” တရားေဟာတာ ဘက္မလိုက္ ပါနဲ႔ ” 😁


[Zawgyi]” တရားေဟာတာ ဘက္မလိုက္ ပါနဲ႔ ” 😁
တစ္ေန႔သ၌ ေက်ာင္းဒကာမ အပ်ိဳႀကီး မတင္ေရႊသည္ဦးသာေက်ာင္းသို႔ ဆြမ္းပို႔ လာ၏ ။
တစ္ရြာထဲ လည္းျဖစ္ ေဆြမ်ိဴး နီးစပ္လည္း ေတာ္သျဖင့္ဦးသာတို႔ ေက်ာင္းသို႔ အေရာက္ အေပါက္ မ်ားသလို ရင္နီးမႈလည္း ရွိေလသည္။
မတင္ေရႊ ဆြမ္းကပ္ၿပီးေနာက္ ဦးသာအား ေလွ်ာက္ေလ၏ ။
” ဦးဇင္းတို႔က တရားေဟာတာ ဘက္လိုက္တယ္ ”
” ဟင္ ဘာျဖစ္လို႔လဲ ??? ”
” ဘာျဖစ္ရ မွာလဲ ဦးဇင္းတို႔ ေဟာလိုက္ရင္တစ္ခါ လာလည္း မိဘ ေက်းဇူးတစ္ခါ လာလည္း မိဘ ေက်းဇူးမိဘ ေက်းဇူး ဆပ္ရမယ္ပဲ ေဟာေနတာ … ”
” အဲဒါ ဟုတ္တယ္ေလ မိဘေက်းဇူး မႀကီးဘူးလား ။ ”
” မိဘ ေက်းဇူးႀကီးတာ ဟုတ္ပါတယ္ ဘုရားဒါေပမယ့္ မိဘ ဝတၱရားေလးလည္း ထည့္ေဟာေပး ပါအံုးးး ဘုရာ့ ”
” ဘာျဖစ္လို႔ တုန္း ဗ်ာ့ ”
” ဘာျဖစ္ရ မွာလည္း ဘုရားအျပင္က မိဘေတြက ႐ုပ္ရွင္ေတြ ထဲက မိဘေတြ ေလာက္ တာဝန္ မေက်ဘူး ဘုရာ့ ”
” ဘေၾကာင့္တုန္း မတင္ေရႊရ ??? ”
” ဟုတ္တယ္ေလ ဦးဇင္းကလည္း႐ုပ္ရွင္ထဲ မွာဆို သားသမီးေတြကအခ်ိန္တန္ အရြယ္ေရာက္လို႔ အိမ္ေထာင္ မျပဳရင္မိဘေတြက စီစဥ္ ေပးတယ္အျပင္မွာ ၾကေတာ့ အဲလိုလဲ မဟုတ္ဘူး ဘုရာ့ ”
” ဟင္ ….. ”
” မဟင္နဲ႔ဦးဇင္းလည္း မိဘ ေက်းဇူး ခ်ည္းပဲ ေဟာ မေနနဲ႔အံုးးးမိဘ ဝတၱရားေလး ဘာေလးလည္း ေဟာေပးအံုးးဘုရားေဟာထဲမွာ ပါတယ္ေလ ဘုရာ့ ၊မိဘဝတၱရားငါးပါး- မေကာင္းျမစ္တား ၊ ေကာင္းရာ ၫႊန္လတ္၊အတတ္သင္ေစ၊ ေပးေဝႏွီးရင္း၊ထိမ္းျမားျခင္းလွ်င္၊ ဝတ္ငါးအင္ဖခင္မယ္တို႔တာ – ဆိုတာ ပါတယ္ေလ … ”
” ပါ ပါ တယ္ မတင္ေရႊ … ”
” အဲဒီထဲက ေနာက္ဆံုး ဝတၱရား ျဖစ္တဲ့ထိမ္းျမားျခင္းလွ်င္ – ကိုအက်ယ္တ၀င့္ ေဟာ ေဟာ ေပးပါ ဘုရားအရွင္ဘုရားတို႔ တရားေဟာတာ ဘက္မလိုက္ ပါနဲ႔ ”
” ဟုတ္ ဟုတ္ မလိုက္ပါဘူးဗ်ာအခြင့္အခါသင့္ရင္ ေဟာေပးပါ့မယ္ ”
” ဒါဆို တပည့္ေတာ္ကို ခြင့္ျပဳပါအံုး ဘုရား ”
” ေကာင္း ေကာင္း ေကာင္းပါၿပီဗ်ာ ”
မတင္ေရႊ သူေလွ်ာက္ခ်င္တာ ေလွ်ာက္ၿပီးငိုက္စိုက္ ငိုက္စိုက္ႏွင့္ ေက်ာင္းေပၚမွဆင္းသြားေတာ့သည္။😒😒😒😒
😁😁😁Credit : ဦးသာ – Ashin SasanaFACEBOOK VISIT WEBSITE
[Unicode]” တရားဟောတာ ဘက်မလိုက် ပါနဲ့ ” 😁
တစ်နေ့သ၌ ကျောင်းဒကာမ အပျိုကြီး မတင်ရွှေသည်ဦးသာကျောင်းသို့ ဆွမ်းပို့ လာ၏ ။
တစ်ရွာထဲ လည်းဖြစ် ဆွေမျိူး နီးစပ်လည်း တော်သဖြင့်ဦးသာတို့ ကျောင်းသို့ အရောက် အပေါက် များသလို ရင်နီးမှုလည်း ရှိလေသည်။
မတင်ရွှေ ဆွမ်းကပ်ပြီးနောက် ဦးသာအား လျှောက်လေ၏ ။
” ဦးဇင်းတို့က တရားဟောတာ ဘက်လိုက်တယ် ”
” ဟင် ဘာဖြစ်လို့လဲ ??? ”
” ဘာဖြစ်ရ မှာလဲ ဦးဇင်းတို့ ဟောလိုက်ရင်တစ်ခါ လာလည်း မိဘ ကျေးဇူးတစ်ခါ လာလည်း မိဘ ကျေးဇူးမိဘ ကျေးဇူး ဆပ်ရမယ်ပဲ ဟောနေတာ … ”
” အဲဒါ ဟုတ်တယ်လေ မိဘကျေးဇူး မကြီးဘူးလား ။ ”
” မိဘ ကျေးဇူးကြီးတာ ဟုတ်ပါတယ် ဘုရားဒါပေမယ့် မိဘ ဝတ္တရားလေးလည်း ထည့်ဟောပေး ပါအုံးးး ဘုရာ့ ”
” ဘာဖြစ်လို့ တုန်း ဗျာ့ ”
” ဘာဖြစ်ရ မှာလည်း ဘုရားအပြင်က မိဘတွေက ရုပ်ရှင်တွေ ထဲက မိဘတွေ လောက် တာဝန် မကျေဘူး ဘုရာ့ ”
” ဘကြောင့်တုန်း မတင်ရွှေရ ??? ”
” ဟုတ်တယ်လေ ဦးဇင်းကလည်းရုပ်ရှင်ထဲ မှာဆို သားသမီးတွေကအချိန်တန် အရွယ်ရောက်လို့ အိမ်ထောင် မပြုရင်မိဘတွေက စီစဉ် ပေးတယ်အပြင်မှာ ကြတော့ အဲလိုလဲ မဟုတ်ဘူး ဘုရာ့ ”
” ဟင် ….. ”
” မဟင်နဲ့ဦးဇင်းလည်း မိဘ ကျေးဇူး ချည်းပဲ ဟော မနေနဲ့အုံးးးမိဘ ဝတ္တရားလေး ဘာလေးလည်း ဟောပေးအုံးးဘုရားဟောထဲမှာ ပါတယ်လေ ဘုရာ့ ၊မိဘဝတ္တရားငါးပါး- မကောင်းမြစ်တား ၊ ကောင်းရာ ညွှန်လတ်၊အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်ဖခင်မယ်တို့တာ – ဆိုတာ ပါတယ်လေ … ”
” ပါ ပါ တယ် မတင်ရွှေ … ”
” အဲဒီထဲက နောက်ဆုံး ဝတ္တရား ဖြစ်တဲ့ထိမ်းမြားခြင်းလျှင် – ကိုအကျယ်တဝင့် ဟော ဟော ပေးပါ ဘုရားအရှင်ဘုရားတို့ တရားဟောတာ ဘက်မလိုက် ပါနဲ့ ”
” ဟုတ် ဟုတ် မလိုက်ပါဘူးဗျာအခွင့်အခါသင့်ရင် ဟောပေးပါ့မယ် ”
” ဒါဆို တပည့်တော်ကို ခွင့်ပြုပါအုံး ဘုရား ”
” ကောင်း ကောင်း ကောင်းပါပြီဗျာ ”
မတင်ရွှေ သူလျှောက်ချင်တာ လျှောက်ပြီးငိုက်စိုက် ငိုက်စိုက်နှင့် ကျောင်းပေါ်မှဆင်းသွားတော့သည်။😒😒😒😒
😁😁😁Credit : ဦးသာ – Ashin SasanaFACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *