





[Zawgyi]ဖြိုးလေးနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဝါဆိုမိုးဦး
[Unicode]ဖြိုးလေးနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဝါဆိုမိုးဦး
သရုပ်ဆောင် ဝါဆိုမိုးဦးတစ်ယောက်ကတော့ အဆိုတော်ဖြိုးလေးနဲ့ ပြတ်သွားပြီလို့ ကြေညာလိုက်ပါတယ်။ စိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့် သူမဘက်က ဖြတ်လိုက်တာဖြစ်တဲ့အကြောင်း ဝါဆိုမိုးဦးရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မနေ့က ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။
ဒီနေ့ကစပြီး ကိုဖြိုးလေး နဲ့ဝါဆို လမ်းခွဲလိုက်ပါပြီ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ပါ ဝါဆိုဘက်က ပြတ်သွားပါပြီ ဆိုပြီး ရေးသားထားတာပါ။ သူတို့နှစ်ယောက်က ၂ဝ၁၅ လောက်တည်းက တွဲလာကြတာဖြစ်ပြီး ခုတော့ လမ်းဆုံးသွာတာပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်က မကြာသေးခင် ရက်အနည်းငယ်ကအထိ အတူရှိနေခဲ့ကြပြီး ပရဟိတတစ်ခုကိုလည်း အတူတူလုပ်ခဲ့ကြပါသေးတယ်။ ဖြိုးလေးရဲ့ ဖေ့စ်ဘွက်မှာလည်း စုံတွဲပရိုဖိုင်ကတော့ရှိနေဆဲဖြစ်တာကို တွေ့ရပါတယ်။
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *