





[Zawgyi]အဖိုးဦးသန်းရွှေရဲ့ ငယ်ဘဝပုံလေးတွေ ထုတ်ပြလိုက်တဲ့ နေရွှေသွေးအောင်
[Unicode]အဖိုးဦးသန်းရွှေရဲ့ ငယ်ဘဝပုံလေးတွေ ထုတ်ပြလိုက်တဲ့ နေရွှေသွေးအောင်
ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်ကတော့ သူ့အဖိုးဖြစ်သူရဲ့ ငယ်ဘဝက ပုံလေးအချို့ကို ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ်မှာ တင်ပြီး ပြသလိုက်ပါတယ်။ ဒီနေ့ညနေကပဲ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်လိုက်တာဖြစ်ပြီး စိတ်ဝင်စားမှုအချို့ရှိခဲ့ပါတယ်။
ပုံလေးတွေထဲမှာ စစ်းသားငယ်တစ်ယောက်ဘဝပုံလေးတစ်ခုလည်း ပါဝင်သလို ၁၉ ၈ဝ ခုနှစ်က ပုပ္ပါးမှာ ရိုက်ထားတဲ့ အရပ်ဝတ်စားနဲ့ ဦးသန်းရွှေပုံ ရိုးရိုးပုံလေးတစ်ပုံကိုလည်း အမြင်ဆန်းဆန်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ပုံနှစ်ပုံကတော့ နိုင်ငံတော်အခန်းအနားကြီးတွေမှာ အဖိုးအဖွားကို လက်စွဲပြီး သူကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *