
[Zawgyi]






Ref:Credit

[Unicode]

ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ပူဆွေးနေရတဲ့ သရုပ်ဆောင် နဝရတ်
သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ နဝရတ်ကတော့ သူမရဲ့ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပူဆွေးနေရပါတယ်။

အသက် ၉ ၄ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ သူမရဲ့ဖခင်ရဲ့ အသုဘကိုတော့ မနေ့ကပဲ သဂြိုဟ်လိုက်ပြီပဲ ဖြစ်ပါတယ်။

သူမအသုံးပြုတဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာလည်း ဝမ်းနည်းခြင်း အနက်ရောင် ပရိုဖိုင်ပြောင်းလဲထားတာကိုလည်း တွေ့ရပါတယ်။ ပရိတ်သတ်အားပေးမှုရခဲ့သူ နာမည်ကြီးမင်းသားများနဲ့ ဇာတ်ကားများစွာ တွဲရိုက်ခဲ့သူ နဝရတ်တစ်ယောက်ကတော့ နောက်ပိုင်းမှာ အနုပညာလောကကက ပျောက်ကွယ်သွားခဲ့ပြီး စီးပွားရေးနယ်မှာ ကြိုးစားနေတာဖြစ်ပါတယ်။

ခုတော့ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်နေပြီး အလှူအတန်းတွေလည်း လုပ်နေတာကို တွေ့ရပါတယ်။

Credit

Add a Comment

Your email address will not be published. Required fields are marked *