွစ္၊ ဧၿပီလ (၁၂) ရက္ ၾကာသပေတးေန႔မွာ ေမြးဖြားခဲ့ၿပီး သူ႔ရဲ႕႐ုပ္ရည္သြင္ျပင္ကေတာ့ အဖိုးျဖစ္သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မ်က္ႏွာေပါက္နဲ႔ဆင္တူၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလို ေခါင္းမာသူတစ္ဦးလည္း ျဖစ္ပါတယ္။
“ပညာေရး’’
ပညာေရးကို ေအာက္စ္ဖိုဒ္ၿမိဳ႕ရွိ ပုဂၢလိက ေက်ာင္းႏွစ္ခုျဖစ္တဲ့ အဂၤလန္ေတာင္ပိုင္းက နဂါးေက်ာင္း နဲ႔ မဂ္ဒါလန္ ေကာလိပ္ေက်ာင္းမွာ တက္ေရာက္ခဲ့ၿပီး၊ တကၠသိုလ္ပညာရပ္ေတြကိုေတာ့ အေမရိကန္မွာ တက္ေရာက္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွာ အခ်ိန္ပိုင္း အလုပ္နဲ႔ ေငြရွာရင္း ေက်ာင္းတက္ခဲ့သူပါ။ အေမရိကန္အစိုးရရဲ႕ ကူညီေထာက္ပံံ့မႈေတြကို လက္ခံျခင္း မရွိသလို သိုသိုသိပ္သိပ္ ေနထိုင္တတ္သူလည္း ျဖစ္ပါတယ္။ မိခင္ျဖစ္သူ ျမန္မာႏိုင္ငံမွာ အက်ဥ္းက်ေနစဥ္ အတြင္းမွာပဲ Northern Illinois University ကေန Mathematical ဘာသာနဲ႔ B.Sc ဘြဲ႕ရရွိခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္သားျဖစ္လို႔ အလြယ္တကူ ေက်ာင္းတက္ႏိုင္ေပမယ့္ အေမ့အမည္ကို မသုံးဘဲ အလုပ္ၾကမ္းမ်ိဳးစုံကို လုပ္ရင္း ကထိကျဖစ္လာခဲ့သူ တစ္ဦးပါ။
“အလုပ္အကိုင္’’
MSc in Mathematical Sciences Northern Illinois တကၠသိုလ္မွာ ကထိကအေနနဲ႔ ပညာသင္ၾကားသူ ဆရာအျဖစ္ လုပ္ကိုင္ေနၿပီး အေမရိကန္သီတဂူ ေအာ္စတင္ ဗုဒၶဝိဟာရီမွာ လည္း ကမၼဌာန္းနည္းျပအျဖစ္ ကူညီေပးေနပါတယ္။
“မိခင္ကိုယ္စား လက္ခံရယူခဲ့တဲ့ ဆုတံဆိပ္’’
(၁၉၉၁) ခုႏွစ္မွာ မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု ရရွိခဲ့ေပမယ့္ ေနအိမ္အက်ယ္ခ်ဳပ္ေၾကာင့္ လူကိုယ္တိုင္ တက္ေရာက္ရယူႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ သားျဖစ္သူ ျမင့္ဆန္းေအာင္ နဲ႔ ထိန္လင္းတို႔က မိခင္ျဖစ္သူကိုယ္စား တက္ေရာက္ ရယူခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က သားႀကီးျမင့္ဆန္းေအာင္က အသက္(၁၈)ႏွစ္ရွိပါၿပီ။ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ဆုေၾကး အေမရိကန္ေဒၚလာ ၁.၃သန္းကို ျမန္မာလူမ်ိဳးေတြအတြက္ ပညာေရး နဲ႔ က်န္းမာေရးက႑ေတြမွာ အသုံးျပဳဖို႔ ရန္ပုံေငြ မတည္ထူေထာင္ခဲ့ပါတယ္။ မိခင္ျဖစ္သူ တက္ေရာက္ မရယူႏိုင္ခဲ့တဲ့ ဆုေတြထဲက တခ်ိဳ႕ကို သားႀကီးျဖစ္တဲ့ ျမင့္ဆန္းေအာင္ကေန တက္ေရာက္ ရယူခဲ့တာေတြကေတာ့ ႏိုင္ငံတကာ လူ႔အခြင့္အေရး ဥပေဒအဖြဲ႕၏ ဆု၊ အိုလံပစ္မီးရႈးတိုင္အား စပိန္ႏိုင္ငံသို႔ ေရာက္ရွိလာရာတြင္ ႀကိဳဆိုခဲ့ျခင္း နဲ႔ လြတ္လပ္ေရးသမၼတဆု တို႔ပဲ ျဖစ္ပဲျဖစ္ပါတယ္။
“မိခင္ကိုစိတ္နာခဲ့သူ’’
မိခင္ျဖစ္သူေဒၚေအာင္ဆန္းစုၾကည္နဲ႔ (၁၉၉၅) ခုႏွစ္က ေတြ႕ဆုံခ်ိန္ ျမန္မာႏိုင္ငံကေန ထြက္ခြာၿပီး မိသားစုနဲ႔ အတူေနဖို႔ ေတာင္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ မိခင္ျဖစ္သူေဒၚေအာင္ဆန္းစုၾကည္က ဖခင္ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ မၿပီးဆုံးခဲ့တဲ့ ျမန္မာႏိုင္ငံ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးအတြက္ ဆက္လက္ေဆာင္႐ႊက္ဖို႔ တာဝန္ရွိတယ္ ေျပာဆိုၿပီး သားျဖစ္သူရဲ႕ဆႏၵကို ျငင္းဆိုခဲ့တာေၾကာင့္ မိခင္ကို စိတ္နာတဲ့ခံစားခ်က္နဲ႔ အေမရိကန္ႏိုင္ငံကို ထြက္ခြာခဲ့သူျဖစ္ပါတယ္။
တစ္ကယ္ေတာ့ မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က ဖခင္မိုက္ကယ္အဲရစ္ကို လက္ခံခဲ့စဥ္ကတည္းက “သေဘာတူညီမႈ” တခုနဲ႔ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ မိုက္ကယ္အဲရစ္က ေဒၚေအာင္ဆန္းစုၾကည္ကို လက္ထပ္ခြင့့္ပန္တုန္းက “က်မရဲ႕ျပည္သူေတြက…က်မကို လိုအပ္လာတဲ့အခါမွာ .. တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ႏိုင္ဖို႔ …ခြင့္ျပဳေပးႏိုင္မလား” ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္က ေဒါက္တာ မိုက္ကယ္အဲရစ္ကို ေျပာခဲ့တာေလးပါ။
“ကံဆိုးမိုးေမွာင္က်ခဲ့ရသူ’’
တကယ္ေတာ့ ျမင့္ဆန္းေအာင္ နဲ႔ ထိန္လင္း တို႔ညီအစ္ကိုႏွစ္ေယာက္ဟာ အ႐ြယ္နဲ႔မမွ် ေအာင္ ဒုကၡေတြခံစားခဲ့ရတာပါ။ (၁၉၈၈) ခုႏွစ္မွာ အဘြားေဒၚခင္ၾကည္ ေနမေကာင္းလို႔ ျပဳစုဖို႔ဆိုၿပီး မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာႏိုင္ငံကို ျပန္တဲ့အခါမွာ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ ခဏပဲလို႔ထင္ထားခဲ့ၿပီး သူ႔တို႔အေမျပန္လာလိမ့္မယ္လို႔ ထင္ထားခဲ့ၾကတာပါ။ အဲ့ဒီအခ်ိန္က ျမင့္ဆန္းေအာင္အသက္က(၁၅)ႏွစ္ နဲ႔ ထိန္လင္းအသက္က (၁၁)ႏွစ္ရွိေနခဲ့ပါၿပီ။ မိခင္ေနအိမ္အက်ယ္ခ်ဳပ္ က်ခံရၿပီးေနာက္ပိုင္း (၁၉၈၉) ခုႏွစ္မွာ ျမန္မာႏိုင္ငံစစ္အစိုးရက ျမင့္ဆန္းေအာင္ နဲ႔ ညီျဖစ္သူ ေမာင္ထိန္လင္းတို႔ကို ျမန္မာႏိုင္ငံသားအျဖစ္က ပယ္ဖ်က္ခဲ့ပါတယ္။
မိခင္မရွိေတာ့တဲ့ေနာက္ပိုင္း ဖခင္မိုက္ကယ္အဲရစ္က သူတို႔ညီအစ္ကိုႏွစ္ေယာက္အတြက္ အေဖလည္းသူ၊ အေမလည္းသူဆိုတဲ့ အေနအထားနဲ႔ ျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္။ ေရနစ္သူဝါးကူထိုးဆိုသလို ေနာက္ထပ္ ကံဆိုးမိုးေမွာင္က်လာရတာကေတာ့ (၁၉၉၇) ခုႏွစ္မွာ ဖခင္မိုက္ကယ္အဲရစ္ဟာ ကင္ဆာေရာဂါျဖစ္ေနၿပီဆိုတာ သိလိုက္ရေတာ့တာပါပဲ။ အေမျဖစ္သူက ျမန္မာႏိုင္ငံမွာ ေနအိမ္ အက်ယ္ခ်ဳပ္က်ေနသူ။ ဖခင္ျဖစ္သူက ကုမရေတာ့တဲ့ ကင္ဆာေရာဂါရေနသူ။ ေက်ာင္းကတစ္ဖက္ ဘယ္ေလာက္ဒုကၡေရာက္ၿပီး အားငယ္ခဲ့ရမလဲဆိုတာ ေတြးၾကည့္႐ုံနဲ႔ သိႏိုင္ပါတယ္။ ၁၉၉၉ ခုႏွစ္မွာ ဖခင္မိုက္ကယ္အဲရစ္ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့ရာက မိဘမဲ့ဘဝကို ေရာက္သြားၾကရပါတယ္။ အဂၤလန္ႏိုင္ငံ ေအာက္စဖို႔ဒ္ေျမာက္ပိုင္း Park Town က အိမ္ႀကီးကိုလည္း ေနာက္ေတာ့ ေရာင္းပစ္လိုက္ရပါတယ္။ သားႀကီးျဖစ္တဲ့ ျမင့္ဆန္းေအာင္ဟာ မိသားစုတကြဲတျပားေနရလို႔ ဒုကၡေရာက္ေနတာေတာင္ သူ႔အေမနာမည္သုံးၿပီး ေငြမရွာခဲ့ဘဲ အလြန္ၾကမ္းတမ္းတဲ့ လက္သမားအလုပ္ကို လုပ္ကိုင္ခဲ့ဖူးသူပါ။
“ျပန္လည္ဆုံေတြ႕’’
(၁၉၉၉) ခုႏွစ္မွာ ဖခင္ျဖစ္သူ ေသဆုံးၿပီးေနာက္ပိုင္း ျမင့္ဆန္းေအာင္ဟာ မိခင္ျဖစ္သူရွိရာ ျမန္မာႏိုင္ငံကို သြားေရာက္ေတြ႕ဆုံခဲ့ပါေသးတယ္။ မိခင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ (၂၀၁၁) ခုႏွစ္ ေနအိမ္အက်ယ္ခ်ဳပ္က ျပန္လည္ လြတ္ေျမာက္လာၿပီးတဲ့အခါမွာေတာ့ ဒီေန႔အခ်ိန္ထိ သားႀကီးျဖစ္သူ ျမင့္ဆန္းေအာင္ နဲ႔ ဆုံေတြ႕ရျခင္း မရွိေသးဘဲ သားငယ္ျဖစ္သူ ထိန္လင္းနဲ႔သာ ဆုံေတြ႕ရပါေသးတယ္။
(၂၀၁၆) ခုႏွစ္ ၊ စက္တင္ဘာလ (၁၀)ရက္ေန႔က ေဒၚခ်က္စတာဟိုတယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ သားငယ္ျဖစ္သူ ထိန္လင္း (ခ) Kim Aris နဲ႔ေတြ႕ဆုံခဲ့ၿပီး ေျမးႏွစ္ေယာက္ကို ခ်စ္ျမတ္ႏိုးစြာ ေပြ႕ဖက္လိုက္တဲ့ျမင္ကြင္းဟာ ျမင္ရသူတိုင္း ပီတိနဲ႔ မ်က္ရည္စို႔ခဲ့ရပါတယ္။
မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးတစ္ခုမွာ .. သားႀကီးျဖစ္သူ ျမင့္ဆန္းေအာင္က “သူ ငယ္႐ႊယ္စဥ္က အထင္လြဲ မွားမႈေတြ၊ တာဝန္မဲ့ခဲ့မႈေတြအတြက္ ျပန္စဥ္းစားမိတိုင္း ျမန္မာျပည္သူေတြအေပၚ အားနာမိလို႔ ေျပာစရာစကားလုံးေတာင္ မရွိသလို အေမျဖစ္သူကို ေတြ႕ခ်င္ေပမယ့္ ျမန္မာျပည္လာဖို႔ အေမျဖစ္သူေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာႏိုင္ငံကို လြန္စြာရွက္မိၿပီး မဝံ့မရဲ ျဖစ္ခဲ့ရတယ္လို႔ ’’ ေျပာခဲ့ဘူးပါတယ္.။
Credit : H.H
FACEBOOK VISIT WEBSITE
[Unicode]ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားကြီးဒေါ်အောင်ဆန်းစုကြည့်ရဲ့သားကြီး မြင့်ဆန်းအောင် (Alexander Aris)အကြောင်း တစေ့တစောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လောက် အရေးပါတဲ့ပုဂ္ဂိုလ်လဲဆိုတာ လူတိုင်းသိကြ၊ စိတ်ဝင်စားကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး Alexander Aris (ခေါ်) မြင့်ဆန်းအောင်အကြောင်းကိုတော့ စိတ်ဝင်စားသူ နည်းပါးကြပါလိမ့်မယ် ။ ဧပြီ(၁၂)ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး Alexander Aris (ခေါ်) မြင့်ဆန်းအောင်ရဲ့ (၄၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် မြင့်ဆန်းအောင် ဖြတ်သန်းခဲ့ရတဲ့ဘ၀ အလှည့်အပြောင်းတွေ၊ သူ့ခံစားချက်တွေကို Myanmar Note ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်..။
“ငယ်စဉ်ဘဝ’’
ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၉၇၂) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ ဒေါက်တာ မိုက်ကယ်အဲရစ် နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး Alexander Aris (ခေါ်) မြင့်ဆန်းအောင် နဲ့ Kim Aris (ခေါ်) ထိန်လင်း ဆိုပြီး သားနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ အလက်ဇန်းဒါးအဲရစ်(Alexander Aris) မြန်မာနာမည် မြင့်ဆန်းအောင် ကို လန်ဒန်မြို့ ၊ (၁၉၇၃)ခုနှစ်၊ ဧပြီလ (၁၂) ရက် ကြာသပတေးနေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ရုပ်ရည်သွင်ပြင်ကတော့ အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာပေါက်နဲ့ဆင်တူပြီး ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းမာသူတစ်ဦးလည်း ဖြစ်ပါတယ်။
“ပညာရေး’’
ပညာရေးကို အောက်စ်ဖိုဒ်မြို့ရှိ ပုဂ္ဂလိက ကျောင်းနှစ်ခုဖြစ်တဲ့ အင်္ဂလန်တောင်ပိုင်းက နဂါးကျောင်း နဲ့ မဂ်ဒါလန် ကောလိပ်ကျောင်းမှာ တက်ရောက်ခဲ့ပြီး၊ တက္ကသိုလ်ပညာရပ်တွေကိုတော့ အမေရိကန်မှာ တက်ရောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ အချိန်ပိုင်း အလုပ်နဲ့ ငွေရှာရင်း ကျောင်းတက်ခဲ့သူပါ။ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံံ့မှုတွေကို လက်ခံခြင်း မရှိသလို သိုသိုသိပ်သိပ် နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူ မြန်မာနိုင်ငံမှာ အကျဉ်းကျနေစဉ် အတွင်းမှာပဲ Northern Illinois University ကနေ Mathematical ဘာသာနဲ့ B.Sc ဘွဲ့ရရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သားဖြစ်လို့ အလွယ်တကူ ကျောင်းတက်နိုင်ပေမယ့် အမေ့အမည်ကို မသုံးဘဲ အလုပ်ကြမ်းမျိုးစုံကို လုပ်ရင်း ကထိကဖြစ်လာခဲ့သူ တစ်ဦးပါ။
“အလုပ်အကိုင်’’
MSc in Mathematical Sciences Northern Illinois တက္ကသိုလ်မှာ ကထိကအနေနဲ့ ပညာသင်ကြားသူ ဆရာအဖြစ် လုပ်ကိုင်နေပြီး အမေရိကန်သီတဂူ အော်စတင် ဗုဒ္ဓဝိဟာရီမှာ လည်း ကမ္မဌာန်းနည်းပြအဖြစ် ကူညီပေးနေပါတယ်။
“မိခင်ကိုယ်စား လက်ခံရယူခဲ့တဲ့ ဆုတံဆိပ်’’
(၁၉၉၁) ခုနှစ်မှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်ကြောင့် လူကိုယ်တိုင် တက်ရောက်ရယူနိုင်ခြင်း မရှိခဲ့တာကြောင့် သားဖြစ်သူ မြင့်ဆန်းအောင် နဲ့ ထိန်လင်းတို့က မိခင်ဖြစ်သူကိုယ်စား တက်ရောက် ရယူခဲ့ပါတယ်။ အဲ့ဒီအချိန်က သားကြီးမြင့်ဆန်းအောင်က အသက်(၁၈)နှစ်ရှိပါပြီ။ ငြိမ်းချမ်းရေးနိုဘယ်ဆု ဆုကြေး အမေရိကန်ဒေါ်လာ ၁.၃သန်းကို မြန်မာလူမျိုးတွေအတွက် ပညာရေး နဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုဖို့ ရန်ပုံငွေ မတည်ထူထောင်ခဲ့ပါတယ်။ မိခင်ဖြစ်သူ တက်ရောက် မရယူနိုင်ခဲ့တဲ့ ဆုတွေထဲက တချို့ကို သားကြီးဖြစ်တဲ့ မြင့်ဆန်းအောင်ကနေ တက်ရောက် ရယူခဲ့တာတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအဖွဲ့၏ ဆု၊ အိုလံပစ်မီးရှုးတိုင်အား စပိန်နိုင်ငံသို့ ရောက်ရှိလာရာတွင် ကြိုဆိုခဲ့ခြင်း နဲ့ လွတ်လပ်ရေးသမ္မတဆု တို့ပဲ ဖြစ်ပဲဖြစ်ပါတယ်။
“မိခင်ကိုစိတ်နာခဲ့သူ’’
မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၉၉၅) ခုနှစ်က တွေ့ဆုံချိန် မြန်မာနိုင်ငံကနေ ထွက်ခွာပြီး မိသားစုနဲ့ အတူနေဖို့ တောင်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်က ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ မပြီးဆုံးခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ဆက်လက်ဆောင်ရွှက်ဖို့ တာဝန်ရှိတယ် ပြောဆိုပြီး သားဖြစ်သူရဲ့ဆန္ဒကို ငြင်းဆိုခဲ့တာကြောင့် မိခင်ကို စိတ်နာတဲ့ခံစားချက်နဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့သူဖြစ်ပါတယ်။
တစ်ကယ်တော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဖခင်မိုက်ကယ်အဲရစ်ကို လက်ခံခဲ့စဉ်ကတည်းက “သဘောတူညီမှု” တခုနဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုက်ကယ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ထပ်ခွင့်ပန်တုန်းက “ကျမရဲ့ပြည်သူတွေက…ကျမကို လိုအပ်လာတဲ့အခါမှာ .. တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ဖို့ …ခွင့်ပြုပေးနိုင်မလား” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာ မိုက်ကယ်အဲရစ်ကို ပြောခဲ့တာလေးပါ။
“ကံဆိုးမိုးမှောင်ကျခဲ့ရသူ’’
တကယ်တော့ မြင့်ဆန်းအောင် နဲ့ ထိန်လင်း တို့ညီအစ်ကိုနှစ်ယောက်ဟာ အရွယ်နဲ့မမျှ အောင် ဒုက္ခတွေခံစားခဲ့ရတာပါ။ (၁၉၈၈) ခုနှစ်မှာ အဘွားဒေါ်ခင်ကြည် နေမကောင်းလို့ ပြုစုဖို့ဆိုပြီး မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်တဲ့အခါမှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ခဏပဲလို့ထင်ထားခဲ့ပြီး သူ့တို့အမေပြန်လာလိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။ အဲ့ဒီအချိန်က မြင့်ဆန်းအောင်အသက်က(၁၅)နှစ် နဲ့ ထိန်လင်းအသက်က (၁၁)နှစ်ရှိနေခဲ့ပါပြီ။ မိခင်နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက်ပိုင်း (၁၉၈၉) ခုနှစ်မှာ မြန်မာနိုင်ငံစစ်အစိုးရက မြင့်ဆန်းအောင် နဲ့ ညီဖြစ်သူ မောင်ထိန်လင်းတို့ကို မြန်မာနိုင်ငံသားအဖြစ်က ပယ်ဖျက်ခဲ့ပါတယ်။
မိခင်မရှိတော့တဲ့နောက်ပိုင်း ဖခင်မိုက်ကယ်အဲရစ်က သူတို့ညီအစ်ကိုနှစ်ယောက်အတွက် အဖေလည်းသူ၊ အမေလည်းသူဆိုတဲ့ အနေအထားနဲ့ ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ ရေနစ်သူဝါးကူထိုးဆိုသလို နောက်ထပ် ကံဆိုးမိုးမှောင်ကျလာရတာကတော့ (၁၉၉၇) ခုနှစ်မှာ ဖခင်မိုက်ကယ်အဲရစ်ဟာ ကင်ဆာရောဂါဖြစ်နေပြီဆိုတာ သိလိုက်ရတော့တာပါပဲ။ အမေဖြစ်သူက မြန်မာနိုင်ငံမှာ နေအိမ် အကျယ်ချုပ်ကျနေသူ။ ဖခင်ဖြစ်သူက ကုမရတော့တဲ့ ကင်ဆာရောဂါရနေသူ။ ကျောင်းကတစ်ဖက် ဘယ်လောက်ဒုက္ခရောက်ပြီး အားငယ်ခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဖခင်မိုက်ကယ်အဲရစ် ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရာက မိဘမဲ့ဘဝကို ရောက်သွားကြရပါတယ်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြောက်ပိုင်း Park Town က အိမ်ကြီးကိုလည်း နောက်တော့ ရောင်းပစ်လိုက်ရပါတယ်။ သားကြီးဖြစ်တဲ့ မြင့်ဆန်းအောင်ဟာ မိသားစုတကွဲတပြားနေရလို့ ဒုက္ခရောက်နေတာတောင် သူ့အမေနာမည်သုံးပြီး ငွေမရှာခဲ့ဘဲ အလွန်ကြမ်းတမ်းတဲ့ လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူပါ။
“ပြန်လည်ဆုံတွေ့’’
(၁၉၉၉) ခုနှစ်မှာ ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း မြင့်ဆန်းအောင်ဟာ မိခင်ဖြစ်သူရှိရာ မြန်မာနိုင်ငံကို သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (၂၀၁၁) ခုနှစ် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီးတဲ့အခါမှာတော့ ဒီနေ့အချိန်ထိ သားကြီးဖြစ်သူ မြင့်ဆန်းအောင် နဲ့ ဆုံတွေ့ရခြင်း မရှိသေးဘဲ သားငယ်ဖြစ်သူ ထိန်လင်းနဲ့သာ ဆုံတွေ့ရပါသေးတယ်။
(၂၀၁၆) ခုနှစ် ၊ စက်တင်ဘာလ (၁၀)ရက်နေ့က ဒေါ်ချက်စတာဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ်ဖြစ်သူ ထိန်လင်း (ခ) Kim Aris နဲ့တွေ့ဆုံခဲ့ပြီး မြေးနှစ်ယောက်ကို ချစ်မြတ်နိုးစွာ ပွေ့ဖက်လိုက်တဲ့မြင်ကွင်းဟာ မြင်ရသူတိုင်း ပီတိနဲ့ မျက်ရည်စို့ခဲ့ရပါတယ်။
မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ .. သားကြီးဖြစ်သူ မြင့်ဆန်းအောင်က “သူ ငယ်ရွှယ်စဉ်က အထင်လွဲ မှားမှုတွေ၊ တာဝန်မဲ့ခဲ့မှုတွေအတွက် ပြန်စဉ်းစားမိတိုင်း မြန်မာပြည်သူတွေအပေါ် အားနာမိလို့ ပြောစရာစကားလုံးတောင် မရှိသလို အမေဖြစ်သူကို တွေ့ချင်ပေမယ့် မြန်မာပြည်လာဖို့ အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံကို လွန်စွာရှက်မိပြီး မဝံ့မရဲ ဖြစ်ခဲ့ရတယ်လို့ ’’ ပြောခဲ့ဘူးပါတယ်.။
Credit : H.H
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *