ျပည့္တန္ဆာလုပ္ငန္းေက်ာ္ေဇာသတင္းအရ အေဆာက္အဦတစ္ခုအတြင္း၀င္ေရာက္ရွာေဖြ၊ အမ်ိဳးသားႏွစ္ဦးႏွင့္အမ်ိဳးသမီး ၁၀ ဦးဖမ္းဆီးရမိ


[Zawgyi]ျပည့္တန္ဆာလုပ္ငန္းေက်ာ္ေဇာသတင္းအရ အေဆာက္အဦတစ္ခုအတြင္း၀င္ေရာက္ရွာေဖြ၊ အမ်ိဳးသားႏွစ္ဦးႏွင့္အမ်ိဳးသမီး ၁၀ ဦးဖမ္းဆီးရမိ
ျပည့္တန္ဆာလုပ္ငန္းေက်ာ္ေဇာသတင္းအရ အေဆာက္အဦတစ္ခုအတြင္း၀င္ေရာက္ရွာေဖြ၊ အမ်ိဳးသားႏွစ္ဦးႏွင့္အမ်ိဳးသမီး ၁၀ ဦးဖမ္းဆီးရမိ၊ ျပည့္တန္ဆာႏွိပ္ကြပ္ေရးအက္ဥပေဒျဖင့္အမႈဖြင့္အေရးယူ
====================================မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းက သံုးထပ္တုိက္တစ္လံုးမွာ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ေနတယ္ဆိုတဲ႔သတင္းရရွိတာေၾကာင့္ ရဲတပ္ဖြဲ႕က၀င္ေရာက္ စီးနင္းရွာေဖြခဲ႔တာမွာ မန္ေနဂ်ာနဲ႔၀န္ထမ္းအမိ်ဳးသားႏွစ္ဦးအပါအ၀င္အႏွိပ္သည္အမ်ိဳးသမီး ၁၀ ဦးဖမ္းဆီးရမိလိုက္ေၾကာင္း သတင္းရရွိပါတယ္။
မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္ပင္လယ္ရဲစခန္းအပိုင္နယ္ေျမအတြင္းက သံုးထပ္တုိက္တစ္လံုးပဲျဖစ္ၿပီး ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ေနတယ္ ဆိုတဲ႔ ေက်ာ္ေစာသတင္းအရ၀င္ေရာက္စီးနင္းရွာေဖြခဲ႔တာျဖစ္ၿပီး ဖမ္းဆီးရမိသူေတြကို ျပည့္တန္ဆာႏွိပ္ကြပ္ေရးဥပေဒအက္ဥပေဒနဲ႔အေရးယူထားတယ္ လို႔သိရပါတယ္။
ျဖစ္စဥ္မွာ ေမလ ၁၄ ရက္ေန႔ည ၈ နာရီခြဲအခ်ိန္ခန္႔က မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းအကူဌာနစိတ္မွ ဒုရဲမွဴး ေက်ာ္ႏုနဲ႔အဖြဲ႕ဟာ အမ်ိဳးသမီးရဲေမ ဒုရဲအုပ္ေအးျမတ္မြန္၊ သက္ေသ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးေပ်ာ္ဘြယ္အေရွ႕ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ အကြက္မွဴးဦးမင္းမင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ အကြက္မွဴးဦးစိုးမိုးေအာင္တို႔နဲ႔အတူ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ေနေၾကာင္း ေက်ာ္ေစာသတင္းရရွိထားတဲ႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ သိပၸံလမ္းေထာင့္က Beauty Saloon တစ္ခုကို မႏၲေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးကထုတ္ေပးတဲ႔ ျပည့္တန္ဆာေနအိမ္သို႔၀င္ေရာက္ရွာေဖြဖမ္းဆီးခြင့္၀ရမ္းအမွတ္(၃/(၂၀၁၈) နဲ႔ ၀င္ေရာက္ရွာေဖြခဲ႔တာျဖစ္ပါတယ္။
အဲဒီလို ၀င္ေရာက္ရွာေဖြမွာ သစၥာ(ခ)မေ၀ေ၀လြင္၊ ယြမ္းယြမ္း(ခ)မခင္မာေဆြ နဲ႔ ၾကယ္စင္(ခ)မလဲ႔လဲ႔ခုိင္တုိ႔ ၃ ဦးကို အခန္းတစ္ခုစီမွာ အမ်ိဳးသား တစ္ဦးစီနဲ႔အတူ ေတြ႕ရွိရေၾကာင္း၊ အမ်ဳိးသားကိုယ္စီရဲ႔ ခႏၶာကုိယ္ေတြကို ဆီမ်ားသုတ္လိမ္းကာ ႏွိပ္နယ္ေပးေနတာကိုေတြ႕ရွိရေၾကာင္း၊ ၄င္းတုိ႔ ၃ ဦးအားစစ္ေမးရာမွာ ဆီလူးခန္းထဲ တစ္ခါတစ္ရံျပည့္တန္ဆာအျဖစ္၀န္ေဆာင္မႈေပးေလ႔ရွိတယ္လို႔ေျပာျပသိရေၾကာင္း၊ ဆက္လက္စစ္ေဆးရာမွာ ျပည့္တန္ဆာလုပ္ငန္းနဲ႔ ဆက္စပ္တဲ႔ ေမြ႕ရာ ၅ ခု၊ ေခါင္းအံုး ၅ လံုး၊ ျပည့္တန္ဆာလုပ္ငန္းနဲ႔ရရွိထားတဲ႔ ျမန္မာေငြ ၉၁၀၀၀ က်ပ္၊ ဆင္းကတ္ႏွစ္ကတ္ပါအနက္ေရာင္ဟန္းစက္တစ္လံုး၊ MEIPEI စာတမ္းပါ အသားလိမ္းဆီဘူး ၂ ဘူး၊ အဲဒီ Beauty Saloon နံမည္နဲ႔ ၁၄.၅.၂၀၁၈ ရက္စြဲပါ အႏွိပ္သည္အမ်ိဳးသမီးေတြရဲ႕ အခန္း၀င္/ထြက္အခ်ိန္ေတြေရးသားထားတဲ႔ စာရြက္ႏွစ္ရြက္၊ အဲဒီ Beauty Saloon နံမည္ နဲ႔ လိပ္စာကတ္ ၇၅ ခုေတြ႕ရလို႔ ရွာေဖြပံုစံနဲ႔သိမ္းဆည္းခဲ႔ေၾကာင္း၊ တစ္ျခားအခန္းေတြကိုဆက္လက္စစ္ေဆးရွာေဖြတာမွာ ဧည့္သည္ေစာင့္ဆုိင္းေနၾကတဲ႔ မႈံေလး(ခ)မဇင္မာေလး၊ မုိးမိုး(ခ)သဇင္ပန္း၊ ဇင္ေလး(ခ)ဇင္မာ၀င္း၊ သဲစု(ခ)မိုးေလး၊ မႏွင္းႏွင္းေ၀၊ မဇင္ဇင္၊ ႏွင္းပြင့္(ခ)ၾကယ္ေလး၊ မန္ေနဂ်ာျဖစ္သူ မင္းဆန္းဦး နဲ႔ ၀န္ထမ္းျဖစ္သူျမင့္လိႈင္တုိ႔ကိုေတြ႕ရွိရေၾကာင္း၊ ဖမ္းဆီးရမိမႈျဖစ္စဥ္အတြက္ ဒုရဲမွဴးေက်ာ္ႏု တရားလိုလုပ္တုိင္တန္းတာေၾကာင့္ အဲဒီအပိုင္ ရဲစခန္းကအမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲမွတ္တမ္းအရသိရပါတယ္။
ဒါေၾကာင့္ သူတုိ႔ကို ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္နယ္ေျမရဲစခန္းက (ပ)၂၆၁/၂၀၁၈၊ ျပည့္တန္ဆာႏွိပ္ကြပ္ေရးအက္ဥပေဒပုဒ္မ ၇(၁)(က) နဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားတယ္လို႔သိရပါတယ္။
AF
===========
Popular News Journal
FACEBOOK VISIT WEBSITE
[Unicode]ပြည့်တန်ဆာလုပ်ငန်းကျော်ဇောသတင်းအရ အဆောက်အဦတစ်ခုအတွင်းဝင်ရောက်ရှာဖွေ၊ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး ၁၀ ဦးဖမ်းဆီးရမိ
ပြည့်တန်ဆာလုပ်ငန်းကျော်ဇောသတင်းအရ အဆောက်အဦတစ်ခုအတွင်းဝင်ရောက်ရှာဖွေ၊ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး ၁၀ ဦးဖမ်းဆီးရမိ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဖြင့်အမှုဖွင့်အရေးယူ
====================================မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းက သုံးထပ်တိုက်တစ်လုံးမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတယ်ဆိုတဲ့သတင်းရရှိတာကြောင့် ရဲတပ်ဖွဲ့ကဝင်ရောက် စီးနင်းရှာဖွေခဲ့တာမှာ မန်နေဂျာနဲ့ဝန်ထမ်းအမျိုးသားနှစ်ဦးအပါအဝင်အနှိပ်သည်အမျိုးသမီး ၁၀ ဦးဖမ်းဆီးရမိလိုက်ကြောင်း သတင်းရရှိပါတယ်။
မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းအပိုင်နယ်မြေအတွင်းက သုံးထပ်တိုက်တစ်လုံးပဲဖြစ်ပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတယ် ဆိုတဲ့ ကျော်စောသတင်းအရဝင်ရောက်စီးနင်းရှာဖွေခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအက်ဥပဒေနဲ့အရေးယူထားတယ် လို့သိရပါတယ်။
ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ည ၈ နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲမှူး ကျော်နုနဲ့အဖွဲ့ဟာ အမျိုးသမီးရဲမေ ဒုရဲအုပ်အေးမြတ်မွန်၊ သက်သေ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှ အကွက်မှူးဦးမင်းမင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အကွက်မှူးဦးစိုးမိုးအောင်တို့နဲ့အတူ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း ကျော်စောသတင်းရရှိထားတဲ့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းထောင့်က Beauty Saloon တစ်ခုကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကထုတ်ပေးတဲ့ ပြည့်တန်ဆာနေအိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၃/(၂၀၁၈) နဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဝင်ရောက်ရှာဖွေမှာ သစ္စာ(ခ)မဝေေ၀လွင်၊ ယွမ်းယွမ်း(ခ)မခင်မာဆွေ နဲ့ ကြယ်စင်(ခ)မလဲ့လဲ့ခိုင်တို့ ၃ ဦးကို အခန်းတစ်ခုစီမှာ အမျိုးသား တစ်ဦးစီနဲ့အတူ တွေ့ရှိရကြောင်း၊ အမျိုးသားကိုယ်စီရဲ့ ခန္ဓာကိုယ်တွေကို ဆီများသုတ်လိမ်းကာ နှိပ်နယ်ပေးနေတာကိုတွေ့ရှိရကြောင်း၊ ၎င်းတို့ ၃ ဦးအားစစ်မေးရာမှာ ဆီလူးခန်းထဲ တစ်ခါတစ်ရံပြည့်တန်ဆာအဖြစ်ဝန်ဆောင်မှုပေးလေ့ရှိတယ်လို့ပြောပြသိရကြောင်း၊ ဆက်လက်စစ်ဆေးရာမှာ ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်စပ်တဲ့ မွေ့ရာ ၅ ခု၊ ခေါင်းအုံး ၅ လုံး၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ရရှိထားတဲ့ မြန်မာငွေ ၉၁၀၀၀ ကျပ်၊ ဆင်းကတ်နှစ်ကတ်ပါအနက်ရောင်ဟန်းစက်တစ်လုံး၊ MEIPEI စာတမ်းပါ အသားလိမ်းဆီဘူး ၂ ဘူး၊ အဲဒီ Beauty Saloon နံမည်နဲ့ ၁၄.၅.၂၀၁၈ ရက်စွဲပါ အနှိပ်သည်အမျိုးသမီးတွေရဲ့ အခန်းဝင်/ထွက်အချိန်တွေရေးသားထားတဲ့ စာရွက်နှစ်ရွက်၊ အဲဒီ Beauty Saloon နံမည် နဲ့ လိပ်စာကတ် ၇၅ ခုတွေ့ရလို့ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ကြောင်း၊ တစ်ခြားအခန်းတွေကိုဆက်လက်စစ်ဆေးရှာဖွေတာမှာ ဧည့်သည်စောင့်ဆိုင်းနေကြတဲ့ မှုံလေး(ခ)မဇင်မာလေး၊ မိုးမိုး(ခ)သဇင်ပန်း၊ ဇင်လေး(ခ)ဇင်မာဝင်း၊ သဲစု(ခ)မိုးလေး၊ မနှင်းနှင်းဝေ၊ မဇင်ဇင်၊ နှင်းပွင့်(ခ)ကြယ်လေး၊ မန်နေဂျာဖြစ်သူ မင်းဆန်းဦး နဲ့ ဝန်ထမ်းဖြစ်သူမြင့်လှိုင်တို့ကိုတွေ့ရှိရကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်အတွက် ဒုရဲမှူးကျော်နု တရားလိုလုပ်တိုင်တန်းတာကြောင့် အဲဒီအပိုင် ရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။
ဒါကြောင့် သူတို့ကို ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၂၆၁/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၇(၁)(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
AF
===========
Popular News Journal
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *