ကိုရီးယားကို လာခ်င္လြန္းလို႔ ဘယ္လိုပဲလာရလာရ ဆိုသူမ်ားဖတ္ပါ



[Zawgyi]ကိုရီးယားကို လာခ်င္လြန္းလို႔ ဘယ္လိုပဲလာရလာရ ဆိုသူမ်ားဖတ္ပါ
ေသခ်ာဖတ္ေစခ်င္ပါတယ္
ေတာင္ကိုရီးယားေရာက္ဖူးခ်င္တဲ့ ကေမာၻဒီးယားသူေလးထိုင္း႐ုပ္ရွင္ နဲ႕ ထိုင္းအဆိုေတာ္ေတာ္ေတြ ေခတ္စားခဲ့တဲ့ ကေမာၻဒီးယားနိုင္ငံမွာ ၂၀၀၀ ခုႏွစ္ေက်ာ္ေလာက္ကစၿပီး KPOP နဲ႕ ေတာင္ကိုရီးယား ဒရမ္မာေတြေခတ္စားလာခဲ့တယ္။
KPOP ထဲက အဆိုေတာ္အကိုႀကီးေတြ ဒရမ္မာထဲက ႐ုပ္ရွင္မင္းသားေခ်ာေခ်ာေတြကို စိတ္လႈပ္ရွားမိတဲ့ ( fan ) ဖန္ေတြအထဲမွာ ၁၀ ေက်ာ္သက္ ကေမာၻဒီးယားသူေလး တစ္ေယာက္လည္းပါခဲ့တာေပါ့..။
၂၀၀၄ ခုႏွစ္ ကေမာၻဒီးယား TV မွာျပသသြားတဲ့ Rain နဲ႕ Son Hye Kyo တို႔ သ႐ုပ္ေဆာင္ထားတဲ့ “Full House” ဆိုတဲ့ အခန္းဆက္ ဒရမ္မာ ဟာ သူမကို ပိုၿပီး စိတ္ကူးယဥ္ေစခဲ့တယ္။
သူမ ဒီလိုေတြးတယ္…။
အို…ေတာင္ကိုရီးယားက အကိုေတြေခ်ာလည္းေခ်ာ ခ်စ္လဲခ်စ္တတ္ပါဘိ…။
သူမ ေတာင္ကိုရီးယားကိုေရာက္ဖူးခ်င္တယ္။သူမနိုင္ငံမွာမရွိတဲ့ ႏွင္းေတြကို ျမင္ဖူးခ်င္တယ္။သူမ ကိုရီးယားစကားေတြလည္း ေျပာတတ္ခ်င္တယ္။
*************************************
သူမဟာ ကိုရီးယား မိန္းကေလးေတြကိုတုၿပီး ဝတ္စားဆင္ယင္ရတာလည္းအေမာ…..။
ကေမာၻဒီးယား ၿမိဳ႕ေပၚ စတိုးဆိုင္ႀကီးေတြမွာ ေရာင္းတဲ့ ေတာင္ကိုရီးယားက မိတ္ကပ္ေတြ ေဈးႀကီးလြန္းလို႔မဝယ္နိုင္….။
ေငးၿပီးျပန္လာရတိုင္း သူမ ဒီလိုေတြးတယ္…။
” အင္း…တစ္ေန႕ေန႕…ငါ ဒီလိုမိတ္ကပ္ေတြလွလွေလးလိမ္းၿပီး ငါခ်စ္တဲ့ အဆိုေတာ္ေတြနဲ႕ ခင္ခင္မင္မင္ တရင္းတႏွီး စကားေျပာခြင့္ရရင္သိပ္ေကာင္းမွာပဲ…”
အပ်ိဳေပါက္စ သူမ…စိတ္ကူးေတြယဥ္ခဲ့ဖူးတယ္..။
**************************************
သူမ ဓာတ္ပုံလွလွေလးေတြရိုက္တယ္..။ ၿပီးေတာ့သူငယ္ခ်င္းအကူအညီနဲ႕ ကုမၸဏီတစ္ခုကိုသြားၿပီး သူမနာမည္နဲ႕ ဓာတ္ပုံေတြကို သြားေပးလိုက္တယ္။
**************************************
အဲဒီ သူငယ္ခ်င္းေၾကာင့္ ဒီနည္းလမ္းကိုသိခဲ့တာေပါ့…။
” ငါ့အသိတစ္ေယာက္ ကိုရီးယားလူမ်ိဳးနဲ႕ မဂၤလာေဆာင္လိုက္တာ… အေတာ္ အဆင္ေျပတယ္တဲ့….ကိုရီးယားမိသားစုက အရမ္းသေဘာေကာင္းတာပဲတဲ့…”
အဲဒီတုန္းက သူမ အသက္ ၁၇ ႏွစ္…။ကေလးပီပီ သူမ ဒီလိုေတြးလိုက္တယ္..။
“ငါ.. ေတာင္ကိုရီးယားလူမ်ိဳးနဲ႕လက္ထပ္မယ္…ငါ ကေခ်ာေတာ့ အဆိုေတာ္ေတြနီးပါးေခ်ာတဲ့ အိုးပါးေတြ လက္ထပ္ဖို႔ကမ္းလွမ္းမွာပဲ….”
သူမတို႔ သြားခဲ့တဲ့ကုမၸဏီက သတို႔သမီးအလိုရွိေနတဲ့ ကိုရီးယားအမ်ိဳးသားေတြနဲ႕ ကေမာၻဒီးယားသူေတြကို ေအာင္သြယ္ေပးတဲ့ ကုမၸဏီတစ္ခုေပါ့..။
ဖူးစာ ကိုကိုနဲ႕ ျမန္ျမန္ေတြ႕ရပါေစ… သူမ ဆုေတာင္းတယ္။
ဆင္းရဲတဲ့ သူမဘဝမွာ ေတာင္ကိုရီးယားနိုင္ငံႀကီးကိုေရာက္ဖို႔ဆိုတာ ဒီနည္းကလြဲၿပီး ဘာတစ္ခုမွမရွိဘူးလို႔ သူမထင္ထားခဲ့မိတာေပါ့..။
**************************************
မၾကာခင္မွာပဲ ကုမၸဏီက အေၾကာင္းၾကားလာတယ္… ဖူးစာရွင္ေတြ႕ၿပီတဲ့…။
သူမ စိတ္ကူးယဥ္ခဲ့တာ အဆိုေတာ္ ႐ုပ္ရွင္မင္းသားေတြနဲ႕ဆင္တဲ့ အိုးပါး….။
လက္ေတြ႕ သူမကို ေ႐ြးခ်ယ္တာက အသက္ ၄၀ နီးပါးရွိတဲ့ ကိုရီးယား ဦးေလးႀကီး ရီ ** တဲ့…..။
ဓာတ္ပုံၾကည့္လိုက္ေတာ့ ဦးေလးႀကီးက ႏုလိုက္တာ….။ ဆယ္ေက်ာ္သက္ ကေမာၻဒီးယား အမ်ိဳးသားေတြေလာက္ေတာင္ ႏုပ်ိဳေနတယ္။
အျခား ကိုရီးယားအမ်ိဳးသား ဓာတ္ပုံေတြနဲ႕ ယွဥ္ ၾကည့္ေတာ့ ဦးေလးႀကီး ရီ က အေခ်ာဆုံးပဲ..။
အင္း … မဆိုးပါဘူး…။
သူမ ရင္ခုန္စြာနဲ႕ေခါင္းၿငိမ့္လိုက္တယ္။
ဒီလိုနဲ႕ တစ္ေန႕ေတာ့ သူမ ေတာင္ကိုရီးယားနိုင္ငံကိုေရာက္ဖို႔ လမ္းစတစ္ခု ရလာတယ္။**************************************
ဒါေပမဲ့..ေအာင္သြယ္ပြဲစားက တစ္ပတ္ေလာက္ၾကာမွ ဘာေျပာတယ္မွတ္လဲ..။
” ဪ… ေမ့ေနလို႔ …သူက ကေလး အေဖ မုဆိုးဖိုေနာ္…”
အသက္ ၁ရႏွစ္ေက်ာ္႐ုံ ရွိေသးတဲ့ သူမက အသက္ ၁၀ ႏွစ္နီးပါးရွိတဲ့ကေလးရဲ႕အေမ လုပ္ရမယ္ဆိုေတာ့ သူမ ေၾကာက္လန႔္သြားတယ္။
ဒါေပမဲ့..ေအာင္သြယ္ေတြက အေျပာေကာင္းေကာင္းနဲ႕ ေဖ်ာင္းဖ်လိဳ႕ ေနာက္ဆုံးေတာ့ သူမ မျငင္းသာေတာ့…။
**************************************
၂၀၀၈ ခုႏွစ္မွာ ေတာင္ကိုရီးယားလူမ်ိဳး အသက္ ၄၀ နီးပါးရွိတဲ့ ကေလး အေဖ ရီဟာ သူမ ေနထိုင္တဲ့ ကေမာၻဒီးယားကိုလာခဲ့တယ္..။
သူမကို လက္ထပ္လိုက္တယ္။သူမအသက္ ၁၈ ႏွစ္…။
**************************************
ၿပီးေတာ့…ေတာင္ကိုရီးယား အမ်ိဳးသားႀကီး ရီ ဟာ ကေမာၻဒီးယားသူေလးကို သူမ သိပ္ေရာက္ဖူးခ်င္တဲ့ ေတာင္ကိုရီးယားနိုင္ငံကိုေခၚလာတာေပါ့…။
ရီဟာ ေယာက္်ားမ်က္ႏွာ တစ္႐ြာထင္ၿပီး ေတာင္ကိုရီးယားနိုင္ငံကို လိုက္လာခဲ့တဲ့ ကေမာၻဒီးယားသူကေလးကို ၾကင္နာပါတယ္။
ကေမာၻဒီးယားသူေလးဟာလည္း သူမထက္ အသက္ ၂ ဆနီးပါးႀကီးတဲ့ေယာက္်ားကို တစ္ခါမွ မျငဴစူခဲ့ဘူး။
သူမ နဲ႕ သူမရဲ႕မိသားစုအားလုံးက ရီကို ေက်းဇူးတင္ၾကတယ္။ ရီဟာ သူမ မိသားစု စားဝတ္ေနေရးအား အစစ အရာရာကူညီတဲ့ သူမ ေယာက္်ားေလ… ။
**************************************
သူမစိတ္ကူးယဥ္ခဲ့သလို အဆိုေတာ္ေတြ မင္းသားေတြကို ေတြ႕ခြင့္မရခဲ့ေပမယ့္ သူတို႔နဲ႕ တစ္နိုင္ငံတည္းေနရတာကိုပဲ သူမ ဝမ္းသာလွပါၿပီ…။
အိပ္မက္ေတြ တကယ္ျဖစ္လာၿပီ…။
**************************************
“အကိုတို႔ ကိုရီးယားမွာ ေနမေကာင္းျဖစ္လို႔ ေငြမရွိရွင္ ဒုကၡသိပ္ေရာက္တယ္..အသက္အာမခံရွိမွ…ညီမကို စိုးရိမ္လို႔ အသက္အာမခံေတြ လုပ္ေပးမယ္ေနာ္…”
“ဟုတ္ကဲ့….. ေက်းဇူးပါ အကို…”
ရီ ဟာ မိန္းမ ငယ္ငယ္ေခ်ာေခ်ာေလးကို စိုးရိမ္တယ္ဆိုၿပီး အသက္အာမခံေတြလုပ္ေပးေတာ့တယ္….။
**************************************
ေယာက္်ားျဖစ္သူ ရီ ဟာ ၃ ႏွစ္အတြင္း ကေမာၻဒီးယားသူေလး အတြက္ အသက္အာမခံေတြ တစ္ခုၿပီးတစ္ခုဆက္တိုက္ျပဳလုပ္ေပးေတာ့တယ္။
သာမန္ကိုရီးယားမိသားစုဆို အသက္အာမခံ တစ္ခုႏွစ္ခုေလာက္ပဲလုပ္ၾကပါတယ္။ ရိုးရိုးေနမေကာင္းရင္ ေငြေရးေၾကးေရး အကူညီရမယ့္ ရိုးရိုးအသက္အာမခံတစ္ခုေလာက္ နဲ႕ ကိုရီးယားမွာ ကင္ဆာအျဖစ္မ်ားလို႔ ကင္ဆာ အသက္အာမခံတစ္ခုေလာက္ေပါ့…
ရီက ကေမာၻဒီးယားသူေလးအတြက္ေတာ့ အသက္အာမခံ ၂၅ ခု….။
အဲဒီကတည္းက တစ္ခုခုေတာ့မွားေနၿပီ… ဒါကို ရိုးအလြန္းတဲ့ ကေမာၻဒီးယားသူေလး မေတြးနိုင္ခဲ့ဘူးေပါ့…။
သူမ ေျပာေနက်စကား…“ေက်းဇူးတင္လိုက္တာ အကိုရယ္…”
**************************************
သူမဟာ ေယာက္်ားျဖစ္သူရီရဲ႕ ကေလးကို ထိန္းေပး ..အိမ္အလုပ္ေတြဝိုင္းလုပ္…ေယာက္်ားဖြင့္ထားတဲ့ ကုန္စုံဆိုင္မွာ အလုပ္ဝင္လုပ္….ဘဝဆိုတာ သူမ စိတ္ကူးယဥ္သလို မဟုတ္ဘူးဆိုတာသိရၿပီ….။
ဒါနဲ႕ပဲ ၆ ႏွစ္ၾကာလာေတာ့ ကေမာၻဒီးယားသူေလး ကိုယ္ဝန္ရွိလာတယ္…။
သူမ ဒီလိုကိုယ္ဝန္ ရွိလာေတာ့ သူမကို နိုင္ငံက ေတာင္ကိုရီးယား နိုင္ငံသားလက္မွတ္ ေပးလိုက္တယ္။
ဒီအခ်ိန္အတိုင္းအတာအထိ ရီဟာ ေစာင့္စားေနပုံရတယ္… ဝမ္းအသာဆုံးကေတာ့ ရီ ပါပဲ….။
“ငါ့ မိန္းမ ကိုရီးယားသူျဖစ္ၿပီကြ… ဂုဏ္ယူပါတယ္မိန္းမေရ…. အကို လက္ေဆာင္ေပးမယ္..မင္းကို ကိုးရီးယား နာမည္ လွလွေလးေပးမွ…..? ”
**************************************
၂၀၁၄ ခုႏွစ္ ၆ လ ၅ ရက္ေန႕ေပါ့…။ရီ ေပးတဲ့လက္ေဆာင္ကေတာ့ အသက္အာမခံ အသစ္တစ္ခု…။
အဲဒါကေတာ့ ကိုရီးယားနိုင္ငံက “သက္ေပ်ာက္ အသက္အာမခံ” ဆိုပဲ…
ရီက ေဈးေပါေပါ သက္ေပ်ာက္အာမခံျပဳလုပ္ေပးတာမဟုတ္…. တန္ဖိုးအႀကီးဆုံးတစ္ခုကို ေဈးႀကီးႀကီးလစဥ္ေပးၿပီး ျပဳလုပ္ေပးတာျဖစ္တယ္။
အသက္ ၂၀ ေက်ာ္ပဲရွိေသးတဲ့ ကေမာၻဒီးယားသူေလးကို လိုခ်င္တာက မိတ္ကပ္လွလွ…အက်ီလၤွလွ … ရေနတာက “သက္ေပ်ာက္အာမခံ”…။
**************************************
မၾကာခင္မွာပဲ ကေမာၻဒီးယားသူေလးကို သူမေယာက္်ားက ဒီလိုစ ေျပာလာတယ္..။ကိုရီးယားဘာသာနဲ႕ေရးထားတဲ့ အဲဒီအသက္အာမခံစာခ်ဳပ္ေတြမွာ ဘာေတြေရးထားသလဲဆိုတာကို ကိုရီးယားစာ မဖတ္တတ္..နားမလည္တဲ့ ကေမာၻဒီးယားသူေလး မသိရွာဘူး…။
အထဲကစာေတြမေျပာနဲ႕ ေခါင္းစဥ္ “အသက္ေပ်ာက္ အာမခံေၾကး” ဆိုတာဘာလဲဆိုတာေတာင္ မသိ…။
(Life insurance) အသက္ေပ်ာက္ အာမခံေၾကးဆိုတာ မိမိေသဆုံးသြားရင္ အသက္အာမခံကုမၸဏီက က်န္ရစ္သူမိသားစုကို ေလွ်ာ္ေၾကးေပးတာျဖစ္တယ္။
ဆိုေတာ့.. ကေမာၻဒီးယားသူေလး ေသသြားရင္ က်န္ရစ္သူမိသားစုက ေလွ်ာ္ေၾကးေငြေတြ ရမွာေပါ့..။
အသက္ႀကီးလို႔ျဖစ္ေစ၊ အနာေရာဂါေၾကာင့္ျဖစ္ေစ၊ မိမိကိုယ္မိမိ သတ္ေသလို႔ျဖစ္ေစ၊ ေသဆုံးသြားရင္ က်န္ရစ္ သူမိသားစုက အေလွ်ာ္ ရတယ္။
ေနာက္တစ္ခု accidental death and dismemberment (AD&D) ဆိုတာကေတာ့ သူမ ကို ရီက ေနာက္ဆုံးလက္ေဆာင္ေပးလိုက္တဲ့ အသက္အာမခံေပါ့…။
အဲဒါက မေတာ္တဆထိခိုက္ၿပီး ႐ုတ္တရက္ေသဆုံးသြားရင္ က်န္ရစ္သူမိသားစုက ေလွ်ာ္ေၾကးအမ်ားႀကီးရတယ္ေလ…။ ( မွတ္ခ်က္-AD&D အာမခံအမ်ိဳးအစားကေတာ့ မိမိကိုယ္မိမိ သတ္ေသရင္ေတာ့ တစ္ျပားမွမေပးပါဘူး။ )
သူမ ဘယ္လိုပဲေသေသ ရီကေတာ့ ကေမာၻဒီးယားသူေလးကို life Insurance ေရာ၊ AD&D ေရာ ၊ အျခား အာမခံေတြေရာ အားလုံး လုပ္ထားၿပီးသား…။
ေနာက္ဆုံး တစ္ခုနဲ႕ဆို အားလုံး ၂၆ ခုရွိၿပီ..။
**************************************
၂၀၁၄ ခုႏွစ္ ၈ လပိုင္း ၂၂ ရက္ေန႕
“မိန္းမ ဒီေန႕ ကုန္စုံဆိုင္အတြက္ ပစၥည္းေတြဝယ္ဖို႔ ဆိုးလ္ၿမိဳ႕တက္ၾကရေအာင္..”
“အကို… ကြၽန္မ ကိုယ္ဝန္ေတာ္ေတာ္ရင့္ေနၿပီ… ဆီးလည္းေအာင့္လို႔မရ… ဆီးခဏခဏသြားေနရတယ္အကို… ကားအၾကာႀကီး မစီးနိုင္လို႔ပါ…”
“ညီမ မပါရင္ အကိုခရီး မသြားခ်င္လို႔ပါကြာ..”
“ညီမ ကိုယ္လက္မအီမသာျဖစ္ေနလို႔ မလိုက္ခ်င္ဘူး အကိုရယ္.. ဪ.. ေမ့ေနလို႔…မနက္ဖန္မနက္ ညီမ သူငယ္ခ်င္းေတြနဲ႕ ကေမာၻဒီးယားဟင္း ခ်က္စားဖို႔လည္း ခ်ိန္းထားေသးတယ္ အကို…။”
“လိုက္ခဲ့ပါကြာ.. အကိုတစ္ေယာက္ထဲ ပ်င္းလို႔ပါ..”
“သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းၿပီးၿပီ ဘယ္လိုလုပ္မလဲ..”
“ဖ်က္လိုက္ပါကြာ…မိန္းမရယ္..ေနာ္…”
**************************************
ကိုယ္ဝန္အရင့္အမာႀကီးနဲ႕ ကေမာၻဒီးယားသူေလးဟာေနာက္ဆုံးေတာ့ မလိုက္ခ်င္ပဲ ညႀကီးမင္းႀကီး ဆိုးလ္ၿမိဳ႕မွာ ေဈးဝယ္ဖို႔ လိုက္ခဲ့ရတယ္။
ကိုယ္ဝန္အရင့္အမာႀကီးနဲ႕ မိန္းမကို ပ်င္းလို႔ ည ၉ နာရီ ေဈးဝယ္ထြက္ဖို႔ေခၚတဲ့ ေယာက္်ားျဖစ္သူ ရီ တစ္ေယာက္ေတာ့ ေပ်ာ္႐ႊင္ေနပုံရတယ္…။
သူတို႔ ဆိုးလ္ၿမိဳ႕ကိုေရာက္ေတာ့ ၁၁ နာရီ ၃၀ မိနစ္…။
သူမနဲ႕ ေယာက္်ားျဖစ္သူ ရီ ဟာ ေဈးဝယ္ထြက္ၾကတယ္..။
ကိုယ္ဝန္အရင့္အမႀကီးနဲ႕ မနိုင္မနင္းလမ္းေလွ်ာက္ေနရေပမယ့္ ေက်းဇူးရွင္ေယာက္်ားအေရွ႕မွာ မ်က္ႏွာတစ္ခ်က္မျငႇိုးတဲ့သူမ…။
ၿပီးေတာ့ ရီက သူမကို နာမည္ႀကီးဆိုင္တစ္ဆိုင္မွာ ေခါက္ဆြဲျပဳတ္တစ္ပြဲေကြၽးတယ္..။
စားၿပီးသြားေတာ့ မနက္ ၂ နာရီထိုးေနၿပီ…။
အဲဒါဟာ သူမဘဝရဲ႕ေနာက္ဆုံးညစာျဖစ္ခဲ့တယ္ဆိုတာကိုလည္း သူမ မသိခဲ့ဘူးေလ…။
**************************************သူမ မသိခဲ့တာေတြ သိပ္မ်ားခဲ့တယ္..။
**************************************
ေဈးဝယ္ၿပီး အိမ္အျပန္လမ္းမွာေပါ့…။
အႏၲရာယ္ရွိတဲ့ အေဝးေျပးလမ္းမႀကီးမွာ ထိုင္ခုံခါးပတ္ မပတ္ပဲအိပ္ေပ်ာ္ေနပုံရတဲ့ ကိုယ္ဝန္ေဆာင္မိခင္… သူမ…။
သူမ နံေဘးမွာေတာ့ ကားေမာင္းေနတဲ့ ေယာက္်ားျဖစ္သူ ရီ.. အေဝးေျပးလမ္းမႀကီးေပၚမွာ…ႏွစ္ေယာက္တည္း…။
ကားေတြကလည္း ေတာ္ေတာ္ရွင္းေနတယ္..။
ကေမာၻဒီးယားသူေလးဟာ ကားအေရွ႕ခန္းမွာ တုတ္တုတ္မွ မလႈပ္..။
ေယာက္်ားျဖစ္သူ ရီ ကေတာ့ ထိုင္ခုံခါးပတ္ အေသအခ်ာပတ္ၿပီး သတိႀကီးစြာကားေမာင္းေနရင္းေပါ့….။
အရွိန္နဲ႕ ရီ ေမာင္းလာတဲ့ကားဟာ တည့္တည့္မသြားပဲ တျဖည္းျဖည္းနဲ႕ လမ္းေဘးဖက္ေစာင္းၿပီး ကို ဦးတည္လာပါေလေရာ…။
အဲဒါက မေတာ္တဆထိခိုက္ၿပီး ႐ုတ္တရက္ေသဆုံးသြားရင္ က်န္ရစ္သူမိသားစုက ေလွ်ာ္ေၾကးအမ်ားႀကီးရတယ္ေလ…။ ( မွတ္ခ်က္-AD&D အာမခံအမ်ိဳးအစားကေတာ့ မိမိကိုယ္မိမိ သတ္ေသရင္ေတာ့ တစ္ျပားမွမေပးပါဘူး။ )
သူမ ဘယ္လိုပဲေသေသ ရီကေတာ့ ကေမာၻဒီးယားသူေလးကို life Insurance ေရာ၊ AD&D ေရာ ၊ အျခား အာမခံေတြေရာ အားလုံး လုပ္ထားၿပီးသား…။
ေနာက္ဆုံး တစ္ခုနဲ႕ဆို အားလုံး ၂၆ ခုရွိၿပီ..။
**************************************
၂၀၁၄ ခုႏွစ္ ၈ လပိုင္း ၂၂ ရက္ေန႕
“မိန္းမ ဒီေန႕ ကုန္စုံဆိုင္အတြက္ ပစၥည္းေတြဝယ္ဖို႔ ဆိုးလ္ၿမိဳ႕တက္ၾကရေအာင္..”
“အကို… ကြၽန္မ ကိုယ္ဝန္ေတာ္ေတာ္ရင့္ေနၿပီ… ဆီးလည္းေအာင့္လို႔မရ… ဆီးခဏခဏသြားေနရတယ္အကို… ကားအၾကာႀကီး မစီးနိုင္လို႔ပါ…”
“ညီမ မပါရင္ အကိုခရီး မသြားခ်င္လို႔ပါကြာ..”
“ညီမ ကိုယ္လက္မအီမသာျဖစ္ေနလို႔ မလိုက္ခ်င္ဘူး အကိုရယ္.. ဪ.. ေမ့ေနလို႔…မနက္ဖန္မနက္ ညီမ သူငယ္ခ်င္းေတြနဲ႕ ကေမာၻဒီးယားဟင္း ခ်က္စားဖို႔လည္း ခ်ိန္းထားေသးတယ္ အကို…။”
“လိုက္ခဲ့ပါကြာ.. အကိုတစ္ေယာက္ထဲ ပ်င္းလို႔ပါ..”
“သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းၿပီးၿပီ ဘယ္လိုလုပ္မလဲ..”
“ဖ်က္လိုက္ပါကြာ…မိန္းမရယ္..ေနာ္…”
**************************************
ကိုယ္ဝန္အရင့္အမာႀကီးနဲ႕ ကေမာၻဒီးယားသူေလးဟာေနာက္ဆုံးေတာ့ မလိုက္ခ်င္ပဲ ညႀကီးမင္းႀကီး ဆိုးလ္ၿမိဳ႕မွာ ေဈးဝယ္ဖို႔ လိုက္ခဲ့ရတယ္။
ကိုယ္ဝန္အရင့္အမာႀကီးနဲ႕ မိန္းမကို ပ်င္းလို႔ ည ၉ နာရီ ေဈးဝယ္ထြက္ဖို႔ေခၚတဲ့ ေယာက္်ားျဖစ္သူ ရီ တစ္ေယာက္ေတာ့ ေပ်ာ္႐ႊင္ေနပုံရတယ္…။
သူတို႔ ဆိုးလ္ၿမိဳ႕ကိုေရာက္ေတာ့ ၁၁ နာရီ ၃၀ မိနစ္…။
သူမနဲ႕ ေယာက္်ားျဖစ္သူ ရီ ဟာ ေဈးဝယ္ထြက္ၾကတယ္..။
ကိုယ္ဝန္အရင့္အမႀကီးနဲ႕ မနိုင္မနင္းလမ္းေလွ်ာက္ေနရေပမယ့္ ေက်းဇူးရွင္ေယာက္်ားအေရွ႕မွာ မ်က္ႏွာတစ္ခ်က္မျငႇိုးတဲ့သူမ…။
ၿပီးေတာ့ ရီက သူမကို နာမည္ႀကီးဆိုင္တစ္ဆိုင္မွာ ေခါက္ဆြဲျပဳတ္တစ္ပြဲေကြၽးတယ္..။
စားၿပီးသြားေတာ့ မနက္ ၂ နာရီထိုးေနၿပီ…။
အဲဒါဟာ သူမဘဝရဲ႕ေနာက္ဆုံးညစာျဖစ္ခဲ့တယ္ဆိုတာကိုလည္း သူမ မသိခဲ့ဘူးေလ…။
**************************************သူမ မသိခဲ့တာေတြ သိပ္မ်ားခဲ့တယ္..။
**************************************
ေဈးဝယ္ၿပီး အိမ္အျပန္လမ္းမွာေပါ့…။
အႏၲရာယ္ရွိတဲ့ အေဝးေျပးလမ္းမႀကီးမွာ ထိုင္ခုံခါးပတ္ မပတ္ပဲအိပ္ေပ်ာ္ေနပုံရတဲ့ ကိုယ္ဝန္ေဆာင္မိခင္… သူမ…။
သူမ နံေဘးမွာေတာ့ ကားေမာင္းေနတဲ့ ေယာက္်ားျဖစ္သူ ရီ.. အေဝးေျပးလမ္းမႀကီးေပၚမွာ…ႏွစ္ေယာက္တည္း…။
ကားေတြကလည္း ေတာ္ေတာ္ရွင္းေနတယ္..။
ကေမာၻဒီးယားသူေလးဟာ ကားအေရွ႕ခန္းမွာ တုတ္တုတ္မွ မလႈပ္..။
ေယာက္်ားျဖစ္သူ ရီ ကေတာ့ ထိုင္ခုံခါးပတ္ အေသအခ်ာပတ္ၿပီး သတိႀကီးစြာကားေမာင္းေနရင္းေပါ့….။
အရွိန္နဲ႕ ရီ ေမာင္းလာတဲ့ကားဟာ တည့္တည့္မသြားပဲ တျဖည္းျဖည္းနဲ႕ လမ္းေဘးဖက္ေစာင္းၿပီး ကို ဦးတည္လာပါေလေရာ…။
**************************************
အဲဒီညက သူတို႔လင္မယား အိမ္ကထြက္လာေတာ့ ည ၉ နာရီထိုးေတာ့မယ္…။ေတာင္ကိုရီးယားနိုင္ငံရဲ႕ အေဝးေျပးလမ္းမႀကီးေတြမွာ အေရးေပၚကားပ်က္တာမ်ိဳး ၊ ကားမေမာင္းနိုင္တာမ်ိဳးတို႔ ျဖစ္လာရင္ လမ္းေဘးအစြန္ဖက္မွာ ကားရပ္ဖို႔ေနရာ ( emergency parking strip)ေတြ စီစဥ္ေပးထားေလ့ရွိပါတယ္။
အဲဒီကားလမ္းနံေဘးမွာ ကြန္တိန္နာကားႀကီးတစ္ခုရပ္ထားတယ္။
ေယာက္်ားျဖစ္သူ ရီ ဟာ အဲဒီလမ္းေဘးမွာရပ္ထားတဲ့ ၈ တန္ေလးတဲ့ ကြန္တိန္နာကားႀကီး ကို သူ႕ကားနဲ႕ ဝင္တိုက္ပစ္လိုက္တယ္။
အခ်ိန္က မနက္ ၃ နာရီ ၄၁ မိနစ္ ..,။
**************************************
ထူးထူးဆန္းဆန္း ကေမာၻဒီးယားသူေလးထိုင္ေနတဲ့ဘက္က ကားတစ္ျခမ္းပဲ ကြန္တိန္နာကားႀကီးနဲ႕ ဝင္တိုက္မိတာ….။
ကားေမာင္းတဲ့ ရီ ရွိတဲ့တစ္ျခမ္းကေတာ့ သိပ္အထိအခိုက္မရွိ…။
သူမနဲ႕ သူမဗိုက္ထဲမွာရွိတဲ့ကေလးေလးရွိတဲ့ ကားတျခမ္းလုံးဟာ ကြန္တိန္နာေအာက္ထဲကိုလုံးလုံးဝင္သြားတယ္…။
**************************************
“၁၁၉ ကပါလားခင္ဗ်… ကြၽန္ေတာ္ ကားေမာင္းရင္း အိပ္ငိုက္သြားလို႔ ရပ္ထားတဲ့ ကားႀကီးကို အေနာက္ကေနဝင္တိုက္မိတာ..ကယ္ၾကပါဦးခင္ဗ်ာ…..”
ကယ္ဆယ္ေရးအဖြဲေတြေရာက္လာေတာ့လရီ ဟာ ဝမ္းနည္းစြာငိုခ်လိဳက္တယ္…။
“ကားထဲမွာဘယ္သူေတြပါေသးလဲခင္ဗ်…”
ရီကမေျဖ…။
ေနာက္တစ္ေယာက္ကထပ္ေမးတယ္။
“ကိုယ္ဝန္နဲ႕ ကြၽန္ေတာ့္မိန္းမ….မိန္းမေရ…အျဖစ္ဆိုးလွခ်ည္လား မိန္းမရယ္…မိန္းမဘယ္မွာလဲ ရွာေပးပါခင္ဗ်…”
*************************************
သူမကို ကြန္တိန္နာကားေအာက္က ခက္ခက္ခဲခဲ ထုတ္ယူခဲ့ရတယ္…။
“ကြၽန္မတို႔ ၁၁၉ အသက္ကယ္ဆယ္ေရးပါရွင့္…။ ကြၽန္မတို႔ ကားေရာက္လာေတာ့ ကားအေရွ႕ပိုင္း တစ္ျခမ္းက ကြန္တိန္နာေအာက္ကိုေရာက္ေနပါတယ္။ ကေမာၻဒီးယားသူေလးထိုင္ေနတဲ့ ဘက္က ကားျပဴတင္းေပါက္ပြင့္ေနပါတယ္။ကေမာၻဒီးယားသူေလးလက္တစ္ဖက္က ကားတခါးေဘာင္ေပၚကေန အျပင္ကိုထြက္ေနတယ္…။ကြၽန္မ လက္ေကာက္ဝတ္ကို ဖမ္းကိုင္လိုက္တယ္။ တကိုယ္လုံးေအးစက္ၿပီး ေသေနပါၿပီ…ရဲတပ္ဖြဲ႕ဝင္ေတြ အျမန္ဆုံးလာပါ…”
ကယ္ဆယ္ေရးဝန္ထမ္းကရဲစခန္းကို ဖုန္းဆက္လိုက္တယ္။
ရဲကား.. အေရးေပၚအသက္ကယ္ ေဆး႐ုံကား.. သတင္းသမားေတြ အေဝးေျပးလမ္းမေပၚ အေျပးေရာက္လာၾကတယ္။
**************************************
“အသက္ ၂၄ ႏွစ္ရွိတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေလးစီးလာတဲ့ကားဟာ အေဝးေျပးလမ္းနေဘးမွာ ရပ္ထားတဲ့ ထရပ္ကားကို ဝင္တိုက္ၿပီး သူမဟာ ပြဲခ်င္းၿပီးေသဆုံးသြားပါတယ္။ ”
“အမ်ိဳးသမီးေလးဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ ကေမာၻဒီးယားနိုင္ငံသူေလးျဖစ္ၿပီး အသက္ ၄၃ ႏွစ္အ႐ြယ္ ကိုရီးယားအမ်ိဳးသား ရီ နဲ႕ လက္ထပ္ထားသူျဖစ္ပါတယ္။”
ဒီအေၾကာင္းဟာ ၂၀၁၄ ခုႏွစ္ ၈ လပိုင္း ၂၃ ရက္ေန႕မွ သတင္းထဲပါလာတယ္။
ေယာက္်ားျဖစ္သူ ရီ ကေတာ့ ထိခိုက္ပြန္းပဲ့ဒါဏ္ရာ အနည္းငယ္ပဲရသြားတယ္တဲ့….။
****************************************” ကြၽန္ေတာ္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့မိန္းမကို မၾကည့္ရက္ဘူး..အျမန္ဆုံးသျဂၤိုလ္ခ်င္တယ္…”
ရီဟာ ေနာက္တေန႕က်ေတာ့ သူမအေလာင္းကိုခ်က္ျခင္း မီးသျဂၤိုလ္လိုက္တယ္..။
*************************************
သူမ ေသဆုံးၿပီး ၁၁ ရက္အၾကာ…ရီဟာ အသက္အာမခံဌာနကို ဖုန္းဆက္တယ္..။
ကိုယ္ဝန္ ၇ လနဲ႕ ကြၽန္ေတာ့္မိန္းမ ကားတိုက္မႈနဲ႕ ေသဆုံးသြားပါၿပီ… ဒါေၾကာင့္ အသက္အာမခံေၾကးေလွ်ာက္ထားပါတယ္..”
အသက္ အာမခံအားလုံး ၂၆ ခုဆိုေတာ့ စုစုေပါင္းရီ ရ မယ့္ေငြဟာ
“သိန္းေပါင္း ၉ ေသာင္း ၅ ေထာင္…။”
သိန္းေပါင္း ၉၅၀၀၀…။
************************************
အသက္အာမခံဌာနက ရဲစခန္းကို ခ်က္ခ်င္း အေၾကာင္းၾကားတယ္။
ဒါဟာ လုပ္ႀကံမႈေလ…။ဘယ္သူ႕ေမးေမး ဒါဟာ လုပ္ႀကံသတ္ျဖတ္မႈပါ…။
“ဟာ… ရက္စက္လိုက္တာ..!”
ရဲေထာက္လွမ္းေရးေတြက အဲဒီေတာ့မွ အလန႔္တၾကား စုံစမ္းၾကတယ္…။
အေဝးေျပးလမ္းတေလွ်ာက္လုံးက CCTV ေတြကိုအားကိုးတႀကီးၾကည့္ၾကတယ္…။
နားေနတဲ့ေနရာ ( rest area ) ေပၚမွာ ရီ ေမာင္းလာတဲ့ကားဟာတစ္ခါရပ္သြားၿပီး ေယာက္်ားျဖစ္သူက အိမ္သာသြားတာေတြ႕ရတယ္။
ဆီးခဏခဏသြားတတ္တဲ့ ကိုယ္ဝန္ေဆာင္မိန္းမကေတာ့ ကားထဲကထြက္လာတာ မေတြ႕ရ…။
သူမဟာ အဲဒီကတည္းက ေသေနၿပီလား မသကၤာစရာ…။
ၿပီးေတာ့…CCTV မွာေပၚေနတဲ့ ရီေမာင္းလာသည့္ကားဟာ ဘယ္လိုပဲၾကည့္ၾကည့္ တမင္သက္သက္ ကြန္တိန္နာႀကီးကို ဝင္တိုက္ေနတယ္ေလ…။
ရီ ေမာင္းလာတဲ့ကားဟာ လမ္းေဘးဖက္ေစာင္းၿပီး ကိုဦးတည္ေနရင္ ဆက္တိုက္ ေစာင္းၿပီးကားတစ္ခုလုံး ဝင္တိုက္မွာေပါ့…။ရီဟာ ကားကို လမ္းေဘးဖက္ကို ေစာင္းၿပီးေမာင္းေနရာက သူထိမွာစိုးလို႔ ကားကို ျပန္တည့္လိုက္တာ CCTV မွာေပၚေနတယ္။
သူ႕ကိုထိလို႔မျဖစ္ဘူးေလ..။
CCTV မွာ ကားထဲက ရီရဲ႕မ်က္ႏွာကို ေသခ်ာမျမင္ရေတာ့ တကယ္အိပ္ငိုက္ မငိုက္ သက္ေသျပလို႔မရ..။
ဒါေၾကာင့္ရီက
“ကြၽန္ေတာ္ အိပ္ငိုက္ေနလို႔ ကားကို ေစာင္းလိုက္ တည့္လိုက္ ေမာင္းေနမိတာျဖစ္ပါတယ္” ဆိုတာခ်ည္းပဲ ေျပာေနတာေပါ့…။
အိပ္ငိုက္ၿပီး ကားတိုက္တာကလည္း သူ႕ကိုယ္သူမထိခိုက္ေအာင္ မိန္းမဘက္တစ္ျခမ္းတည္း…။
အေတာ္ အရွက္မရွိတဲ့လူယုတ္မာ…။
*************************************
ရဲေထာက္လွမ္းေရးေတြဟာ အဲဒီအခ်က္အလက္ေတြကိုစုၿပီး ရီ ကို လူသတ္မႈနဲ႕ ဖမ္းဆီးလိုက္တယ္..။
ကေမာၻဒီးယား မိန္းမငယ္ေသဆုံးသြားၿပီး ၃ လအၾကာေပါ့…။
ေယာက္်ားျဖစ္သူ ရီ က ဒီလိုေျပာတယ္…။
“ကြၽန္ေတာ့္ မိန္းမနဲ႕ကေလး ေသဆုံးသြားလို႔ ေသမတတ္ခံစားေနရပါတယ္… ကြၽန္ေတာ့္ကို သံသယျဖစ္ရက္တယ္ဗ်ာ.. ခင္ဗ်ားတို႔ လူမဟုတ္ဘူးလား..?”…တဲ့။
ေထာက္လွမ္းေရးကဒီလိုျပန္ေျပာတယ္…။
” လူမဟုတ္တဲ့သူက ဘယ္သူလဲ သိခ်င္လို႔ပါခင္ဗ်ာ..”
*************************************
ကေမာၻဒီးယားသူေလးေသဆုံးတဲ့ညက အေလာင္းကို မီးမသျဂၤိုလ္ခင္ ထုံးစံအတိုင္း ေဆး႐ုံက ေဆးစစ္ခဲ့တယ္။ ရဲေထာက္လွမ္းေရးေတြကေတာင္း ၾကည့္လိုက္ေတာ့
“အစာအိမ္ထဲ၌ အိပ္ေဆးကိုေတြ႕ရသည္”လို႔ ေရးထားတယ္..။
ဒါေပမဲ့ ဘယ္ေလာက္ အိပ္ေဆး ပမာဏဘယ္ေလာက္အထိရွိသလဲဆိုတာ ထပ္စစ္ခြင့္မရွိေတာ့ …။ အေလာင္းက မီးသျဂၤိုလ္လိုက္ၿပီေလ…။
အဲဒီတုန္းက အသက္အာမခံေၾကးအေၾကာင္းမသိၾကေသးတဲ့ ရဲေထာက္လွမ္းေရးေတြက ရိုးရိုးကားတိုက္မႈဆိုၿပီး အေလးမထားခဲ့….။
*************************************
အိပ္ေဆး..?
ကိုယ္ဝန္ေဆာင္တစ္ေယာက္ကို ဆရာဝန္ေတြဟာ အိပ္ေဆးမေပးဘူးေလ…။
ကေမာၻဒီးယားသူေလးရဲ႕သူငယ္ခ်င္းမက ဒါနဲ႕ပတ္သက္ၿပီးေျပာေျပတယ္..။
“သူငယ္ခ်င္းက အဖ်ားေပ်ာက္ေဆးေသာက္မိလို႔ ပထမကိုယ္ဝန္ပ်က္က်ဖဴးတယ္။ အဲဒီတုန္းက သူ မဂၤလာေဆာင္ၿပီးတာ ၃ လပဲရွိေသးတာ..။ အခု ဒုတိယကိုယ္ဝန္မွာ ေဆးဆိုလုံးဝမေသာက္ပဲ ေဝးေဝးေရွာင္ေနတာပါ။ ကြၽန္မ သူငယ္ခ်င္း အိပ္ေဆးေသာက္တယ္ဆိုတာလုံးဝကို မျဖစ္နိုင္ဘူး ။တစ္ေယာက္ေယာက္က အိပ္ေဆးခတ္လိုက္တာပါ..”
***********************************
ၿပီးေတာ့…
ကေမာၻဒီးယားသူေလး အေလာင္းကို ကယ္ဆယ္ေရးဝန္ထမ္းက ပထမဆုံးထိကိုင္လိုက္ေတာ့ ေအးစက္ေတာင့္တင္းေနတယ္..။
ေသၿပီးကာစဆို ဒီလိုေတာင့္တင္းေနပါ့မလား..?
***********************************
ေနာက္တစ္ခ်က္ရွိေသးတယ္..။
လူတစ္ေယာက္ေသဆုံးသြားၿပီးရင္ ေသြးေတြဟာ မလည္ပတ္ေတာ့တာေၾကာင့္ ကိုယ္ခႏၶာမွာရွိတဲ့ေသြးေတြဟာ နိမ့္ရာအပိုင္းကို အနည္ထိုင္ စုေဝးသြားၾကတယ္။ ဒီလိုျဖစ္ဘို႔ ၄ နာရီၾကာပါတယ္။
ဥပမာ- အေလာင္းက ပက္လက္ အိပ္ေနတဲ့ပုံစံဆိုပါေတာ့.. ေသြးေတြက ၾကမ္းျပင္နဲ႕ထိေနတဲ့ ေက်ာကုန္းဖက္ကိုစုတယ္။
ကေမာၻဒီးယားသူေလးက ထိုင္ေနတာဆိုေတာ့ ေျခေထာက္ပိုင္းမွာ ေသြးေတြစုေဝးလာတယ္။
ကားတိုက္မႈျဖစ္တာ ၁၄ မိနစ္ပဲရွိေသးတဲ့အခ်ိန္မွာ ကေမာၻဒီးယားသူေလးရဲ႕ အေလာင္း ေျခေထာက္ပိုင္းမွာ ေသြးေတြစုၿပီး ညိုမည္းေနတာကို ကယ္ဆယ္ေရးဝန္ထမ္းက မသကၤာလို ဓာတ္ပုံရိုက္ထားခဲ့တယ္။
ကေမာၻဒီးယားသူေလးဟာ ကားတိုက္မႈမျဖစ္ခင္ကတည္းက အသက္မရွိေတာ့ဘူးလို႔ ပညာရွင္ေတြက ခန႔္မွန္းၾကတယ္။
ဒါေပမဲ့ အေလာင္းကမရွိေတာ့ … ဓာတ္ပုံသက္ေသက မခိုင္မာ…။
***********************************
အသက္အာမခံ႒ာနနဲ႕ ရဲေထာက္လွမ္းေရးေတြက အမႈမွန္ကိုေဖာ္ထုတ္ဖို႔ ႀကိဳးစားၾကတယ္..။
ဒါေပမဲ့ သူတို႔အားလုံးေနာက္က်သြားပါၿပီ..။
အေလာင္းကို မီးရွို႔သျဂၤိုလ္လိုက္ပါၿပီဆိုမွ….။
*************************************
ဘာပဲျဖစ္ျဖစ္ ရီကို ရဲေထာက္လွမ္းေရးေတြက တရားစ စြဲၾကတယ္….။
ေအာက္ေျခ တရား႐ုံးက တရားသူႀကီးက သက္ေသအေထာက္အထား မျပည့္စုံလို႔ အမႈကေန ကြင္းလုံးကြၽတ္ တရားေသလႊတ္ေပးလိုက္တယ္။
ေတာင္ကိုရီးယား ဥပေဒမွာ သက္ေသဟာ သိပ္အေရးႀကီးပါတယ္။
ရဲေထာက္လွမ္းေရးေတြက လက္မေလွ်ာ့…။ ဒီထက္ပိုျမင့္တဲ့ တရား႐ုံးကို တဆင့္တက္ၿပီး တရားစြဲၾကျပန္တယ္။
************************************
ဒါနဲ႕…ရီ ဟာ ေသမတတ္ခံစားေနတယ္တဲ့လား…?
ကေမာၻဒီးယားသူေလးရဲ႕ သူငယ္ခ်င္းေတြေျပာတာနဲ႕ေတာ့ တလြဲစီ…..။
“အသုဘခ်မယ့္ေန႕က ကြၽန္မတို႔က ဝမ္းနည္းလြန္းလို႔ ေရေတာင္မေသာက္နိုင္တဲ့အခ်ိန္မွာ ရီ က ထမင္းေတြ အားရပါးရစားေနတာမ်ား ျမင္လို႔ေတာင္မေကာင္းဘူး..”
ဒါကို မယုံလို႔ ရီ ကို စိတ္ပညာရွင္ေတြက စစ္ေဆးၾကည့္ေတာ့ ရီဟာ ဝမ္းနည္းမႈကို လုံးဝမခံစားရပဲ စိတ္ေပ်ာ္႐ႊင္ေနတာကို ေတြ႕ရတယ္…။
ဒါေပမဲ့ ရီ ရဲ႕ပါးစပ္ကေတာ့
“ေသခ်င္တယ္ဗ်ာ…မိန္းမနဲ႕ကေလးကိုစြန႔္လႊတ္လိုက္ရလို႔ ေသရပါေတာ့မယ္.. သူတို႔အစား ကြၽန္ေတာ္သာ ေသလိုက္ပါေတာ့..” မ်က္ရည္ေတာ့ တစ္စက္မွမက်….။
စိတ္ပညာရွင္မွတ္ခ်က္ကေတာ့…
“ရီ …ဝမ္းသာေနသည္…”
*************************************
သူမ အသက္အာမခံ ၂၆ ခုထဲမွာ ကားေတာင္မေမာင္းတတ္တဲ့ သူမအတြက္ မေတာ္တဆကားတိုက္မႈအသက္အာမခံက ၁၁ ခု …ဒါ ယုတၱိရွိသလား..။
*************************************ရွိေသးတယ္…။ရီဟာ ကားေမာင္းရင္ ဘယ္ေသာအခါမွ ကားထိုင္ခုံခါးပိတ္ကို ပတ္ေလ့မရွိဘူးတဲ့…။
အဲဒီေန႕က ရီရဲ႕ကား အေဝးေျပးလမ္းမေပၚ စ ေမာင္းတုန္းက ရီဟာ ထိုင္ခုံခါးပတ္မပတ္ထားဘူး။
ရီဟာ ကားတိုက္မႈမျဖစ္ခင္ ၁ နာရီေလာက္အလိုမွာ ထိုင္ခုံခါးပတ္ပတ္ကိုပတ္လိုက္တယ္။
ဒါဟာသိပ္ထူးဆန္းမေနဘူးလား..?
*************************************
ဒီအခ်က္ေတြကို ေထာက္ျပၿပီး ရဲေထာက္လွမ္းေရးတို႔က တရား႐ုံးကိုထပ္တက္တာေပါ့…။ဒီတစ္ခါေတာ့ တရားသူႀကီးက လူသတ္မႈဆိုတာ အတည္ျပဳလိုက္တယ္…။
“မေသမခ်င္း အလုပ္ၾကမ္းႏွင့္ေထာင္ဒါဏ္”…လို႔ အျပစ္ခ်လိဳက္တယ္။
ကဲ…သူမ်ားသမီးပ်ိဳကို သတ္ပစ္ဖို႔ ေခၚယူလာတဲ့ လူယုတ္မာ.. ကိုယ့္ရင္ေသြးကို ရက္ရက္စက္စက္သတ္ပစ္တဲ့လူမဆန္သူ…။
ေထာင္ထဲမွာ ေသတဲ့အထိအျပစ္ခံေပေတာ့..လို႔ ေတာင္ကိုရီးယားျပည္သူေတြ ဝမ္းသာၾကျပန္တယ္..။
*************************************
ရီကလည္း ဒီအတိုင္းေနမလား…. အျမင့္ဆုံးတရား႐ုံးကိုတက္ၿပီး အယူခံဝင္ျပန္တယ္..။
ဒါဟာ သူ႕အတြက္ ေနာက္ဆုံးအခြင့္အေရးေလ…။ သေဌးျဖစ္မလား ..ေခြးျဖစ္မလား….။
ဒီလိုနဲ႕ တရားစီရင္မယ့္ ေနာက္ဆုံးေန႕ကို ေရာက္လာခဲ့တယ္…။
၂၀၁၇ ခုႏွစ္ ၅ လပိုင္း ၃၁ရက္ေန႕
တရားသူႀကီးက ရီကို ေသဒါဏ္ေပးခ်င္ေလာက္ေအာင္ ႐ြံရွာေပမဲ့ သက္ေသအလြန္အားနည္းတာေၾကာင့္ အမႈက ကြင္းလုံးကြၽတ္ တရားေသ လႊတ္ေပးလိုက္တယ္…။
*************************************
ဇာတ္လမ္းကၿပီးၿပီ…။
ရီတို႔မိသားစုဟာ သူတို႔တစ္သက္လုံးသာမက ေျမးေတြျမစ္ေတြပါ ထိုင္စားလို႔ မကုန္နိုင္တဲ့ေငြြြေတြရသြားတယ္..။
ကေမာၻဒီးယားသူေလး နဲ႕ ဗိုက္ထဲကေလးေလးကေတာ့ ေသေပးလိုက္ရတယ္။
ဒီလို…ဒီဇာတ္လမ္းရဲ႕ နိဂုံးဟာ “သိန္းေပါင္း ၉ ေသာင္း ၅ ေထာင္အတြက္ တန္ဖိုးရွိသည့္အသက္ ႏွစ္ေခ်ာင္း ရက္ရက္စက္စက္ စေတးလိုက္သည္..” ေပါ့…။
*************************************
သူမ ေသသြားၿပီျဖစ္တယ္…။
သူမ သိပ္ေရာက္ဖူးခ်င္တဲ့ ေတာင္ကိုရီးယားမွာသူမ ၆ ႏွစ္နီးပါးေနလိုက္ရတယ္…. ။
KPOP..?လက္ေတြ႕မွာေတာ့ TV ကလာတဲ့ KPOP ေတြကိုေတာင္ နားေထာင္ဖို႔ ၾကည့္ဖို႔ အခ်ိန္မရခဲ့…။
အပိုင္းဆက္ ဒရမ္မာေတြဆို ေဝးေသး…။
ရီ႕ကေလးကို သူမကေလးလို အႏြံအတာခံၿပီး .. အလုပ္ေတြနဲ႕ အၿမဲလုပ္ေနတဲ့သူမ…။
သူမ မိဘေတြကို ေငြပို႔ေပးတတ္လို႔ ေက်းဇူးရွင္ ဆိုၿပီး ေယာက္်ားကို နတ္တစ္ပါးလို ကိုးကြယ္ခဲ့တဲ့သူမ..,။
မိဘကို လြမ္းေဆြးတမ္းတလြန္းလို႔ လူမသိ သူမသိငိုေႂကြးမိတဲ့ေန႕ေတြမွာေတာ့ မ်က္ရည္ေတြနဲ႕ သူမ…။
အခ်ိန္တန္ေတာ့ ရီက သူမကို အသက္ရွင္ခြင့္မေပးေတာ့ဘူး….။
သူမ သိပ္ခ်စ္ရတဲ့ရင္ေသြးေလးနဲ႕အတူ ေတာင္ကိုရီးယားရဲ႕ အေဝးေျပးလမ္းမေပၚမွာ ဒီလို ပက္ပက္စက္စက္ေသခဲ့ရၿပီ..။
*************************************
ေတာင္ကိုရီးယားနိုင္ငံမွာရွိတဲ့ ကေမာၻဒီးယားသံ႐ုံးဝန္ထမ္းေတြဟာ အေတာ္ ခံျပင္းၾကတယ္။
အဲဒီအခ်ိန္ကစၿပီး ၉၉% ကေမာၻဒီးယား အမ်ိဳးသမီးေတြ ေတာင္ကိုရီးယားအမ်ိဳးသားေတြနဲ႕ လက္မထပ္ၾကေတာ့ဘူး…။
ကေမာၻဒီးယားတစ္နိုင္ငံလုံး စိတ္မေကာင္းေပမဲ့ ဘာတတ္နိုင္မွာတဲ့လဲ..။
ေတာင္ကိုရီးယားနဲ႕ ကေမာၻဒီးယား စစ္ျဖစ္ၾကမွာလား..?
ကေမာၻဒီးယားသူေလးအတြက္ အမႈစစ္တာဝန္က်တဲ့ ေတာင္ကိုရီးယား ရဲေထာက္လွမ္းေရးေတြက တကယ့္ကို အစြမ္းကုန္ႀကိဳးစားေပးခဲ့ပါတယ္။
အသက္အာမခံဌာနကလည္း အရႈံးေပၚၿပီမို႔ ဒီအမႈကို အမွန္အတိုင္းျဖစ္ဖို႔ အလြတ္စုံေထာက္ေတြနဲ႕ အမ်ိဳးမ်ိဳးစုံစမ္းၾကတယ္။
တရားသူႀကီးကလည္း နိုင္ငံတကာကပို႔တဲ့ ” တရားမွ်တပါ..” ဆိုတဲ့စာေတြၾကားမွာ မနည္းဆုံးျဖတ္ခဲ့ရတယ္။ဘယ္သူမွ မတတ္နိုင္…။ရီ ဟာ အကြက္ေစ့လွတယ္..။
*************************************
ဒါဟာ လူသတ္မႈလား လူေသမႈလားလို႔ အနားကျဖတ္သြားတဲ့ေခြးေလးတစ္ေကာင္ကို ေမးၾကည့္ရင္ေတာင္ သိဦးမယ္။
ဒါေပမယ့္ ဒီနိုင္ငံရဲ႕ဥပေဒအရ သက္ေသမရွိရင္ ဘာမွျဖစ္မလာဘူးေလ…။
SBS ႐ုပ္ျမင္သံၾကားကေတာ့ ဒီအမႈကို အခုအခ်ိန္အထိ လက္မေလွ်ာ့ေသးပဲ ႀကိဳးစားေနဆဲ…။
ဒါေပမဲ့ အျမင့္ဆုံးတရား႐ုံးက အမိန႔္ခ်ၿပီးၿပီဆိုရင္ေတာ့ ေမွ်ာ္လင့္ခ်က္မရွိေတာ့ၿပီ…။
*************************************
သူမကို ဘာလို႔ကိုယ္ဝန္ရွိလာမွ သတ္တာလဲ…..?
ေတာင္ကိုရီးယား ဥပေဒအရ ကိုယ္ဝန္ရွိလာမွ ကေမာၻဒီးယားသူေလးက ကိုရီးယား နိုင္ငံသားကဒ္ အျမန္ရတယ္ေလ..။
ဒီလိုနိုင္ငံသားကဒ္ရေတာ့ရီဟာ ပိုက္ဆံအရဆုံး AD&D အသက္အာမခံ ထားလို႔ရခဲ့တာေပါ့…။
ဒါဟာ ႏွစ္ရွည္ စီမံကိန္းတစ္ခု…။ရီ ေစာင့္နိုင္ပါတယ္…,၁၈ ႏွစ္သမီးပ်ိဳေလးနဲ႕ ၆ ႏွစ္ေပါင္းခဲ့ရတာ နည္းတဲ့အျမတ္လား..။အိမ္အလုပ္ေတြလည္းကူလုပ္ေသးတယ္..။ကေလးအတြက္လည္း အိမ္အကူတစ္ေယာက္ ေငြေပးၿပီးငွားမယ့္အစား ဒီပိုက္ဆံကို သူမ မိသားစုေထာက္ပံ့ေတာ့ ေက်းဇူးေတာင္ အတင္ခံရေသး…။ေနာက္ဆုံး တစ္သက္စားမကုန္တဲ့ေငြေတြ အသက္နဲ႕လဲၿပီး ပုံေပးသြားခဲ့တဲ့ မိန္းမေလ…။အေတာ့္ကို ဟန္က်ခဲ့တာေပါ့..။
*************************************
ေငြဟာ သက္ရွိလူသားေတြရဲ႕ အသက္ေတြကို လမ္းေပၚက အမွိုက္စေလးေတြလိုေျပာင္းလဲပစ္ခဲ့တယ္..။
အသက္အာမခံေၾကးေၾကာင့္ ကိုရီးယားမွာ၊ဂ်ပန္မွာ သူတို႔လူမ်ိဳးအခ်င္းခ်င္းေတာင္ အမ်ိဳးမ်ိဳးလွည့္ပတ္ၿပီးသတ္ေနၾကပါတယ္။
သက္ေပ်ာက္ အသက္အာမခံေၾကးဆိုတာ က်န္ရစ္သူမိသားစုမွ လက္ခံရရွိတာမို႔ မိသားစုအခ်င္းခ်င္း သတ္ျဖတ္မႈေတြျဖစ္လာတယ္။
ဒါေၾကာင့္ လက္ထပ္ၿပီး ေတာ္စပ္လာတဲ ေသြးမစပ္ မိသားစုဝင္အသစ္ေတြကေတာ့ အႏၲရာယ္အမ်ားဆုံးေပါ့…။
*************************************
ကေမာၻဒီးယားနိုင္ငံဟာ ခ်မ္းသာတဲ့နိုင္ငံတစ္ခု မဟုတ္တဲ့အတြက္ ကေမာၻဒီးယားသူေလးေတြအပါအဝင္ အေရွ႕တိုင္းသူေလးေတြအမ်ားစုဟာ အသက္အာမခံေၾကးဆိုတာ ဘာမွန္းေတာင္မသိၾကပါဘူး။
ကေမာၻဒီးယားနိုင္ငံ ၿမိဳ႕ႀကီးျပႀကီးမွာေနတဲ့သူေတြေတာင္ ေတာ္ေတာ္ဗဟုသုတရွိမွသိတာပါ။
ဒီလို ဘာမွ မသိရွာတဲ့ ကေမာၻဒီးယားသူကေလးကိုမွ ပစ္မွတ္ထားၿပီး သတ္ပစ္ဖို႔ေ႐ြးခ်ယ္ခဲ့တဲ့လူယုတ္မာ…။
ေဈးထဲက ငါးအရွင္လတ္လတ္ကို ခုတ္ထစ္ေရာင္းစားၿပီး ပိုက္ဆံရွာတာနဲ႕ ဘာထူးလို႔လဲ..။
လူသတ္ေတာ့ ေငြမ်ားမ်ားရခဲ့တာေပါ့ေလ…။
“မင္းလို လူမဆန္တဲ့သူေတြေၾကာင့္ ငါတို႔တိုင္းျပည္ နာမည္ပ်က္တာ..” တဲ့
ဒီအေၾကာင္းကို ေတာင္ကိုရီးယား သတင္းေဆာင္းပါးေတြမွာ blog ေတြမွာ ေဒါသျဖစ္ၿပီး ေရးၾကတယ္…။
*************************************
စိတ္ေကာင္းရွိတဲ့ ကေမာၻဒီးယားနိုင္ငံ နယ္ၿမိဳ႕ေလးက သူမရဲ႕ မိဘႏွစ္ပါးကေတာ့ ဒီလို ေငြေၾကာင့္ လူအခ်င္းခ်င္းသတ္ျဖတ္ၾကတယ္ဆိုတာၾကားေတာင္ မၾကားဖူးၾကလို႔ မယုံၾကဘူးေလ..။
သူတို႔ကို ဘယ္လိုရွင္းျပျပ အသက္အာမခံဆိုတာဘာလဲဆိုတာေတာင္ နားမလည္ၾကဘူး။
” ဒီလိုဟာမ်ိဳးလည္းရွိလား…မျဖစ္နိုင္တာ..”
“သမီးေလးနဲ႕ေျမး ေသဆုံးသြားလို႔ ငါတို႔သားသမက္ေလး စိတ္မေကာင္းျဖစ္ေနရွာမွာပဲ…. ”
“ငါတို႔ ကေမာၻဒီးယားသံ႐ုံးက ဒီလိုစြပ္စြဲတာ ဘယ္ေကာင္းပါ့မလဲ…မဟုတ္ရင္ အားနာစရာႀကီး…”
” သား သမက္ေလး ေနမွေကာင္းရဲ႕လား..” တဲ့…။
*************************************
ဒါေပမဲ့ ေတာင္ကိုရီးယားမွာေနခ်င္တဲ့ ကေမာၻဒီးယားသူေလးနဲ႕ လူမျဖစ္လိုက္ရတဲ့ သားေလးကေတာ့ တမလြန္ဘဝကေန ေလာကႀကီးကို စိတ္နာေနေလမလား….။
Credit: မေ႐ႊမိုး ( ကိုရီးယား )
FACEBOOK VISIT WEBSITE
[Unicode]ကိုရီးယားကို လာချင်လွန်းလို့ ဘယ်လိုပဲလာရလာရ ဆိုသူများဖတ်ပါ
သေချာဖတ်စေချင်ပါတယ်
တောင်ကိုရီးယားရောက်ဖူးချင်တဲ့ ကမ္ဘောဒီးယားသူလေးထိုင်းရုပ်ရှင် နဲ့ ထိုင်းအဆိုတော်တော်တွေ ခေတ်စားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကျော်လောက်ကစပြီး KPOP နဲ့ တောင်ကိုရီးယား ဒရမ်မာတွေခေတ်စားလာခဲ့တယ်။
KPOP ထဲက အဆိုတော်အကိုကြီးတွေ ဒရမ်မာထဲက ရုပ်ရှင်မင်းသားချောချောတွေကို စိတ်လှုပ်ရှားမိတဲ့ ( fan ) ဖန်တွေအထဲမှာ ၁၀ ကျော်သက် ကမ္ဘောဒီးယားသူလေး တစ်ယောက်လည်းပါခဲ့တာပေါ့..။
၂၀၀၄ ခုနှစ် ကမ္ဘောဒီးယား TV မှာပြသသွားတဲ့ Rain နဲ့ Son Hye Kyo တို့ သရုပ်ဆောင်ထားတဲ့ “Full House” ဆိုတဲ့ အခန်းဆက် ဒရမ်မာ ဟာ သူမကို ပိုပြီး စိတ်ကူးယဉ်စေခဲ့တယ်။
သူမ ဒီလိုတွေးတယ်…။
အို…တောင်ကိုရီးယားက အကိုတွေချောလည်းချော ချစ်လဲချစ်တတ်ပါဘိ…။
သူမ တောင်ကိုရီးယားကိုရောက်ဖူးချင်တယ်။သူမနိုင်ငံမှာမရှိတဲ့ နှင်းတွေကို မြင်ဖူးချင်တယ်။သူမ ကိုရီးယားစကားတွေလည်း ပြောတတ်ချင်တယ်။
*************************************
သူမဟာ ကိုရီးယား မိန်းကလေးတွေကိုတုပြီး ဝတ်စားဆင်ယင်ရတာလည်းအမော…..။
ကမ္ဘောဒီးယား မြို့ပေါ် စတိုးဆိုင်ကြီးတွေမှာ ရောင်းတဲ့ တောင်ကိုရီးယားက မိတ်ကပ်တွေ ဈေးကြီးလွန်းလို့မဝယ်နိုင်….။
ငေးပြီးပြန်လာရတိုင်း သူမ ဒီလိုတွေးတယ်…။
” အင်း…တစ်နေ့နေ့…ငါ ဒီလိုမိတ်ကပ်တွေလှလှလေးလိမ်းပြီး ငါချစ်တဲ့ အဆိုတော်တွေနဲ့ ခင်ခင်မင်မင် တရင်းတနှီး စကားပြောခွင့်ရရင်သိပ်ကောင်းမှာပဲ…”
အပျိုပေါက်စ သူမ…စိတ်ကူးတွေယဉ်ခဲ့ဖူးတယ်..။
**************************************
သူမ ဓာတ်ပုံလှလှလေးတွေရိုက်တယ်..။ ပြီးတော့သူငယ်ချင်းအကူအညီနဲ့ ကုမ္ပဏီတစ်ခုကိုသွားပြီး သူမနာမည်နဲ့ ဓာတ်ပုံတွေကို သွားပေးလိုက်တယ်။
**************************************
အဲဒီ သူငယ်ချင်းကြောင့် ဒီနည်းလမ်းကိုသိခဲ့တာပေါ့…။
” ငါ့အသိတစ်ယောက် ကိုရီးယားလူမျိုးနဲ့ မင်္ဂလာဆောင်လိုက်တာ… အတော် အဆင်ပြေတယ်တဲ့….ကိုရီးယားမိသားစုက အရမ်းသဘောကောင်းတာပဲတဲ့…”
အဲဒီတုန်းက သူမ အသက် ၁၇ နှစ်…။ကလေးပီပီ သူမ ဒီလိုတွေးလိုက်တယ်..။
“ငါ.. တောင်ကိုရီးယားလူမျိုးနဲ့လက်ထပ်မယ်…ငါ ကချောတော့ အဆိုတော်တွေနီးပါးချောတဲ့ အိုးပါးတွေ လက်ထပ်ဖို့ကမ်းလှမ်းမှာပဲ….”
သူမတို့ သွားခဲ့တဲ့ကုမ္ပဏီက သတို့သမီးအလိုရှိနေတဲ့ ကိုရီးယားအမျိုးသားတွေနဲ့ ကမ္ဘောဒီးယားသူတွေကို အောင်သွယ်ပေးတဲ့ ကုမ္ပဏီတစ်ခုပေါ့..။
ဖူးစာ ကိုကိုနဲ့ မြန်မြန်တွေ့ရပါစေ… သူမ ဆုတောင်းတယ်။
ဆင်းရဲတဲ့ သူမဘဝမှာ တောင်ကိုရီးယားနိုင်ငံကြီးကိုရောက်ဖို့ဆိုတာ ဒီနည်းကလွဲပြီး ဘာတစ်ခုမှမရှိဘူးလို့ သူမထင်ထားခဲ့မိတာပေါ့..။
**************************************
မကြာခင်မှာပဲ ကုမ္ပဏီက အကြောင်းကြားလာတယ်… ဖူးစာရှင်တွေ့ပြီတဲ့…။
သူမ စိတ်ကူးယဉ်ခဲ့တာ အဆိုတော် ရုပ်ရှင်မင်းသားတွေနဲ့ဆင်တဲ့ အိုးပါး….။
လက်တွေ့ သူမကို ရွေးချယ်တာက အသက် ၄၀ နီးပါးရှိတဲ့ ကိုရီးယား ဦးလေးကြီး ရီ ** တဲ့…..။
ဓာတ်ပုံကြည့်လိုက်တော့ ဦးလေးကြီးက နုလိုက်တာ….။ ဆယ်ကျော်သက် ကမ္ဘောဒီးယား အမျိုးသားတွေလောက်တောင် နုပျိုနေတယ်။
အခြား ကိုရီးယားအမျိုးသား ဓာတ်ပုံတွေနဲ့ ယှဉ် ကြည့်တော့ ဦးလေးကြီး ရီ က အချောဆုံးပဲ..။
အင်း … မဆိုးပါဘူး…။
သူမ ရင်ခုန်စွာနဲ့ခေါင်းငြိမ့်လိုက်တယ်။
ဒီလိုနဲ့ တစ်နေ့တော့ သူမ တောင်ကိုရီးယားနိုင်ငံကိုရောက်ဖို့ လမ်းစတစ်ခု ရလာတယ်။**************************************
ဒါပေမဲ့..အောင်သွယ်ပွဲစားက တစ်ပတ်လောက်ကြာမှ ဘာပြောတယ်မှတ်လဲ..။
” ဪ… မေ့နေလို့ …သူက ကလေး အဖေ မုဆိုးဖိုနော်…”
အသက် ၁ရနှစ်ကျော်ရုံ ရှိသေးတဲ့ သူမက အသက် ၁၀ နှစ်နီးပါးရှိတဲ့ကလေးရဲ့အမေ လုပ်ရမယ်ဆိုတော့ သူမ ကြောက်လန့်သွားတယ်။
ဒါပေမဲ့..အောင်သွယ်တွေက အပြောကောင်းကောင်းနဲ့ ဖျောင်းဖျလို့ နောက်ဆုံးတော့ သူမ မငြင်းသာတော့…။
**************************************
၂၀၀၈ ခုနှစ်မှာ တောင်ကိုရီးယားလူမျိုး အသက် ၄၀ နီးပါးရှိတဲ့ ကလေး အဖေ ရီဟာ သူမ နေထိုင်တဲ့ ကမ္ဘောဒီးယားကိုလာခဲ့တယ်..။
သူမကို လက်ထပ်လိုက်တယ်။သူမအသက် ၁၈ နှစ်…။
**************************************
ပြီးတော့…တောင်ကိုရီးယား အမျိုးသားကြီး ရီ ဟာ ကမ္ဘောဒီးယားသူလေးကို သူမ သိပ်ရောက်ဖူးချင်တဲ့ တောင်ကိုရီးယားနိုင်ငံကိုခေါ်လာတာပေါ့…။
ရီဟာ ယောက်ျားမျက်နှာ တစ်ရွာထင်ပြီး တောင်ကိုရီးယားနိုင်ငံကို လိုက်လာခဲ့တဲ့ ကမ္ဘောဒီးယားသူကလေးကို ကြင်နာပါတယ်။
ကမ္ဘောဒီးယားသူလေးဟာလည်း သူမထက် အသက် ၂ ဆနီးပါးကြီးတဲ့ယောက်ျားကို တစ်ခါမှ မငြူစူခဲ့ဘူး။
သူမ နဲ့ သူမရဲ့မိသားစုအားလုံးက ရီကို ကျေးဇူးတင်ကြတယ်။ ရီဟာ သူမ မိသားစု စားဝတ်နေရေးအား အစစ အရာရာကူညီတဲ့ သူမ ယောက်ျားလေ… ။
**************************************
သူမစိတ်ကူးယဉ်ခဲ့သလို အဆိုတော်တွေ မင်းသားတွေကို တွေ့ခွင့်မရခဲ့ပေမယ့် သူတို့နဲ့ တစ်နိုင်ငံတည်းနေရတာကိုပဲ သူမ ဝမ်းသာလှပါပြီ…။
အိပ်မက်တွေ တကယ်ဖြစ်လာပြီ…။
**************************************
“အကိုတို့ ကိုရီးယားမှာ နေမကောင်းဖြစ်လို့ ငွေမရှိရှင် ဒုက္ခသိပ်ရောက်တယ်..အသက်အာမခံရှိမှ…ညီမကို စိုးရိမ်လို့ အသက်အာမခံတွေ လုပ်ပေးမယ်နော်…”
“ဟုတ်ကဲ့….. ကျေးဇူးပါ အကို…”
ရီ ဟာ မိန်းမ ငယ်ငယ်ချောချောလေးကို စိုးရိမ်တယ်ဆိုပြီး အသက်အာမခံတွေလုပ်ပေးတော့တယ်….။
**************************************
ယောက်ျားဖြစ်သူ ရီ ဟာ ၃ နှစ်အတွင်း ကမ္ဘောဒီးယားသူလေး အတွက် အသက်အာမခံတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ပြုလုပ်ပေးတော့တယ်။
သာမန်ကိုရီးယားမိသားစုဆို အသက်အာမခံ တစ်ခုနှစ်ခုလောက်ပဲလုပ်ကြပါတယ်။ ရိုးရိုးနေမကောင်းရင် ငွေရေးကြေးရေး အကူညီရမယ့် ရိုးရိုးအသက်အာမခံတစ်ခုလောက် နဲ့ ကိုရီးယားမှာ ကင်ဆာအဖြစ်များလို့ ကင်ဆာ အသက်အာမခံတစ်ခုလောက်ပေါ့…
ရီက ကမ္ဘောဒီးယားသူလေးအတွက်တော့ အသက်အာမခံ ၂၅ ခု….။
အဲဒီကတည်းက တစ်ခုခုတော့မှားနေပြီ… ဒါကို ရိုးအလွန်းတဲ့ ကမ္ဘောဒီးယားသူလေး မတွေးနိုင်ခဲ့ဘူးပေါ့…။
သူမ ပြောနေကျစကား…“ကျေးဇူးတင်လိုက်တာ အကိုရယ်…”
**************************************
သူမဟာ ယောက်ျားဖြစ်သူရီရဲ့ ကလေးကို ထိန်းပေး ..အိမ်အလုပ်တွေဝိုင်းလုပ်…ယောက်ျားဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ အလုပ်ဝင်လုပ်….ဘဝဆိုတာ သူမ စိတ်ကူးယဉ်သလို မဟုတ်ဘူးဆိုတာသိရပြီ….။
ဒါနဲ့ပဲ ၆ နှစ်ကြာလာတော့ ကမ္ဘောဒီးယားသူလေး ကိုယ်ဝန်ရှိလာတယ်…။
သူမ ဒီလိုကိုယ်ဝန် ရှိလာတော့ သူမကို နိုင်ငံက တောင်ကိုရီးယား နိုင်ငံသားလက်မှတ် ပေးလိုက်တယ်။
ဒီအချိန်အတိုင်းအတာအထိ ရီဟာ စောင့်စားနေပုံရတယ်… ဝမ်းအသာဆုံးကတော့ ရီ ပါပဲ….။
“ငါ့ မိန်းမ ကိုရီးယားသူဖြစ်ပြီကွ… ဂုဏ်ယူပါတယ်မိန်းမရေ…. အကို လက်ဆောင်ပေးမယ်..မင်းကို ကိုးရီးယား နာမည် လှလှလေးပေးမှ…..? ”
**************************************
၂၀၁၄ ခုနှစ် ၆ လ ၅ ရက်နေ့ပေါ့…။ရီ ပေးတဲ့လက်ဆောင်ကတော့ အသက်အာမခံ အသစ်တစ်ခု…။
အဲဒါကတော့ ကိုရီးယားနိုင်ငံက “သက်ပျောက် အသက်အာမခံ” ဆိုပဲ…
ရီက ဈေးပေါပေါ သက်ပျောက်အာမခံပြုလုပ်ပေးတာမဟုတ်…. တန်ဖိုးအကြီးဆုံးတစ်ခုကို ဈေးကြီးကြီးလစဉ်ပေးပြီး ပြုလုပ်ပေးတာဖြစ်တယ်။
အသက် ၂၀ ကျော်ပဲရှိသေးတဲ့ ကမ္ဘောဒီးယားသူလေးကို လိုချင်တာက မိတ်ကပ်လှလှ…အကျီင်္လှလှ … ရနေတာက “သက်ပျောက်အာမခံ”…။
**************************************
မကြာခင်မှာပဲ ကမ္ဘောဒီးယားသူလေးကို သူမယောက်ျားက ဒီလိုစ ပြောလာတယ်..။ကိုရီးယားဘာသာနဲ့ရေးထားတဲ့ အဲဒီအသက်အာမခံစာချုပ်တွေမှာ ဘာတွေရေးထားသလဲဆိုတာကို ကိုရီးယားစာ မဖတ်တတ်..နားမလည်တဲ့ ကမ္ဘောဒီးယားသူလေး မသိရှာဘူး…။
အထဲကစာတွေမပြောနဲ့ ခေါင်းစဉ် “အသက်ပျောက် အာမခံကြေး” ဆိုတာဘာလဲဆိုတာတောင် မသိ…။
(Life insurance) အသက်ပျောက် အာမခံကြေးဆိုတာ မိမိသေဆုံးသွားရင် အသက်အာမခံကုမ္ပဏီက ကျန်ရစ်သူမိသားစုကို လျှော်ကြေးပေးတာဖြစ်တယ်။
ဆိုတော့.. ကမ္ဘောဒီးယားသူလေး သေသွားရင် ကျန်ရစ်သူမိသားစုက လျှော်ကြေးငွေတွေ ရမှာပေါ့..။
အသက်ကြီးလို့ဖြစ်စေ၊ အနာရောဂါကြောင့်ဖြစ်စေ၊ မိမိကိုယ်မိမိ သတ်သေလို့ဖြစ်စေ၊ သေဆုံးသွားရင် ကျန်ရစ် သူမိသားစုက အလျှော် ရတယ်။
နောက်တစ်ခု accidental death and dismemberment (AD&D) ဆိုတာကတော့ သူမ ကို ရီက နောက်ဆုံးလက်ဆောင်ပေးလိုက်တဲ့ အသက်အာမခံပေါ့…။
အဲဒါက မတော်တဆထိခိုက်ပြီး ရုတ်တရက်သေဆုံးသွားရင် ကျန်ရစ်သူမိသားစုက လျှော်ကြေးအများကြီးရတယ်လေ…။ ( မှတ်ချက်-AD&D အာမခံအမျိုးအစားကတော့ မိမိကိုယ်မိမိ သတ်သေရင်တော့ တစ်ပြားမှမပေးပါဘူး။ )
သူမ ဘယ်လိုပဲသေသေ ရီကတော့ ကမ္ဘောဒီးယားသူလေးကို life Insurance ရော၊ AD&D ရော ၊ အခြား အာမခံတွေရော အားလုံး လုပ်ထားပြီးသား…။
နောက်ဆုံး တစ်ခုနဲ့ဆို အားလုံး ၂၆ ခုရှိပြီ..။
**************************************
၂၀၁၄ ခုနှစ် ၈ လပိုင်း ၂၂ ရက်နေ့
“မိန်းမ ဒီနေ့ ကုန်စုံဆိုင်အတွက် ပစ္စည်းတွေဝယ်ဖို့ ဆိုးလ်မြို့တက်ကြရအောင်..”
“အကို… ကျွန်မ ကိုယ်ဝန်တော်တော်ရင့်နေပြီ… ဆီးလည်းအောင့်လို့မရ… ဆီးခဏခဏသွားနေရတယ်အကို… ကားအကြာကြီး မစီးနိုင်လို့ပါ…”
“ညီမ မပါရင် အကိုခရီး မသွားချင်လို့ပါကွာ..”
“ညီမ ကိုယ်လက်မအီမသာဖြစ်နေလို့ မလိုက်ချင်ဘူး အကိုရယ်.. ဪ.. မေ့နေလို့…မနက်ဖန်မနက် ညီမ သူငယ်ချင်းတွေနဲ့ ကမ္ဘောဒီးယားဟင်း ချက်စားဖို့လည်း ချိန်းထားသေးတယ် အကို…။”
“လိုက်ခဲ့ပါကွာ.. အကိုတစ်ယောက်ထဲ ပျင်းလို့ပါ..”
“သူငယ်ချင်းတွေနဲ့ ချိန်းပြီးပြီ ဘယ်လိုလုပ်မလဲ..”
“ဖျက်လိုက်ပါကွာ…မိန်းမရယ်..နော်…”
**************************************
ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကမ္ဘောဒီးယားသူလေးဟာနောက်ဆုံးတော့ မလိုက်ချင်ပဲ ညကြီးမင်းကြီး ဆိုးလ်မြို့မှာ ဈေးဝယ်ဖို့ လိုက်ခဲ့ရတယ်။
ကိုယ်ဝန်အရင့်အမာကြီးနဲ့ မိန်းမကို ပျင်းလို့ ည ၉ နာရီ ဈေးဝယ်ထွက်ဖို့ခေါ်တဲ့ ယောက်ျားဖြစ်သူ ရီ တစ်ယောက်တော့ ပျော်ရွှင်နေပုံရတယ်…။
သူတို့ ဆိုးလ်မြို့ကိုရောက်တော့ ၁၁ နာရီ ၃၀ မိနစ်…။
သူမနဲ့ ယောက်ျားဖြစ်သူ ရီ ဟာ ဈေးဝယ်ထွက်ကြတယ်..။
ကိုယ်ဝန်အရင့်အမကြီးနဲ့ မနိုင်မနင်းလမ်းလျှောက်နေရပေမယ့် ကျေးဇူးရှင်ယောက်ျားအရှေ့မှာ မျက်နှာတစ်ချက်မငြှိုးတဲ့သူမ…။
ပြီးတော့ ရီက သူမကို နာမည်ကြီးဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲပြုတ်တစ်ပွဲကျွေးတယ်..။
စားပြီးသွားတော့ မနက် ၂ နာရီထိုးနေပြီ…။
အဲဒါဟာ သူမဘဝရဲ့နောက်ဆုံးညစာဖြစ်ခဲ့တယ်ဆိုတာကိုလည်း သူမ မသိခဲ့ဘူးလေ…။
**************************************သူမ မသိခဲ့တာတွေ သိပ်များခဲ့တယ်..။
**************************************
ဈေးဝယ်ပြီး အိမ်အပြန်လမ်းမှာပေါ့…။
အန္တရာယ်ရှိတဲ့ အဝေးပြေးလမ်းမကြီးမှာ ထိုင်ခုံခါးပတ် မပတ်ပဲအိပ်ပျော်နေပုံရတဲ့ ကိုယ်ဝန်ဆောင်မိခင်… သူမ…။
သူမ နံဘေးမှာတော့ ကားမောင်းနေတဲ့ ယောက်ျားဖြစ်သူ ရီ.. အဝေးပြေးလမ်းမကြီးပေါ်မှာ…နှစ်ယောက်တည်း…။
ကားတွေကလည်း တော်တော်ရှင်းနေတယ်..။
ကမ္ဘောဒီးယားသူလေးဟာ ကားအရှေ့ခန်းမှာ တုတ်တုတ်မှ မလှုပ်..။
ယောက်ျားဖြစ်သူ ရီ ကတော့ ထိုင်ခုံခါးပတ် အသေအချာပတ်ပြီး သတိကြီးစွာကားမောင်းနေရင်းပေါ့….။
အရှိန်နဲ့ ရီ မောင်းလာတဲ့ကားဟာ တည့်တည့်မသွားပဲ တဖြည်းဖြည်းနဲ့ လမ်းဘေးဖက်စောင်းပြီး ကို ဦးတည်လာပါလေရော…။
အဲဒါက မတော်တဆထိခိုက်ပြီး ရုတ်တရက်သေဆုံးသွားရင် ကျန်ရစ်သူမိသားစုက လျှော်ကြေးအများကြီးရတယ်လေ…။ ( မှတ်ချက်-AD&D အာမခံအမျိုးအစားကတော့ မိမိကိုယ်မိမိ သတ်သေရင်တော့ တစ်ပြားမှမပေးပါဘူး။ )
သူမ ဘယ်လိုပဲသေသေ ရီကတော့ ကမ္ဘောဒီးယားသူလေးကို life Insurance ရော၊ AD&D ရော ၊ အခြား အာမခံတွေရော အားလုံး လုပ်ထားပြီးသား…။
နောက်ဆုံး တစ်ခုနဲ့ဆို အားလုံး ၂၆ ခုရှိပြီ..။
**************************************
၂၀၁၄ ခုနှစ် ၈ လပိုင်း ၂၂ ရက်နေ့
“မိန်းမ ဒီနေ့ ကုန်စုံဆိုင်အတွက် ပစ္စည်းတွေဝယ်ဖို့ ဆိုးလ်မြို့တက်ကြရအောင်..”
“အကို… ကျွန်မ ကိုယ်ဝန်တော်တော်ရင့်နေပြီ… ဆီးလည်းအောင့်လို့မရ… ဆီးခဏခဏသွားနေရတယ်အကို… ကားအကြာကြီး မစီးနိုင်လို့ပါ…”
“ညီမ မပါရင် အကိုခရီး မသွားချင်လို့ပါကွာ..”
“ညီမ ကိုယ်လက်မအီမသာဖြစ်နေလို့ မလိုက်ချင်ဘူး အကိုရယ်.. ဪ.. မေ့နေလို့…မနက်ဖန်မနက် ညီမ သူငယ်ချင်းတွေနဲ့ ကမ္ဘောဒီးယားဟင်း ချက်စားဖို့လည်း ချိန်းထားသေးတယ် အကို…။”
“လိုက်ခဲ့ပါကွာ.. အကိုတစ်ယောက်ထဲ ပျင်းလို့ပါ..”
“သူငယ်ချင်းတွေနဲ့ ချိန်းပြီးပြီ ဘယ်လိုလုပ်မလဲ..”
“ဖျက်လိုက်ပါကွာ…မိန်းမရယ်..နော်…”
**************************************
ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကမ္ဘောဒီးယားသူလေးဟာနောက်ဆုံးတော့ မလိုက်ချင်ပဲ ညကြီးမင်းကြီး ဆိုးလ်မြို့မှာ ဈေးဝယ်ဖို့ လိုက်ခဲ့ရတယ်။
ကိုယ်ဝန်အရင့်အမာကြီးနဲ့ မိန်းမကို ပျင်းလို့ ည ၉ နာရီ ဈေးဝယ်ထွက်ဖို့ခေါ်တဲ့ ယောက်ျားဖြစ်သူ ရီ တစ်ယောက်တော့ ပျော်ရွှင်နေပုံရတယ်…။
သူတို့ ဆိုးလ်မြို့ကိုရောက်တော့ ၁၁ နာရီ ၃၀ မိနစ်…။
သူမနဲ့ ယောက်ျားဖြစ်သူ ရီ ဟာ ဈေးဝယ်ထွက်ကြတယ်..။
ကိုယ်ဝန်အရင့်အမကြီးနဲ့ မနိုင်မနင်းလမ်းလျှောက်နေရပေမယ့် ကျေးဇူးရှင်ယောက်ျားအရှေ့မှာ မျက်နှာတစ်ချက်မငြှိုးတဲ့သူမ…။
ပြီးတော့ ရီက သူမကို နာမည်ကြီးဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲပြုတ်တစ်ပွဲကျွေးတယ်..။
စားပြီးသွားတော့ မနက် ၂ နာရီထိုးနေပြီ…။
အဲဒါဟာ သူမဘဝရဲ့နောက်ဆုံးညစာဖြစ်ခဲ့တယ်ဆိုတာကိုလည်း သူမ မသိခဲ့ဘူးလေ…။
**************************************သူမ မသိခဲ့တာတွေ သိပ်များခဲ့တယ်..။
**************************************
ဈေးဝယ်ပြီး အိမ်အပြန်လမ်းမှာပေါ့…။
အန္တရာယ်ရှိတဲ့ အဝေးပြေးလမ်းမကြီးမှာ ထိုင်ခုံခါးပတ် မပတ်ပဲအိပ်ပျော်နေပုံရတဲ့ ကိုယ်ဝန်ဆောင်မိခင်… သူမ…။
သူမ နံဘေးမှာတော့ ကားမောင်းနေတဲ့ ယောက်ျားဖြစ်သူ ရီ.. အဝေးပြေးလမ်းမကြီးပေါ်မှာ…နှစ်ယောက်တည်း…။
ကားတွေကလည်း တော်တော်ရှင်းနေတယ်..။
ကမ္ဘောဒီးယားသူလေးဟာ ကားအရှေ့ခန်းမှာ တုတ်တုတ်မှ မလှုပ်..။
ယောက်ျားဖြစ်သူ ရီ ကတော့ ထိုင်ခုံခါးပတ် အသေအချာပတ်ပြီး သတိကြီးစွာကားမောင်းနေရင်းပေါ့….။
အရှိန်နဲ့ ရီ မောင်းလာတဲ့ကားဟာ တည့်တည့်မသွားပဲ တဖြည်းဖြည်းနဲ့ လမ်းဘေးဖက်စောင်းပြီး ကို ဦးတည်လာပါလေရော…။
**************************************
အဲဒီညက သူတို့လင်မယား အိမ်ကထွက်လာတော့ ည ၉ နာရီထိုးတော့မယ်…။တောင်ကိုရီးယားနိုင်ငံရဲ့ အဝေးပြေးလမ်းမကြီးတွေမှာ အရေးပေါ်ကားပျက်တာမျိုး ၊ ကားမမောင်းနိုင်တာမျိုးတို့ ဖြစ်လာရင် လမ်းဘေးအစွန်ဖက်မှာ ကားရပ်ဖို့နေရာ ( emergency parking strip)တွေ စီစဉ်ပေးထားလေ့ရှိပါတယ်။
အဲဒီကားလမ်းနံဘေးမှာ ကွန်တိန်နာကားကြီးတစ်ခုရပ်ထားတယ်။
ယောက်ျားဖြစ်သူ ရီ ဟာ အဲဒီလမ်းဘေးမှာရပ်ထားတဲ့ ၈ တန်လေးတဲ့ ကွန်တိန်နာကားကြီး ကို သူ့ကားနဲ့ ဝင်တိုက်ပစ်လိုက်တယ်။
အချိန်က မနက် ၃ နာရီ ၄၁ မိနစ် ..,။
**************************************
ထူးထူးဆန်းဆန်း ကမ္ဘောဒီးယားသူလေးထိုင်နေတဲ့ဘက်က ကားတစ်ခြမ်းပဲ ကွန်တိန်နာကားကြီးနဲ့ ဝင်တိုက်မိတာ….။
ကားမောင်းတဲ့ ရီ ရှိတဲ့တစ်ခြမ်းကတော့ သိပ်အထိအခိုက်မရှိ…။
သူမနဲ့ သူမဗိုက်ထဲမှာရှိတဲ့ကလေးလေးရှိတဲ့ ကားတခြမ်းလုံးဟာ ကွန်တိန်နာအောက်ထဲကိုလုံးလုံးဝင်သွားတယ်…။
**************************************
“၁၁၉ ကပါလားခင်ဗျ… ကျွန်တော် ကားမောင်းရင်း အိပ်ငိုက်သွားလို့ ရပ်ထားတဲ့ ကားကြီးကို အနောက်ကနေဝင်တိုက်မိတာ..ကယ်ကြပါဦးခင်ဗျာ…..”
ကယ်ဆယ်ရေးအဖွဲတွေရောက်လာတော့လရီ ဟာ ဝမ်းနည်းစွာငိုချလိုက်တယ်…။
“ကားထဲမှာဘယ်သူတွေပါသေးလဲခင်ဗျ…”
ရီကမဖြေ…။
နောက်တစ်ယောက်ကထပ်မေးတယ်။
“ကိုယ်ဝန်နဲ့ ကျွန်တော့်မိန်းမ….မိန်းမရေ…အဖြစ်ဆိုးလှချည်လား မိန်းမရယ်…မိန်းမဘယ်မှာလဲ ရှာပေးပါခင်ဗျ…”
*************************************
သူမကို ကွန်တိန်နာကားအောက်က ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်…။
“ကျွန်မတို့ ၁၁၉ အသက်ကယ်ဆယ်ရေးပါရှင့်…။ ကျွန်မတို့ ကားရောက်လာတော့ ကားအရှေ့ပိုင်း တစ်ခြမ်းက ကွန်တိန်နာအောက်ကိုရောက်နေပါတယ်။ ကမ္ဘောဒီးယားသူလေးထိုင်နေတဲ့ ဘက်က ကားပြူတင်းပေါက်ပွင့်နေပါတယ်။ကမ္ဘောဒီးယားသူလေးလက်တစ်ဖက်က ကားတခါးဘောင်ပေါ်ကနေ အပြင်ကိုထွက်နေတယ်…။ကျွန်မ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ်။ တကိုယ်လုံးအေးစက်ပြီး သေနေပါပြီ…ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးလာပါ…”
ကယ်ဆယ်ရေးဝန်ထမ်းကရဲစခန်းကို ဖုန်းဆက်လိုက်တယ်။
ရဲကား.. အရေးပေါ်အသက်ကယ် ဆေးရုံကား.. သတင်းသမားတွေ အဝေးပြေးလမ်းမပေါ် အပြေးရောက်လာကြတယ်။
**************************************
“အသက် ၂၄ နှစ်ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးစီးလာတဲ့ကားဟာ အဝေးပြေးလမ်းနဘေးမှာ ရပ်ထားတဲ့ ထရပ်ကားကို ဝင်တိုက်ပြီး သူမဟာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ”
“အမျိုးသမီးလေးဟာ အသက် ၂၄ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသူလေးဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် ကိုရီးယားအမျိုးသား ရီ နဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။”
ဒီအကြောင်းဟာ ၂၀၁၄ ခုနှစ် ၈ လပိုင်း ၂၃ ရက်နေ့မှ သတင်းထဲပါလာတယ်။
ယောက်ျားဖြစ်သူ ရီ ကတော့ ထိခိုက်ပွန်းပဲ့ဒါဏ်ရာ အနည်းငယ်ပဲရသွားတယ်တဲ့….။
****************************************” ကျွန်တော် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မိန်းမကို မကြည့်ရက်ဘူး..အမြန်ဆုံးသင်္ဂြိုလ်ချင်တယ်…”
ရီဟာ နောက်တနေ့ကျတော့ သူမအလောင်းကိုချက်ခြင်း မီးသင်္ဂြိုလ်လိုက်တယ်..။
*************************************
သူမ သေဆုံးပြီး ၁၁ ရက်အကြာ…ရီဟာ အသက်အာမခံဌာနကို ဖုန်းဆက်တယ်..။
ကိုယ်ဝန် ၇ လနဲ့ ကျွန်တော့်မိန်းမ ကားတိုက်မှုနဲ့ သေဆုံးသွားပါပြီ… ဒါကြောင့် အသက်အာမခံကြေးလျှောက်ထားပါတယ်..”
အသက် အာမခံအားလုံး ၂၆ ခုဆိုတော့ စုစုပေါင်းရီ ရ မယ့်ငွေဟာ
“သိန်းပေါင်း ၉ သောင်း ၅ ထောင်…။”
သိန်းပေါင်း ၉၅၀၀၀…။
************************************
အသက်အာမခံဌာနက ရဲစခန်းကို ချက်ချင်း အကြောင်းကြားတယ်။
ဒါဟာ လုပ်ကြံမှုလေ…။ဘယ်သူ့မေးမေး ဒါဟာ လုပ်ကြံသတ်ဖြတ်မှုပါ…။
“ဟာ… ရက်စက်လိုက်တာ..!”
ရဲထောက်လှမ်းရေးတွေက အဲဒီတော့မှ အလန့်တကြား စုံစမ်းကြတယ်…။
အဝေးပြေးလမ်းတလျှောက်လုံးက CCTV တွေကိုအားကိုးတကြီးကြည့်ကြတယ်…။
နားနေတဲ့နေရာ ( rest area ) ပေါ်မှာ ရီ မောင်းလာတဲ့ကားဟာတစ်ခါရပ်သွားပြီး ယောက်ျားဖြစ်သူက အိမ်သာသွားတာတွေ့ရတယ်။
ဆီးခဏခဏသွားတတ်တဲ့ ကိုယ်ဝန်ဆောင်မိန်းမကတော့ ကားထဲကထွက်လာတာ မတွေ့ရ…။
သူမဟာ အဲဒီကတည်းက သေနေပြီလား မသင်္ကာစရာ…။
ပြီးတော့…CCTV မှာပေါ်နေတဲ့ ရီမောင်းလာသည့်ကားဟာ ဘယ်လိုပဲကြည့်ကြည့် တမင်သက်သက် ကွန်တိန်နာကြီးကို ဝင်တိုက်နေတယ်လေ…။
ရီ မောင်းလာတဲ့ကားဟာ လမ်းဘေးဖက်စောင်းပြီး ကိုဦးတည်နေရင် ဆက်တိုက် စောင်းပြီးကားတစ်ခုလုံး ဝင်တိုက်မှာပေါ့…။ရီဟာ ကားကို လမ်းဘေးဖက်ကို စောင်းပြီးမောင်းနေရာက သူထိမှာစိုးလို့ ကားကို ပြန်တည့်လိုက်တာ CCTV မှာပေါ်နေတယ်။
သူ့ကိုထိလို့မဖြစ်ဘူးလေ..။
CCTV မှာ ကားထဲက ရီရဲ့မျက်နှာကို သေချာမမြင်ရတော့ တကယ်အိပ်ငိုက် မငိုက် သက်သေပြလို့မရ..။
ဒါကြောင့်ရီက
“ကျွန်တော် အိပ်ငိုက်နေလို့ ကားကို စောင်းလိုက် တည့်လိုက် မောင်းနေမိတာဖြစ်ပါတယ်” ဆိုတာချည်းပဲ ပြောနေတာပေါ့…။
အိပ်ငိုက်ပြီး ကားတိုက်တာကလည်း သူ့ကိုယ်သူမထိခိုက်အောင် မိန်းမဘက်တစ်ခြမ်းတည်း…။
အတော် အရှက်မရှိတဲ့လူယုတ်မာ…။
*************************************
ရဲထောက်လှမ်းရေးတွေဟာ အဲဒီအချက်အလက်တွေကိုစုပြီး ရီ ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တယ်..။
ကမ္ဘောဒီးယား မိန်းမငယ်သေဆုံးသွားပြီး ၃ လအကြာပေါ့…။
ယောက်ျားဖြစ်သူ ရီ က ဒီလိုပြောတယ်…။
“ကျွန်တော့် မိန်းမနဲ့ကလေး သေဆုံးသွားလို့ သေမတတ်ခံစားနေရပါတယ်… ကျွန်တော့်ကို သံသယဖြစ်ရက်တယ်ဗျာ.. ခင်ဗျားတို့ လူမဟုတ်ဘူးလား..?”…တဲ့။
ထောက်လှမ်းရေးကဒီလိုပြန်ပြောတယ်…။
” လူမဟုတ်တဲ့သူက ဘယ်သူလဲ သိချင်လို့ပါခင်ဗျာ..”
*************************************
ကမ္ဘောဒီးယားသူလေးသေဆုံးတဲ့ညက အလောင်းကို မီးမသင်္ဂြိုလ်ခင် ထုံးစံအတိုင်း ဆေးရုံက ဆေးစစ်ခဲ့တယ်။ ရဲထောက်လှမ်းရေးတွေကတောင်း ကြည့်လိုက်တော့
“အစာအိမ်ထဲ၌ အိပ်ဆေးကိုတွေ့ရသည်”လို့ ရေးထားတယ်..။
ဒါပေမဲ့ ဘယ်လောက် အိပ်ဆေး ပမာဏဘယ်လောက်အထိရှိသလဲဆိုတာ ထပ်စစ်ခွင့်မရှိတော့ …။ အလောင်းက မီးသင်္ဂြိုလ်လိုက်ပြီလေ…။
အဲဒီတုန်းက အသက်အာမခံကြေးအကြောင်းမသိကြသေးတဲ့ ရဲထောက်လှမ်းရေးတွေက ရိုးရိုးကားတိုက်မှုဆိုပြီး အလေးမထားခဲ့….။
*************************************
အိပ်ဆေး..?
ကိုယ်ဝန်ဆောင်တစ်ယောက်ကို ဆရာဝန်တွေဟာ အိပ်ဆေးမပေးဘူးလေ…။
ကမ္ဘောဒီးယားသူလေးရဲ့သူငယ်ချင်းမက ဒါနဲ့ပတ်သက်ပြီးပြောပြေတယ်..။
“သူငယ်ချင်းက အဖျားပျောက်ဆေးသောက်မိလို့ ပထမကိုယ်ဝန်ပျက်ကျဖူးတယ်။ အဲဒီတုန်းက သူ မင်္ဂလာဆောင်ပြီးတာ ၃ လပဲရှိသေးတာ..။ အခု ဒုတိယကိုယ်ဝန်မှာ ဆေးဆိုလုံးဝမသောက်ပဲ ဝေးဝေးရှောင်နေတာပါ။ ကျွန်မ သူငယ်ချင်း အိပ်ဆေးသောက်တယ်ဆိုတာလုံးဝကို မဖြစ်နိုင်ဘူး ။တစ်ယောက်ယောက်က အိပ်ဆေးခတ်လိုက်တာပါ..”
***********************************
ပြီးတော့…
ကမ္ဘောဒီးယားသူလေး အလောင်းကို ကယ်ဆယ်ရေးဝန်ထမ်းက ပထမဆုံးထိကိုင်လိုက်တော့ အေးစက်တောင့်တင်းနေတယ်..။
သေပြီးကာစဆို ဒီလိုတောင့်တင်းနေပါ့မလား..?
***********************************
နောက်တစ်ချက်ရှိသေးတယ်..။
လူတစ်ယောက်သေဆုံးသွားပြီးရင် သွေးတွေဟာ မလည်ပတ်တော့တာကြောင့် ကိုယ်ခန္ဓာမှာရှိတဲ့သွေးတွေဟာ နိမ့်ရာအပိုင်းကို အနည်ထိုင် စုဝေးသွားကြတယ်။ ဒီလိုဖြစ်ဘို့ ၄ နာရီကြာပါတယ်။
ဥပမာ- အလောင်းက ပက်လက် အိပ်နေတဲ့ပုံစံဆိုပါတော့.. သွေးတွေက ကြမ်းပြင်နဲ့ထိနေတဲ့ ကျောကုန်းဖက်ကိုစုတယ်။
ကမ္ဘောဒီးယားသူလေးက ထိုင်နေတာဆိုတော့ ခြေထောက်ပိုင်းမှာ သွေးတွေစုဝေးလာတယ်။
ကားတိုက်မှုဖြစ်တာ ၁၄ မိနစ်ပဲရှိသေးတဲ့အချိန်မှာ ကမ္ဘောဒီးယားသူလေးရဲ့ အလောင်း ခြေထောက်ပိုင်းမှာ သွေးတွေစုပြီး ညိုမည်းနေတာကို ကယ်ဆယ်ရေးဝန်ထမ်းက မသင်္ကာလို ဓာတ်ပုံရိုက်ထားခဲ့တယ်။
ကမ္ဘောဒီးယားသူလေးဟာ ကားတိုက်မှုမဖြစ်ခင်ကတည်းက အသက်မရှိတော့ဘူးလို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။
ဒါပေမဲ့ အလောင်းကမရှိတော့ … ဓာတ်ပုံသက်သေက မခိုင်မာ…။
***********************************
အသက်အာမခံဋ္ဌာနနဲ့ ရဲထောက်လှမ်းရေးတွေက အမှုမှန်ကိုဖော်ထုတ်ဖို့ ကြိုးစားကြတယ်..။
ဒါပေမဲ့ သူတို့အားလုံးနောက်ကျသွားပါပြီ..။
အလောင်းကို မီးရှို့သင်္ဂြိုလ်လိုက်ပါပြီဆိုမှ….။
*************************************
ဘာပဲဖြစ်ဖြစ် ရီကို ရဲထောက်လှမ်းရေးတွေက တရားစ စွဲကြတယ်….။
အောက်ခြေ တရားရုံးက တရားသူကြီးက သက်သေအထောက်အထား မပြည့်စုံလို့ အမှုကနေ ကွင်းလုံးကျွတ် တရားသေလွှတ်ပေးလိုက်တယ်။
တောင်ကိုရီးယား ဥပဒေမှာ သက်သေဟာ သိပ်အရေးကြီးပါတယ်။
ရဲထောက်လှမ်းရေးတွေက လက်မလျှော့…။ ဒီထက်ပိုမြင့်တဲ့ တရားရုံးကို တဆင့်တက်ပြီး တရားစွဲကြပြန်တယ်။
************************************
ဒါနဲ့…ရီ ဟာ သေမတတ်ခံစားနေတယ်တဲ့လား…?
ကမ္ဘောဒီးယားသူလေးရဲ့ သူငယ်ချင်းတွေပြောတာနဲ့တော့ တလွဲစီ…..။
“အသုဘချမယ့်နေ့က ကျွန်မတို့က ဝမ်းနည်းလွန်းလို့ ရေတောင်မသောက်နိုင်တဲ့အချိန်မှာ ရီ က ထမင်းတွေ အားရပါးရစားနေတာများ မြင်လို့တောင်မကောင်းဘူး..”
ဒါကို မယုံလို့ ရီ ကို စိတ်ပညာရှင်တွေက စစ်ဆေးကြည့်တော့ ရီဟာ ဝမ်းနည်းမှုကို လုံးဝမခံစားရပဲ စိတ်ပျော်ရွှင်နေတာကို တွေ့ရတယ်…။
ဒါပေမဲ့ ရီ ရဲ့ပါးစပ်ကတော့
“သေချင်တယ်ဗျာ…မိန်းမနဲ့ကလေးကိုစွန့်လွှတ်လိုက်ရလို့ သေရပါတော့မယ်.. သူတို့အစား ကျွန်တော်သာ သေလိုက်ပါတော့..” မျက်ရည်တော့ တစ်စက်မှမကျ….။
စိတ်ပညာရှင်မှတ်ချက်ကတော့…
“ရီ …ဝမ်းသာနေသည်…”
*************************************
သူမ အသက်အာမခံ ၂၆ ခုထဲမှာ ကားတောင်မမောင်းတတ်တဲ့ သူမအတွက် မတော်တဆကားတိုက်မှုအသက်အာမခံက ၁၁ ခု …ဒါ ယုတ္တိရှိသလား..။
*************************************ရှိသေးတယ်…။ရီဟာ ကားမောင်းရင် ဘယ်သောအခါမှ ကားထိုင်ခုံခါးပိတ်ကို ပတ်လေ့မရှိဘူးတဲ့…။
အဲဒီနေ့က ရီရဲ့ကား အဝေးပြေးလမ်းမပေါ် စ မောင်းတုန်းက ရီဟာ ထိုင်ခုံခါးပတ်မပတ်ထားဘူး။
ရီဟာ ကားတိုက်မှုမဖြစ်ခင် ၁ နာရီလောက်အလိုမှာ ထိုင်ခုံခါးပတ်ပတ်ကိုပတ်လိုက်တယ်။
ဒါဟာသိပ်ထူးဆန်းမနေဘူးလား..?
*************************************
ဒီအချက်တွေကို ထောက်ပြပြီး ရဲထောက်လှမ်းရေးတို့က တရားရုံးကိုထပ်တက်တာပေါ့…။ဒီတစ်ခါတော့ တရားသူကြီးက လူသတ်မှုဆိုတာ အတည်ပြုလိုက်တယ်…။
“မသေမချင်း အလုပ်ကြမ်းနှင့်ထောင်ဒါဏ်”…လို့ အပြစ်ချလိုက်တယ်။
ကဲ…သူများသမီးပျိုကို သတ်ပစ်ဖို့ ခေါ်ယူလာတဲ့ လူယုတ်မာ.. ကိုယ့်ရင်သွေးကို ရက်ရက်စက်စက်သတ်ပစ်တဲ့လူမဆန်သူ…။
ထောင်ထဲမှာ သေတဲ့အထိအပြစ်ခံပေတော့..လို့ တောင်ကိုရီးယားပြည်သူတွေ ဝမ်းသာကြပြန်တယ်..။
*************************************
ရီကလည်း ဒီအတိုင်းနေမလား…. အမြင့်ဆုံးတရားရုံးကိုတက်ပြီး အယူခံဝင်ပြန်တယ်..။
ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေးလေ…။ သဌေးဖြစ်မလား ..ခွေးဖြစ်မလား….။
ဒီလိုနဲ့ တရားစီရင်မယ့် နောက်ဆုံးနေ့ကို ရောက်လာခဲ့တယ်…။
၂၀၁၇ ခုနှစ် ၅ လပိုင်း ၃၁ရက်နေ့
တရားသူကြီးက ရီကို သေဒါဏ်ပေးချင်လောက်အောင် ရွံရှာပေမဲ့ သက်သေအလွန်အားနည်းတာကြောင့် အမှုက ကွင်းလုံးကျွတ် တရားသေ လွှတ်ပေးလိုက်တယ်…။
*************************************
ဇာတ်လမ်းကပြီးပြီ…။
ရီတို့မိသားစုဟာ သူတို့တစ်သက်လုံးသာမက မြေးတွေမြစ်တွေပါ ထိုင်စားလို့ မကုန်နိုင်တဲ့ငွွွေတွေရသွားတယ်..။
ကမ္ဘောဒီးယားသူလေး နဲ့ ဗိုက်ထဲကလေးလေးကတော့ သေပေးလိုက်ရတယ်။
ဒီလို…ဒီဇာတ်လမ်းရဲ့ နိဂုံးဟာ “သိန်းပေါင်း ၉ သောင်း ၅ ထောင်အတွက် တန်ဖိုးရှိသည့်အသက် နှစ်ချောင်း ရက်ရက်စက်စက် စတေးလိုက်သည်..” ပေါ့…။
*************************************
သူမ သေသွားပြီဖြစ်တယ်…။
သူမ သိပ်ရောက်ဖူးချင်တဲ့ တောင်ကိုရီးယားမှာသူမ ၆ နှစ်နီးပါးနေလိုက်ရတယ်…. ။
KPOP..?လက်တွေ့မှာတော့ TV ကလာတဲ့ KPOP တွေကိုတောင် နားထောင်ဖို့ ကြည့်ဖို့ အချိန်မရခဲ့…။
အပိုင်းဆက် ဒရမ်မာတွေဆို ဝေးသေး…။
ရီ့ကလေးကို သူမကလေးလို အနွံအတာခံပြီး .. အလုပ်တွေနဲ့ အမြဲလုပ်နေတဲ့သူမ…။
သူမ မိဘတွေကို ငွေပို့ပေးတတ်လို့ ကျေးဇူးရှင် ဆိုပြီး ယောက်ျားကို နတ်တစ်ပါးလို ကိုးကွယ်ခဲ့တဲ့သူမ..,။
မိဘကို လွမ်းဆွေးတမ်းတလွန်းလို့ လူမသိ သူမသိငိုကြွေးမိတဲ့နေ့တွေမှာတော့ မျက်ရည်တွေနဲ့ သူမ…။
အချိန်တန်တော့ ရီက သူမကို အသက်ရှင်ခွင့်မပေးတော့ဘူး….။
သူမ သိပ်ချစ်ရတဲ့ရင်သွေးလေးနဲ့အတူ တောင်ကိုရီးယားရဲ့ အဝေးပြေးလမ်းမပေါ်မှာ ဒီလို ပက်ပက်စက်စက်သေခဲ့ရပြီ..။
*************************************
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ကမ္ဘောဒီးယားသံရုံးဝန်ထမ်းတွေဟာ အတော် ခံပြင်းကြတယ်။
အဲဒီအချိန်ကစပြီး ၉၉% ကမ္ဘောဒီးယား အမျိုးသမီးတွေ တောင်ကိုရီးယားအမျိုးသားတွေနဲ့ လက်မထပ်ကြတော့ဘူး…။
ကမ္ဘောဒီးယားတစ်နိုင်ငံလုံး စိတ်မကောင်းပေမဲ့ ဘာတတ်နိုင်မှာတဲ့လဲ..။
တောင်ကိုရီးယားနဲ့ ကမ္ဘောဒီးယား စစ်ဖြစ်ကြမှာလား..?
ကမ္ဘောဒီးယားသူလေးအတွက် အမှုစစ်တာဝန်ကျတဲ့ တောင်ကိုရီးယား ရဲထောက်လှမ်းရေးတွေက တကယ့်ကို အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။
အသက်အာမခံဌာနကလည်း အရှုံးပေါ်ပြီမို့ ဒီအမှုကို အမှန်အတိုင်းဖြစ်ဖို့ အလွတ်စုံထောက်တွေနဲ့ အမျိုးမျိုးစုံစမ်းကြတယ်။
တရားသူကြီးကလည်း နိုင်ငံတကာကပို့တဲ့ ” တရားမျှတပါ..” ဆိုတဲ့စာတွေကြားမှာ မနည်းဆုံးဖြတ်ခဲ့ရတယ်။ဘယ်သူမှ မတတ်နိုင်…။ရီ ဟာ အကွက်စေ့လှတယ်..။
*************************************
ဒါဟာ လူသတ်မှုလား လူသေမှုလားလို့ အနားကဖြတ်သွားတဲ့ခွေးလေးတစ်ကောင်ကို မေးကြည့်ရင်တောင် သိဦးမယ်။
ဒါပေမယ့် ဒီနိုင်ငံရဲ့ဥပဒေအရ သက်သေမရှိရင် ဘာမှဖြစ်မလာဘူးလေ…။
SBS ရုပ်မြင်သံကြားကတော့ ဒီအမှုကို အခုအချိန်အထိ လက်မလျှော့သေးပဲ ကြိုးစားနေဆဲ…။
ဒါပေမဲ့ အမြင့်ဆုံးတရားရုံးက အမိန့်ချပြီးပြီဆိုရင်တော့ မျှော်လင့်ချက်မရှိတော့ပြီ…။
*************************************
သူမကို ဘာလို့ကိုယ်ဝန်ရှိလာမှ သတ်တာလဲ…..?
တောင်ကိုရီးယား ဥပဒေအရ ကိုယ်ဝန်ရှိလာမှ ကမ္ဘောဒီးယားသူလေးက ကိုရီးယား နိုင်ငံသားကဒ် အမြန်ရတယ်လေ..။
ဒီလိုနိုင်ငံသားကဒ်ရတော့ရီဟာ ပိုက်ဆံအရဆုံး AD&D အသက်အာမခံ ထားလို့ရခဲ့တာပေါ့…။
ဒါဟာ နှစ်ရှည် စီမံကိန်းတစ်ခု…။ရီ စောင့်နိုင်ပါတယ်…,၁၈ နှစ်သမီးပျိုလေးနဲ့ ၆ နှစ်ပေါင်းခဲ့ရတာ နည်းတဲ့အမြတ်လား..။အိမ်အလုပ်တွေလည်းကူလုပ်သေးတယ်..။ကလေးအတွက်လည်း အိမ်အကူတစ်ယောက် ငွေပေးပြီးငှားမယ့်အစား ဒီပိုက်ဆံကို သူမ မိသားစုထောက်ပံ့တော့ ကျေးဇူးတောင် အတင်ခံရသေး…။နောက်ဆုံး တစ်သက်စားမကုန်တဲ့ငွေတွေ အသက်နဲ့လဲပြီး ပုံပေးသွားခဲ့တဲ့ မိန်းမလေ…။အတော့်ကို ဟန်ကျခဲ့တာပေါ့..။
*************************************
ငွေဟာ သက်ရှိလူသားတွေရဲ့ အသက်တွေကို လမ်းပေါ်က အမှိုက်စလေးတွေလိုပြောင်းလဲပစ်ခဲ့တယ်..။
အသက်အာမခံကြေးကြောင့် ကိုရီးယားမှာ၊ဂျပန်မှာ သူတို့လူမျိုးအချင်းချင်းတောင် အမျိုးမျိုးလှည့်ပတ်ပြီးသတ်နေကြပါတယ်။
သက်ပျောက် အသက်အာမခံကြေးဆိုတာ ကျန်ရစ်သူမိသားစုမှ လက်ခံရရှိတာမို့ မိသားစုအချင်းချင်း သတ်ဖြတ်မှုတွေဖြစ်လာတယ်။
ဒါကြောင့် လက်ထပ်ပြီး တော်စပ်လာတဲ သွေးမစပ် မိသားစုဝင်အသစ်တွေကတော့ အန္တရာယ်အများဆုံးပေါ့…။
*************************************
ကမ္ဘောဒီးယားနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတစ်ခု မဟုတ်တဲ့အတွက် ကမ္ဘောဒီးယားသူလေးတွေအပါအဝင် အရှေ့တိုင်းသူလေးတွေအများစုဟာ အသက်အာမခံကြေးဆိုတာ ဘာမှန်းတောင်မသိကြပါဘူး။
ကမ္ဘောဒီးယားနိုင်ငံ မြို့ကြီးပြကြီးမှာနေတဲ့သူတွေတောင် တော်တော်ဗဟုသုတရှိမှသိတာပါ။
ဒီလို ဘာမှ မသိရှာတဲ့ ကမ္ဘောဒီးယားသူကလေးကိုမှ ပစ်မှတ်ထားပြီး သတ်ပစ်ဖို့ရွေးချယ်ခဲ့တဲ့လူယုတ်မာ…။
ဈေးထဲက ငါးအရှင်လတ်လတ်ကို ခုတ်ထစ်ရောင်းစားပြီး ပိုက်ဆံရှာတာနဲ့ ဘာထူးလို့လဲ..။
လူသတ်တော့ ငွေများများရခဲ့တာပေါ့လေ…။
“မင်းလို လူမဆန်တဲ့သူတွေကြောင့် ငါတို့တိုင်းပြည် နာမည်ပျက်တာ..” တဲ့
ဒီအကြောင်းကို တောင်ကိုရီးယား သတင်းဆောင်းပါးတွေမှာ blog တွေမှာ ဒေါသဖြစ်ပြီး ရေးကြတယ်…။
*************************************
စိတ်ကောင်းရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ နယ်မြို့လေးက သူမရဲ့ မိဘနှစ်ပါးကတော့ ဒီလို ငွေကြောင့် လူအချင်းချင်းသတ်ဖြတ်ကြတယ်ဆိုတာကြားတောင် မကြားဖူးကြလို့ မယုံကြဘူးလေ..။
သူတို့ကို ဘယ်လိုရှင်းပြပြ အသက်အာမခံဆိုတာဘာလဲဆိုတာတောင် နားမလည်ကြဘူး။
” ဒီလိုဟာမျိုးလည်းရှိလား…မဖြစ်နိုင်တာ..”
“သမီးလေးနဲ့မြေး သေဆုံးသွားလို့ ငါတို့သားသမက်လေး စိတ်မကောင်းဖြစ်နေရှာမှာပဲ…. ”
“ငါတို့ ကမ္ဘောဒီးယားသံရုံးက ဒီလိုစွပ်စွဲတာ ဘယ်ကောင်းပါ့မလဲ…မဟုတ်ရင် အားနာစရာကြီး…”
” သား သမက်လေး နေမှကောင်းရဲ့လား..” တဲ့…။
*************************************
ဒါပေမဲ့ တောင်ကိုရီးယားမှာနေချင်တဲ့ ကမ္ဘောဒီးယားသူလေးနဲ့ လူမဖြစ်လိုက်ရတဲ့ သားလေးကတော့ တမလွန်ဘဝကနေ လောကကြီးကို စိတ်နာနေလေမလား….။
Credit: မရွှေမိုး ( ကိုရီးယား )
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *