====================
လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ်သည့်မြွေများအနက်အများဆုံးမှာ မြွေပွေးမြွေဟောက်ဖြစ်လေ့ရှိသည်။
(မှတ်​ချက်
Ref:Credit
Unicode
“မြွေပွေးမြွေဟောက်ကိုက်ခံရပါက ကြောက်စရာမလို” ကုသနည်း
====================
သက်စောင်သမားတော်ဂျာနယ်
လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ်သည့်မြွေများအနက်အများဆုံးမှာ မြွေပွေးမြေ ွဟောက်ဖြစ်လေ့ရှိသည်။
ထိုမြွေပွေးမြွေဟောက်အကိုက်ခံရသည်မှာလည်း မြို့ရွာအတွင်းထက် တောထဲတောင်ထဲမှာ အကိုက်ခံရများလေ့ရှိသည်။တောတောင်အတွင်း မြွေပွေးမြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်းမလွယ်ကိူနိုင်သော်လည်း မြွေဆိပ်တို့မှာမူ လျင်မြန်စွာပျံ့နှံ့တတ်သဖြင့် လက်ဦးမှုယူ၍ လျင်မြန်စွာ ကုသရန်လိုပါသည်။
မြွေကိုက်ခံရသောလူနာကို ရှေးဦးသူနာပြုနည်းဖြင့် ချက်ကချင်းကာကွယ်ရန်လိုသည်။ခြေထောက်ကိုအကိုက်ခံရလျှင် ခြေသလုံးကို ကြိုးဖြင့်တင်းကာ ရစ်ပတ်ပေးခြင်း၊လက်ကို အကိုက်ခံရလျှင် လက်ဖျံကို ကြိုးဖြင့်တင်းကာ ချည်နှောင်ရစ်ပတ်ပေးခြင်းသည် မြွေဆိပ်များတစ်ကိုယ်လုံးကို လွယ်ကူစွာမပျံ့နှံ့ရန်ဖြစ်သည်။
အချို့ဒေသများမှာ ဆေးရုံဆေးခန်းသို့ လူနာရောက်ရှိရန် နာရီများစွာကြာနိုင်၏။ထိုကြောင့်တောထဲတောင်ထဲရပ်ကွက်ကထဲတွင် မြွေပွေးမြွေဟောက်အကိုက်ခံရသည့်လူနာကို ချက်ချင်းအသက် ကယ်တင်နိုင်သော သဘာဝပေါက်ပင်များဖြစ်သည့် ဥန္နဲပင်နှင့်နဘဲပင်ကို ရှာဖွေမှတ်သားထားသင့်ပါသည်။
ဥန္နဲပင်နှင့်နဘဲပင်တို့သည် မိုးခေါင်ဗေရရှားအပူပိုင်ဒေသတွင် အနှံ့အပြားရှင်သန်ပေါက်ရောက်လျက်ရှိပါသည်။နဘဲပင်သည ်အပင်ကြီး မျိုးဖြစ်၍ ပေ(၁၀၀)နီးပါးမြင့်မားသည်။ ဥန္နဲပင်မှာပင်ပုမျိုးချုံပုတ်ဆန်သော်လည်း ပေါက်ရောက်မြေကိုနှစ် ်သက်ပါက အမြင့်ပေ(၂၀)ကျော်အထိ မြင့်မားတတ်ပါသည်။ ဥန္နဲပင်ပေါက်လျှင် မြေအောက်ရေကြောနီးသည်ဟုဆိုပါသည်။
မြွေပွေးကိုက်လျှင် မြွေးပွေး၏အဆိပ်သည် အအေးဖြစ်၍ အပူဓာတ်ရှိသော နဘဲရွက်ကိုကြိတ်၍ မြွေစွယ်ပေါက်ရှိရာနေရာကို အုံထားပေးရသည်။
မြွေဟောက်ကိုက်လျှင် မြွေဟောက်၏အဆိပ်သည် အပူဖြစ်၍အအေးဓာတ်ရှိသော ဥန္နဲရွက်ကိုကြိတ်၍
မြွေစွယ်ပေါက်ရှိရာနေရာကို အုံထားပေးရသည်။
သွေးအတွင်းလည်နေသော မြွေဆိပ်များအနာဝမှတစ်ဆင့် အပြင်သို့ပြန်ထွက်လာစေသော အာနိသင်ရှိသဖြင့် မြွေကိုက်ခံရသည့် လူနာအား အသက်အန္တရာယ်မှလွတ်ကင်းနိုင်ပါသည်။
ငွေကုန်ကြေးကျသက်သာပြီး ဆေးရုံဆေးခန်းသို့ သွားစရာမလိုသော သဘာဝပေါက်ပင်ဥန္နဲပင်နှင့်နဘဲပင်တို့၏ထူးခြားဆေသာအစွမ်းထက်သည့် ဆေးဖက်ဝင်မှုကို ယုံယုံကြည်ကြည်အသုံးပြုရန်တိုက်တွန်း လိုပါသည်။
သင်နှင့်သင့်မိသားစု သင်ပပတ်ဝန်းကျင်မှ အလူများအတွက် အားကိုးအားထားပြုသင့်သော ဥန္နဲပင်နှင့်နိဘဲပင်တို့ကို မည်သည့်နေရာတွင်ဗရှိသည်ကိုမှတ်သားထားသင့်ြုပီး အရေးကြုံလာပါက လျင်မြန်စွာ ရရှိရန်အလွန်အရေးကြီးပါကြောင်း သတင်းကောင်းပါးချင်ပါသည်။
မူရင်းစာရေးဆရာ သန်းလင်း(ရွှေချောင်း-ပခုက္ကူ)
တောနေပြည်သူများ အရေးကြုံပါက အသုံးချနိုင်ပါရန် ပြန်လည်မျှဝေတင်ပြအပ်ပါသည်။
နဘဲပင်အားမတင်ပြနိုင်သေးပါ။
ရဲမျိုးသူ(ဗောဓိမြိုင်)
(မှတ်ချက်)
Ref:Credit
Add a Comment
Your email address will not be published. Required fields are marked *