ဒူးရင္း ၀ယ္ တဲ့ အခါ ဒီ အခ်က္(၃)ခ်က္ ကို ၾကည့္ၿပီးေ ရြး ၀ယ္ ပါ။

[Zawgyi]
ဒူးရင္း ၀ယ္ တဲ့ အခါ ဒီ အခ်က္(၃)ခ်က္ ကို ၾကည့္ၿပီးေ ရြး ၀ယ္ ပါ။

ဒူးရင္းသီးဝယ္တိုင္းအဆင္မေျပလို႕ဒူးရင္းသီးဝယ္ရင္ဘယ္လိုႀကည့္ဝယ္ရတာလဲေမးလာလို႕

ဒူးရင္းသီး ဘယ္လုိေရြးမလဲ

ဒူးရင္း၀ယ္တဲ့အခါ အခ်က္(၃)ခ်က္ကို ၾကည့္ၿပီးေရြး၀ယ္ပါ။

(၁) ဒူးရင္းသီးရဲ႕ဆူးေတြဟာတိုေနရပါမယ္။

(၂) ဒူးရင္းသီးရဲ႕ ဆူးလိုင္းေတြဟာ က်ဲေနရပါမယ္။

(၃) ဒူးရင္းသီးရဲ႕ အညွာဟာ ေျဖာင့္တန္းေနရပါမယ္။ ဒီအခ်က္(၃)ခ်က္နဲ႔ ကိုက္ညီတဲ့

ဒူးရင္းသီးေတြဟာ အနံ႔၊ အရသာေတြနဲ႔ ျပည့္စံုတဲ့ ဒူးရင္းသီးေကာင္းတစ္လံုးရဲ႕ လွ်ိဳ႕၀ွက္ခ်က္ေတြပါပဲ။

ဒူးရင္းသီးမွည့္ မမွည့္ဆိုတာ အခ်က္(၂)ခ်က္နဲ႔ သိႏိုင္ပါတယ္။

(၁) ဒူးရင္းသီးကိုနမ္းၾကည့္ၿပီး မဲွ႔မမွဲ႔သိႏိုင္ပါတယ္။ လႈိင္လႈိင္ေမႊးေနၿပီဆိုရင္ အသင့္စားလို႔ရေနၿပီဆိုတာ သိႏိုင္ပါတယ္။

o
(၂) ဒူးရင္းသီးကို လႈပ္ခါၾကည့္ရင္လည္း မွဲ႔ မမွဲ႔သိႏိုင္ပါတယ္။ မွဲ႔ေနၿပီျဖစ္တဲ့ ဒူးရင္းသီးဟာအတြင္းကအဆံဟာ မသိမသာေလး ေခ်ာင္ေနတာကိုသိထားရပါမယ္။

သတင္း credit …လြင္ျပင္

အေထြေထြဗဟုသုတ

Durian ဒူးရင္းသီးနဲ႔ က်န္းမာေရး

ဒူးရင္းသီးကိုေတာ့ သတိထားသင့္ပါတယ္။ သုေတသနေတာ့ ေကာင္းေကာင္းမေတြ႔ေပမယ့္ လူေျပာမ်ားတယ္။ အဲလိုေရးျပီး လိုက္ရွာရပါတယ္။ ဒူးရင္းသီးကို King of Fruits သစ္သီးေတြရ့ဲဘုရင္လို႔လည္းေခၚၾကတယ္။ ဒူးရင္းသီးေကာင္းတာ၊ ၾကိဳက္ၾကတာေတြေတာ့ မေရးလိုပါ။ က်န္းမာေရးေဒါင့္ေနသာေရးပါရေစ။ ဒူးရင္းသီးထဲမွာ (သၾကား + ဗီတာမင္ (စီ) + ပိုတက္ဆီယမ္ + အမိုင္ႏိုအက္စစ္) ေတြပါတယ္။ စားရင္ (ကာဗြန္ဟိုက္ဒရိတ္ + ပရိုတင္း + အဆီဓါတ္) ေတြရေစမယ္။ တခ်ိဳ႕ႏိုင္ငံေတြ ဥပမာ မေလးရွားမွာ အရြက္နဲ႔အျမစ္ကို ကိုယ္ပူက်ေဆးအေနနဲ႔သံုးတယ္။ အရြက္ကို ဖ်ားေနသူရ့ဲနဖူးမွာ ကပ္ရတယ္။ ၁၉၂ဝ တံုးက နယူးေယာက္မွာ Durian Fruit Products, Inc. ကုမၸဏီကေန Dur-India ဆိုျပီး ဒူးရင္း စားေသာက္ကုန္ေတြ ေရာင္းတယ္။ ေဆးရည္နဲ႔ စားေဆးေတြျဖစ္တယ္။

ဒူးရင္းသီးကို ဘီယာနဲ႔ေရာရင္ ေလပြမယ္၊ အစာမေက်ျဖစ္မယ္၊ အေနရခက္မယ္၊ လြန္ကဲရင္ ေသႏိုင္တယ္လို႔ ဖတ္ရတယ္။ ဘာလို႔ျဖစ္ရသလည္း ကိုယ္ခႏၶာကေန ဒူးရင္းသီးနဲ႔ ဘီယာ၊ အရက္မွာပါတဲ့ အဆီနဲ႔ သၾကားဓါတ္ေတြအတြက္ အလုပ္ပိုေတြ လုပ္ေပးရလို႔ျဖစ္တယ္။ ဒူးရင္းသီးထဲမွာ ဆာလ္ဖါ ကန္႔ဓါတ္လည္း ပါတယ္။ Diethyl disulfide ျဖစ္တယ္။ ဒီဓါတ္ကေန အရက္ရ့ဲ ေက်ခ်က္မႈျဖစ္စဥ္ကို တားတယ္။ ေခၚတဲ့ အရက္ေသာက္ျပီးျဖစ္လာတဲ့ လကၡဏာေတြကို လြန္ကဲေစတယ္။

ကိုလက္စေထာ အဆီဓါတ္ေတာ့ ထူးျပီးမမ်ားေစပါ။ သူ႔ထဲကအဆီဟာ Monounsaturated fats အမ်ိဳးအစားသာျဖစ္လို႔ က်န္းမာေရးအတြက္ မစိုးရိမ္ရပါ။ အစားမ်ားသူေတြ ခါးတုတ္လာႏိုင္တယ္။ ဒူးရင္းသီး တလံုးကေန ကယ္လိုရီ ၈၈၅ ကေန ၁၅ဝဝ အထိရေစမယ္။ ကိုယ္အေလးခ်ိန္တက္ေစမယ္။ ဒူးရင္သီး ၁ ေကဂ်ီေလးတာကေန ကယ္လိုရီ ၁၃၅ဝ ရမယ္။ တေန႔မွာ ကယ္လိုရီ ၂ဝဝဝ လိုသူအတြက္ ၆၈% ရသြားျပီျဖစ္တယ္။

ဒူးရင္းသီးစားတာကေန ခြန္အားကိုခ်က္ခ်င္းေပးတယ္။ အာဟာရဓါတ္ၾကြယ္ဝတယ္။ ပိုတက္ဆီယမ္၊ ဖိုက္ဘာ၊ သံဓါတ္၊ ဗီတာမင္စီနဲ႔ ဗီတာမင္ဘီအုပ္စုေတြပါတယ္။ ၆ဝ၂ ဂရမ္ေလးတဲ့ ဒူးရင္းသီး သိပ္မၾကီးတာတလံုးကေန ကလိုရီ = 885 ရမယ္၊ အဆီစုစုေပါင္း =32.1g (တေန႔တာရ့ဲ ၅ဝ%) ရမယ္၊ ဆိုဒီယမ္ = 13mg (မမ်ားပါ) ရမယ္၊ ကာဗြန္ဟိုက္ဒရိတ္စုစုေပါင္း = 163.1g (တေန႔တာရ့ဲ ၅ဝ%) ရမယ္၊ ပရိုတင္း = 8.8g ရမယ္။ လူတေယာက္ရ့ဲ တေန႔တာလိုအပ္ခ်က္ရ့ဲ ဗီတာမင္စီရ့ဲ 198% ရမယ္၊ သံဓါတ္ရ့ဲ 14% ရမယ္၊ ဗိတာမင္ေအရ့ဲ 5% ရမယ္၊ ကယ္လ္စီယမ္ရ့ဲ 4% ရတာျဖစ္တယ္။

ဆီးခ်ိဳရွိသူေတြ အကန္႔သတ္နဲ႔သာ စားသင့္တယ္။ လိင္စိတ္ကဲေစမယ္ဆိုတာ မမွန္ပါ။ ဒူးရင္သီးက စြဲေစတဲ့အစားအစာ ျဖစ္တယ္။ အရက္သမား၊ မူးယစ္ေဆးသမားေတြလိုပဲ စားခ်င္ေနမယ္။ တရုပ္အယူအဆမွာ ဒူးရင္းသီးက အေအးစာ ျဖစ္တယ္၊ အပူသက္သာေစမယ္ဆိုတာ မမွန္ပါ။ ဗမာေတြက တက္စာလို႔ ေျပာတယ္။ ခက္တာက တက္တယ္ဆိုတာ တေနရာမွာ တမ်ိဳးေျပာၾကတယ္။ စကားေနာက္တရားပါ ျဖစ္တတ္တယ္။ က်န္းမာေရးသတိေပးခ်က္ေတြ မစံုေသးပါ။

ေဒါက္တာတင့္ေဆြ

၂၅-၃-၂ဝ၁၅

၂၅-၃-၂ဝ၁၇

ဒူးရင္းသီး ႏွင့္ က်န္းမာေရး

အနံ ့အရသာႏွင့္ျပည့္ စံုေသာ ဒူးရင္းသီး ပင္မ်ား၏ ဌာေနေဒသမွာ ဘရူႏိုင္း၊ အင္ဒိုနီးရွား ႏွင့္ မေလးရွားတို ့ျဖစ္ၾကျပီး၊ ကမၻာ ေပၚတြင္ ဒူးရင္းပင္ မ်ိဳးစိပ္ေပါင္း ၃၀ ရွိရာ၊ ၉-မ်ိဳးသာ စား၍ရပါသည္။ အပင္စိုက္ျပီး ၄-၅ ႏွစ္ခန္ ့ၾကာမွ စတင္အသီးသီးေလ့ရွိျပီး၊ အသီးမွည့္၍၊ ၂-ရက္ မွ ၄-ရက္အၾကာတြင္ သူ႔အလိုလို ေၾကြက်တတ္ရာ၊ အဆူးမာ အခြံမ်ား၏ အႏၱရာယ္ေၾကာင့္ ဒူးရင္းသီးမ်ား ရင့္မွည့္ေသာ ရာသီေရာက္ပါက၊ အပင္ေအာက္မွ သတိ ထားၿပီးျဖတ္သန္း သြားလာသင့္သည္။

ခူးဆြတ္ၿပီး ၅-ရက္ မွ ၆-ရက္ အတြင္း စားသံုးပါက အရသာ ပိုရွိသည္။ အခ်ိဳ ့ကလဲ စူးရွေသာ ရနံ ့ရွိသည္ဟူ၍ မနွစ္သက္ၾကပါ။ သို ့ေသာ္ ျမည္းစမ္းၾကည့္ လိုက္ရာ၊ ႏူးညံ့ခ်ိဳေမႊး အီဆိမ့္ျပီး အရသာေကာင္းမွန္း သိသြား၍ စြဲလန္း သြားၾကပါသည္။ ဒူးရင္းသီး၏ ထူးျခားေသာအရသာ ေၾကာင့္ အေရွ ့ေတာင္အာရွႏိုင္ငံမ်ားတြင္၊ ၄င္းကို “အသီးမွာဘုရင္” ဟု တင္စားေခၚေ၀ၚၾကသည္။

(၁) ဒူရင္းသီး အႏွစ္သားသည္ ပရိုတင္းဓာတ္ ၾကြယ္၀ရံုသာမက၊ လူသားတို ့က်န္းမာေရးအတြက္ အက်ိဳးျပဳဗီတာမင္ႏွင့္ သတၱဳ ဓာတ္ (၁၇)မ်ိဳးပါရွိသည့္အတြက္ နာလန္ထစလူနာမ်ား ခြန္အားျပည့္ ဓာတ္စာအျဖစ္ မွီ၀ဲႏိုင္သည္။

(၂) ဒူးရင္းသီး အႏွစ္သားထဲတြင္ သဘာ၀သၾကားဓာတ္ ပါရွိကာ၊ အလြန္ႏူးညံ့ အစာေၾကလြယ္သျဖင့္ ကိုယ္အေလးခ်ိန္မျပည့္ေသာ ကေလးငယ္မ်ားအတြက္ ျဖည့္စြက္စာအျဖစ္ ေကြ်းေမြးသင့္သည္။

(၃) သံဓာတ္ႏွင့္ေဖာ့စဖရက္တို ့သည္ ဌက္ေပ်ာသီးတြင္ ပါ၀င္မႈထက္ ၁၀-ဆေက်ာ္ပိုမိုသျဖင့္ ကေလးမီးဖြာျပီးစ မိခင္မ်ား ဒူးရင္းသီး စားသံုးျခင္း (သို ့မဟုတ္) အခြံကိုမီးျမွိဳက္၍ အခြံအတြင္းသား အမွ်င္မ်ားကို စားသံုးရန္ အထူးသင့္ေတာ္သည္။

(၄) အသီးထဲတြင္ပါ၀င္ေသာ အဆီဓာတ္သည္ အျခားအသီး အႏွံမ်ားထက္ အဆီဓာတ္ ပါ၀င္မႈျမင့္မားေသာ္လဲဘဲ၊ ကိုလက္စထေရာ ကင္းေသာ အဆီဓာတ္ျဖစ္သည္။

(၅) အစာေၾကလြယ္ေသာ အမွ်င္ဓာတ္ မ်ားေပါၾကြယ္၀စြာ ပါရွ•ိေသာေၾကာင့္ ၀မ္းေပ်ာ့ေစျပီး၊ အူသိမ္အူမထဲရွိ အရိအခြ်ဲမ်ားကို ေလ်ာ့ ေစကာ အူမၾကီး ကင္ဆာျဖစ္ပြာျခင္းမွ ကာကြယ္ေပးသည္။ အလြန္အမင္း ၀မ္းခ်ဳပ္ပါက၊ ဒူးရင္းသီးအခြံ၏ အတြင္းသားျဖင့္ ၀မ္းဗိုက္ကို ပြတ္တိုက္ေပးႏိုင္သည္။

(၆) ခႏၶာကိုယ္ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ ဗီတာမင္ B Complex မ်ားၾကြယ္၀ေသာေၾကာင့္ ကိုယ္ခံစြမ္းအားျမင့္မား ကာ၊ ျပင္ပေရာဂါမ်ားကို အလြယ္တကူ မကူးစပ္ႏိုင္ေအာင္ တိုက္ထုတ္ေပးသည္။

(၇) ဒူးရင္းသီး အႏွစ္သားသာမက၊ အျမစ္ႏွင့္ အရြက္တို ့ကို တိုင္းရင္းေဆးဆရာမ်ားက အျပင္းဖ်ားနာျခင္း ႏွင့္ အသား၀ါေရာဂါ ကုထံုးမ်ားတြင္ အသံုးျပဳေလ့ရွိသည္။

(၈) ေသြးသန္ ့ေစသည့္ျပင္ ေသြးနီဥဆဲလ္မ်ားကို ထုတ္လုပ္ေပးျပီး၊ သံဓာတ္ႏွင့္ ေဖာလစ္အက္ဆစ္တို ့ၾကြယ္၀သျဖင့္ ေသြးအား နည္းေရာဂါကိုလည္း မျဖစ္ေစပါ။

(၉) ႏွလံုးခုန္ႏႈန္းႏွင့္ ေသြးဖိအားတို ့ကိုထိန္းခ်ဳပ္ေပးသည့္ ပိုတက္စီယမ္လဲ ၾကြယ္၀စြာ ပါရွိသည္။

(၁၀) ဦးေခါင္းေပၚရွိ ဒက္ နွင့္ အေရျပားေပၚရွိ ေပြးကြက္မ်ားအတြက္ အရြက္ျပဳတ္ရည္ျဖင့္ လိမ္းက်ံေပးႏိုင္သည္။

(၁၁) ေကာ့ပါးဓာတ္ ပါရွိသျဖင့္ သိုင္းရိြဳက္ (လည္ပငး္အက်ိတ္ )ေ၀ဒနာသည္ မ်ားကို ေကာင္းက်ိဳးျပဳသည္။

(၁၂) ပရိုတင္းဓာတ္ ၾကြယ္၀မႈေၾကာင့္ ၾကြက္သားမ်ား ေကာင္းမြန္စြာ တည္ေဆာက္မႈကို အေထာက္အကူျပဳေပးသည္။

(၁၃) ေသြးလည္ပတ္မႈကို အားေပးၿပီး၊ ကာမစိတ္ကို အစြမ္းကုန္လွံဳ ့ေဆာ္ေပးသည္။

(၁၄) အသီးထဲတြင္ မဂၢနီစီယမ္၊ ဗီတာမင္ဘီ ႏွင့္ ပိုတက္စီယမ္တို ၾကြယ္၀စြာ ပါရွိျခင္းေၾကာင့္ အရိုးႏွင့္ အရိုးဆက္မ်ား က်န္းမာေရးကို ေကာင္းစြာ ပံ့ပိုးေပးသည္။

(၁၅) ေျခသည္း/လက္သည္း မႈိပိုးစြဲျခင္းမ်ားအတြက္ ဒူးရင္းသီးပင္အျမစ္က ေကာင္းစြာ ကုသေပးႏိုင္စြမ္း ရွိသည္။

(၁၆) မဂၢနီးစ္ဓာတ္ ပါရွိျခင္းေၾကာင့္ ေသြးထဲရွိ သၾကားပမာဏကို ပံုမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးသည္။

(၁၇) မီးစုန္းဓာတ္ ပါရွိသျဖင့္ သြားႏွင့္သြားဖံုး က်န္းမာေရးကို ေကာင္းစြာျမွင့္တင္ေပးသည္။

(၁၈) ဒူးရင္းသီးအခြံကို အိမ္ယာ ကုတင္ေအာက္ထားျခင္းျဖင့္ ၾကမ္းပိုး ႏွင့္ ျခင္ အႏၱရာယ္တို ့မွ ကင္းေ၀းေစသည္။

(၁၉) Pyridoxine (ေခၚ) ဗီတာမင္B6 ႏွင့္ အမိုင္ႏိုအက္ဆစ္ တမ်ိဳးျဖစ္ေသာ tryptophan တို ့ပါ၀င္သျဖင့္ စိတ္က်ေရာဂါမ်ား၊ စိုးရိမ္ေၾကာင့္ၾကျဖစ္ျခင္းႏွင့္ စိတ္ဖိစီးျခင္း စသည့္ေ၀ဒနာမ်ား ကိုေျပေပ်ာက္ေစကာ၊ အိပ္ေမာက်၍ ဉာဏ္ရည္ကိုတိုးတက္ ေကာင္းမြန္ေစသည္။

(၂၀) riboflavin (ေခၚ) ဗီတာမင္B2 ပါရွိသျဖင့္ ေခါင္းတျခမ္း ကိုက္ျခင္းမွ သက္သာေစသည္။

(၂၁) သီအာမင္နွင့္နီအာစင္း ဓာတ္ပါရွိျခင္းေၾကာင့္ ဒူးရင္းသီးစားျပီးေနာက္ ဗိုက္၀သြားကာ ေနာက္ထပ္အစာစားခ်င္စိတ္ကို ခ်ိဳးႏွိမ္ ေပးသည္။

(၂၂) ဓာတ္ခြဲ စမ္းသပ္ခ်က္ မ်ားအရ၊ ဓာတ္တိုးဆန္ ့က်င္ ပစၥည္းတမ်ိဳးျဖစ္ေသာ ဗီတာမင္စီ RDA ရာခိုင္ႏႈန္းအျပည့္အ၀ပါရွိသျဖင့္၊ ခႏၶာကိုယ္အတြက္ မလိုလားအပ္ေသာ free radicals မ်ားကိုတိုက္ထုတ္ေပး၍ ကူးစက္ေရာဂါမ်ားမွ ကာကြယ္ေပးေၾကာင္း၊ ထိခိုက္ဒဏ္ရာမ်ား အနာက်က္လြယ္ေစကာ အေရျပားကို က်န္းမာေစေၾကာင္း၊ အရြယ္တင္ႏုပ်ိဳေစေၾကာင္း ေလ့လာ သိရွိရသည္။

သတိျပဳရန္….

(က) ဒူးရင္းသီးသည္ အရက္ႏွင့္လံုး၀ ဓာတ္မတည့္ပါ။ တြဲစားမိပါက၊ အူခ်ဥ္နာ၊ ေလထိုးေလေအာင့္နာျဖစ္ ေစ ႏိုင္သည္။ (ခ) အပူဓာတ္ျဖစ္ကာ၊ သၾကားဓာတ္ အေျမာက္အမ်ား ပါရွိသည့္အတြက္၊ ကိုယ္၀န္ေဆာင္ မိခင္ေလာင္းမ်ားႏွင့္ ဆီးခ်ိဳ ေရာဂါသည္မ်ား မစားသင့္ပါ။ (ဂ) က်န္းမာေရးအတြက္ ေကာင္းက်ိဳးျပဳေသာ္လည္း အလြန္အကြ်ံ စားသံုးပါက၊ ေသြးတိုးျခင္း/ အပူကန္ျခင္းစသည့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားျဖစ္ေစတတ္သည္။

(အပူစင္ေစရန္အတြက္ ဒူးရင္းသီး စားျပီးတိုင္း မင္းကြတ္သီး အနည္းငယ္ စားေပးသင့္သည္)

သို ့ပါ၍ ဒူးရင္းသီးကို သင့္တင့္မွ်တစြာ စားသံုးျခင္းျဖင့္ အထက္ပါက်န္းမာေရး အက်ိဳးေက်းဇူးမ်ားကို အရယူႏိုင္ပါေၾကာင္း။

မေပါက္ေပါက္….

ဒူးရင္းသီးႀကိဳက္ႏွစ္သက္သူမ်ားအတြက္

က်န္းမာေရးအတြက္စားတာပါလို႔..အေၾကာင္းျပခ်က္ေလးေပးႏိုင္ေအာင္မ်ွေ၀ေပးလိုက္ပါတယ္…..

crd..

FACEBOOK VISIT WEBSITE

[Unicode]
ဒူးရင်း ဝယ် တဲ့ အခါ ဒီ အချက်(၃)ချက် ကို ကြည့်ပြီးေ ရွး ဝယ် ပါ။

ဒူးရင်းသီးဝယ်တိုင်းအဆင်မပြေလို့ဒူးရင်းသီးဝယ်ရင်ဘယ်လိုကြည့်ဝယ်ရတာလဲမေးလာလို့

ဒူးရင်းသီး ဘယ်လိုရွေးမလဲ

ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။

(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။

(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။

(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့

ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

ဒူးရင်းသီးမှည့် မမှည့်ဆိုတာ အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။

(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မဲှ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။

o
(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာအတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။

သတင်း credit …လွင်ပြင်

အထွေထွေဗဟုသုတ

Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး

ဒူးရင်းသီးကိုတော့ သတိထားသင့်ပါတယ်။ သုတေသနတော့ ကောင်းကောင်းမတွေ့ပေမယ့် လူပြောများတယ်။ အဲလိုရေးပြီး လိုက်ရှာရပါတယ်။ ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ဘုရင်လို့လည်းခေါ်ကြတယ်။ ဒူးရင်းသီးကောင်းတာ၊ ကြိုက်ကြတာတွေတော့ မရေးလိုပါ။ ကျန်းမာရေးဒေါင့်နေသာရေးပါရစေ။ ဒူးရင်းသီးထဲမှာ (သကြား + ဗီတာမင် (စီ) + ပိုတက်ဆီယမ် + အမိုင်နိုအက်စစ်) တွေပါတယ်။ စားရင် (ကာဗွန်ဟိုက်ဒရိတ် + ပရိုတင်း + အဆီဓါတ်) တွေရစေမယ်။ တချို့နိုင်ငံတွေ ဥပမာ မလေးရှားမှာ အရွက်နဲ့အမြစ်ကို ကိုယ်ပူကျဆေးအနေနဲ့သုံးတယ်။ အရွက်ကို ဖျားနေသူရဲ့နဖူးမှာ ကပ်ရတယ်။ ၁၉၂ဝ တုံးက နယူးယောက်မှာ Durian Fruit Products, Inc. ကုမ္ပဏီကနေ Dur-India ဆိုပြီး ဒူးရင်း စားသောက်ကုန်တွေ ရောင်းတယ်။ ဆေးရည်နဲ့ စားဆေးတွေဖြစ်တယ်။

ဒူးရင်းသီးကို ဘီယာနဲ့ရောရင် လေပွမယ်၊ အစာမကျေဖြစ်မယ်၊ အနေရခက်မယ်၊ လွန်ကဲရင် သေနိုင်တယ်လို့ ဖတ်ရတယ်။ ဘာလို့ဖြစ်ရသလည်း ကိုယ်ခန္ဓာကနေ ဒူးရင်းသီးနဲ့ ဘီယာ၊ အရက်မှာပါတဲ့ အဆီနဲ့ သကြားဓါတ်တွေအတွက် အလုပ်ပိုတွေ လုပ်ပေးရလို့ဖြစ်တယ်။ ဒူးရင်းသီးထဲမှာ ဆာလ်ဖါ ကန့်ဓါတ်လည်း ပါတယ်။ Diethyl disulfide ဖြစ်တယ်။ ဒီဓါတ်ကနေ အရက်ရဲ့ ကျေချက်မှုဖြစ်စဉ်ကို တားတယ်။ ခေါ်တဲ့ အရက်သောက်ပြီးဖြစ်လာတဲ့ လက္ခဏာတွေကို လွန်ကဲစေတယ်။

ကိုလက်စထော အဆီဓါတ်တော့ ထူးပြီးမများစေပါ။ သူ့ထဲကအဆီဟာ Monounsaturated fats အမျိုးအစားသာဖြစ်လို့ ကျန်းမာရေးအတွက် မစိုးရိမ်ရပါ။ အစားများသူတွေ ခါးတုတ်လာနိုင်တယ်။ ဒူးရင်းသီး တလုံးကနေ ကယ်လိုရီ ၈၈၅ ကနေ ၁၅ဝဝ အထိရစေမယ်။ ကိုယ်အလေးချိန်တက်စေမယ်။ ဒူးရင်သီး ၁ ကေဂျီလေးတာကနေ ကယ်လိုရီ ၁၃၅ဝ ရမယ်။ တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူအတွက် ၆၈% ရသွားပြီဖြစ်တယ်။

ဒူးရင်းသီးစားတာကနေ ခွန်အားကိုချက်ချင်းပေးတယ်။ အာဟာရဓါတ်ကြွယ်ဝတယ်။ ပိုတက်ဆီယမ်၊ ဖိုက်ဘာ၊ သံဓါတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီအုပ်စုတွေပါတယ်။ ၆ဝ၂ ဂရမ်လေးတဲ့ ဒူးရင်းသီး သိပ်မကြီးတာတလုံးကနေ ကလိုရီ = 885 ရမယ်၊ အဆီစုစုပေါင်း =32.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ဆိုဒီယမ် = 13mg (မများပါ) ရမယ်၊ ကာဗွန်ဟိုက်ဒရိတ်စုစုပေါင်း = 163.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ပရိုတင်း = 8.8g ရမယ်။ လူတယောက်ရဲ့ တနေ့တာလိုအပ်ချက်ရဲ့ ဗီတာမင်စီရဲ့ 198% ရမယ်၊ သံဓါတ်ရဲ့ 14% ရမယ်၊ ဗိတာမင်အေရဲ့ 5% ရမယ်၊ ကယ်လ်စီယမ်ရဲ့ 4% ရတာဖြစ်တယ်။

ဆီးချိုရှိသူတွေ အကန့်သတ်နဲ့သာ စားသင့်တယ်။ လိင်စိတ်ကဲစေမယ်ဆိုတာ မမှန်ပါ။ ဒူးရင်သီးက စွဲစေတဲ့အစားအစာ ဖြစ်တယ်။ အရက်သမား၊ မူးယစ်ဆေးသမားတွေလိုပဲ စားချင်နေမယ်။ တရုပ်အယူအဆမှာ ဒူးရင်းသီးက အအေးစာ ဖြစ်တယ်၊ အပူသက်သာစေမယ်ဆိုတာ မမှန်ပါ။ ဗမာတွေက တက်စာလို့ ပြောတယ်။ ခက်တာက တက်တယ်ဆိုတာ တနေရာမှာ တမျိုးပြောကြတယ်။ စကားနောက်တရားပါ ဖြစ်တတ်တယ်။ ကျန်းမာရေးသတိပေးချက်တွေ မစုံသေးပါ။

ဒေါက်တာတင့်ဆွေ

၂၅-၃-၂ဝ၁၅

၂၅-၃-၂ဝ၁၇

ဒူးရင်းသီး နှင့် ကျန်းမာရေး

အနံ့အရသာနှင့်ပြည့် စုံသော ဒူးရင်းသီး ပင်များ၏ ဌာနေဒေသမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား နှင့် မလေးရှားတို့ဖြစ်ကြပြီး၊ ကမ္ဘာ ပေါ်တွင် ဒူးရင်းပင် မျိုးစိပ်ပေါင်း ၃၀ ရှိရာ၊ ၉-မျိုးသာ စား၍ရပါသည်။ အပင်စိုက်ပြီး ၄-၅ နှစ်ခန့်ကြာမှ စတင်အသီးသီးလေ့ရှိပြီး၊ အသီးမှည့်၍၊ ၂-ရက် မှ ၄-ရက်အကြာတွင် သူ့အလိုလို ကြွေကျတတ်ရာ၊ အဆူးမာ အခွံများ၏ အန္တရာယ်ကြောင့် ဒူးရင်းသီးများ ရင့်မှည့်သော ရာသီရောက်ပါက၊ အပင်အောက်မှ သတိ ထားပြီးဖြတ်သန်း သွားလာသင့်သည်။

ခူးဆွတ်ပြီး ၅-ရက် မှ ၆-ရက် အတွင်း စားသုံးပါက အရသာ ပိုရှိသည်။ အချို့ကလဲ စူးရှသော ရနံ့ရှိသည်ဟူ၍ မနှစ်သက်ကြပါ။ သို့သော် မြည်းစမ်းကြည့် လိုက်ရာ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။ ဒူးရင်းသီး၏ ထူးခြားသောအရသာ ကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင်၊ ၎င်းကို “အသီးမှာဘုရင်” ဟု တင်စားခေါ်ဝေါ်ကြသည်။

(၁) ဒူရင်းသီး အနှစ်သားသည် ပရိုတင်းဓာတ် ကြွယ်ဝရုံသာမက၊ လူသားတို့ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့် သတ္တု ဓာတ် (၁၇)မျိုးပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့် ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။

(၂) ဒူးရင်းသီး အနှစ်သားထဲတွင် သဘာဝသကြားဓာတ် ပါရှိကာ၊ အလွန်နူးညံ့ အစာကြေလွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးမွေးသင့်သည်။

(၃) သံဓာတ်နှင့်ဖော့စဖရက်တို့သည် ဌက်ပျောသီးတွင် ပါဝင်မှုထက် ၁၀-ဆကျော်ပိုမိုသဖြင့် ကလေးမီးဖွာပြီးစ မိခင်များ ဒူးရင်းသီး စားသုံးခြင်း (သို့မဟုတ်) အခွံကိုမီးမြှိုက်၍ အခွံအတွင်းသား အမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။

(၄) အသီးထဲတွင်ပါဝင်သော အဆီဓာတ်သည် အခြားအသီး အနှံများထက် အဆီဓာတ် ပါဝင်မှုမြင့်မားသော်လဲဘဲ၊ ကိုလက်စထရော ကင်းသော အဆီဓာတ်ဖြစ်သည်။

(၅) အစာကြေလွယ်သော အမျှင်ဓာတ် များပေါကြွယ်ဝစွာ ပါရှ•ိသောကြောင့် ဝမ်းပျော့စေပြီး၊ အူသိမ်အူမထဲရှိ အရိအချွဲများကို လျော့ စေကာ အူမကြီး ကင်ဆာဖြစ်ပွာခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ဝမ်းချုပ်ပါက၊ ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ဝမ်းဗိုက်ကို ပွတ်တိုက်ပေးနိုင်သည်။

(၆) ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် B Complex များကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မား ကာ၊ ပြင်ပရောဂါများကို အလွယ်တကူ မကူးစပ်နိုင်အောင် တိုက်ထုတ်ပေးသည်။

(၇) ဒူးရင်းသီး အနှစ်သားသာမက၊ အမြစ်နှင့် အရွက်တို့ကို တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါ ကုထုံးများတွင် အသုံးပြုလေ့ရှိသည်။

(၈) သွေးသန့်စေသည့်ပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ကြွယ်ဝသဖြင့် သွေးအား နည်းရောဂါကိုလည်း မဖြစ်စေပါ။

(၉) နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးသည့် ပိုတက်စီယမ်လဲ ကြွယ်ဝစွာ ပါရှိသည်။

(၁၀) ဦးခေါင်းပေါ်ရှိ ဒက် နှင့် အရေပြားပေါ်ရှိ ပွေးကွက်များအတွက် အရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင်သည်။

(၁၁) ကော့ပါးဓာတ် ပါရှိသဖြင့် သိုင်းရွိုက် (လည်ပင်းအကျိတ် )ဝေဒနာသည် များကို ကောင်းကျိုးပြုသည်။

(၁၂) ပရိုတင်းဓာတ် ကြွယ်ဝမှုကြောင့် ကြွက်သားများ ကောင်းမွန်စွာ တည်ဆောက်မှုကို အထောက်အကူပြုပေးသည်။

(၁၃) သွေးလည်ပတ်မှုကို အားပေးပြီး၊ ကာမစိတ်ကို အစွမ်းကုန်လှုံ့ဆော်ပေးသည်။

(၁၄) အသီးထဲတွင် မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ နှင့် ပိုတက်စီယမ်တို ကြွယ်ဝစွာ ပါရှိခြင်းကြောင့် အရိုးနှင့် အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာ ပံ့ပိုးပေးသည်။

(၁၅) ခြေသည်း/လက်သည်း မှိုပိုးစွဲခြင်းများအတွက် ဒူးရင်းသီးပင်အမြစ်က ကောင်းစွာ ကုသပေးနိုင်စွမ်း ရှိသည်။

(၁၆) မဂ္ဂနီးစ်ဓာတ် ပါရှိခြင်းကြောင့် သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးသည်။

(၁၇) မီးစုန်းဓာတ် ပါရှိသဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။

(၁၈) ဒူးရင်းသီးအခွံကို အိမ်ယာ ကုတင်အောက်ထားခြင်းဖြင့် ကြမ်းပိုး နှင့် ခြင် အန္တရာယ်တို့မှ ကင်းဝေးစေသည်။

(၁၉) Pyridoxine (ခေါ်) ဗီတာမင်B6 နှင့် အမိုင်နိုအက်ဆစ် တမျိုးဖြစ်သော tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ကိုပြေပျောက်စေကာ၊ အိပ်မောကျ၍ ဉာဏ်ရည်ကိုတိုးတက် ကောင်းမွန်စေသည်။

(၂၀) riboflavin (ခေါ်) ဗီတာမင်B2 ပါရှိသဖြင့် ခေါင်းတခြမ်း ကိုက်ခြင်းမှ သက်သာစေသည်။

(၂၁) သီအာမင်နှင့်နီအာစင်း ဓာတ်ပါရှိခြင်းကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ် ပေးသည်။

(၂၂) ဓာတ်ခွဲ စမ်းသပ်ချက် များအရ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတမျိုးဖြစ်သော ဗီတာမင်စီ RDA ရာခိုင်နှုန်းအပြည့်အဝပါရှိသဖြင့်၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော free radicals များကိုတိုက်ထုတ်ပေး၍ ကူးစက်ရောဂါများမှ ကာကွယ်ပေးကြောင်း၊ ထိခိုက်ဒဏ်ရာများ အနာကျက်လွယ်စေကာ အရေပြားကို ကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာ သိရှိရသည်။

သတိပြုရန်….

(က) ဒူးရင်းသီးသည် အရက်နှင့်လုံး၀ ဓာတ်မတည့်ပါ။ တွဲစားမိပါက၊ အူချဉ်နာ၊ လေထိုးလေအောင့်နာဖြစ် စေ နိုင်သည်။ (ခ) အပူဓာတ်ဖြစ်ကာ၊ သကြားဓာတ် အမြောက်အများ ပါရှိသည့်အတွက်၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ဆီးချို ရောဂါသည်များ မစားသင့်ပါ။ (ဂ) ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း အလွန်အကျွံ စားသုံးပါက၊ သွေးတိုးခြင်း/ အပူကန်ခြင်းစသည့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်စေတတ်သည်။

(အပူစင်စေရန်အတွက် ဒူးရင်းသီး စားပြီးတိုင်း မင်းကွတ်သီး အနည်းငယ် စားပေးသင့်သည်)

သို့ပါ၍ ဒူးရင်းသီးကို သင့်တင့်မျှတစွာ စားသုံးခြင်းဖြင့် အထက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို အရယူနိုင်ပါကြောင်း။

မပေါက်ပေါက်….

ဒူးရင်းသီးကြိုက်နှစ်သက်သူများအတွက်

ကျန်းမာရေးအတွက်စားတာပါလို့..အကြောင်းပြချက်လေးပေးနိုင်အောင်မျှဝေပေးလိုက်ပါတယ်…..

crd..

FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *