ဒုရဲမွဴးေဟာင္း မုိးရန္ႏိုင္၏အမႈတြဲ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္း ရာထူးမွ ထုတ္ပယ္ခံရ


[Zawgyi]ဒုရဲမွဴးေဟာင္း မုိးရန္ႏိုင္၏အမႈတြဲ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္း ရာထူးမွ ထုတ္ပယ္ခံရ
—႐ိုက္တာသတင္းေထာက္မ်ားကို လွ်ိဳ႕ဝွက္စာရြက္မ်ားမေပးခဲ့ဟု ရဲဒုတပ္ၾကပ္ႏိုင္လင္းထြက္ဆို
====================================
႐ိုက္တာသတင္း ေထာက္ႏွစ္ဦးႏွင့္ေတြ႕ဆံုရာတြင္ ပါဝင္ေသာ ရဲတပ္ၾကပ္ႀကီးခင္ ေမာင္လင္းကို ရဲစည္းကမ္းထိန္း သိမ္းေရးဥပေဒျဖင့္ အေရးယူကာ ရာထူးမွ ထုတ္ပယ္္ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ (ေနျပည္ေတာ္)မွ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီးမ်ိဳး သူစိုးက ေျပာသည္။တပ္ၾကပ္ႀကီးခင္ေမာင္လင္း ကို ရာထူးမွ အၿမဲတမ္းထုတ္ပယ္ ေၾကာင္း ရဲမႈခင္းမွတ္တမ္းအဖြဲ႕က ယမန္ေန႔႐ံုးထုတ္တြင္ လာေရာက္ ထြက္ဆိုခဲ့သည္။
‘‘ရဲတရား႐ံုးကေနပဲ တပ္ ၾကပ္ႀကီးခင္ေမာင္လင္းကို အမိန္႔ ခ်တာပါ။ သူ႔ကို ထုတ္ပယ္တဲ့ျပစ္ ဒဏ္ကို ခ်ခဲ့တယ္။ မိုးရန္ႏုိင္က ေတာ့ တစ္ႏွစ္ခ်တဲ့ ျပစ္ဒဏ္ေပါ့’’ ဟု ရဲမွဴးႀကီးမ်ိဳးသူစိုးက ေျပာ သည္။
တပ္ၾကပ္ႀကီး ခင္ေမာင္လင္း ကို တရားလိုျပသက္ေသစာရင္း တြင္ ထည့္သြင္းထားျခင္းရွိ၊ မရွိ ေမးျမန္းရာ ၎က မသိေၾကာင္း ေျဖၾကားသည္။
ယမန္ေန႔က ႐ံုးထုတ္စစ္ ေဆးရာတြင္ ႐ိုက္တာသတင္း ေထာက္ႏွစ္ဦးကို လွ်ိဳ႕ဝွက္စာရြက္ စာတမ္းမ်ားေပး၍ ေထာင္ဖမ္း ခဲ့သည္ဟုဆိုေသာ တရားလိုျပသက္ေသတစ္ဦးျဖစ္သည့္ ရဲဒုတပ္ၾကပ္ႏုိင္လင္းကို စစ္ေဆးခဲ့သည္။
ဒုတပ္ၾကပ္ ႏုိင္လင္းသည္ ၂၀၁၇ ဧၿပီတြင္ ရခိုင္ျပည္နယ္ ေမာင္ေတာေဒသသို႔ သြားေရာက္ တာဝန္ထမ္းေဆာင္ၿပီး ႏုိဝင္ဘာ ၁၅ ရက္၌ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၈)လံုၿခံဳေရးရဲတပ္ရင္းသို႔ ျပန္ေရာက္လာေၾကာင္း ထြက္ဆို သည္။
၂၀၁၇ ဒီဇင္ဘာ ၁၁ ရက္ တြင္ သတင္းေထာက္ကိုဝလံုးက ၎ထံ ဖုန္းဆက္သြယ္လာေၾကာင္း ထြက္ဆိုသည္။ ဒီဇင္ဘာ ၁၂ ရက္တြင္ သတင္းေထာက္ ကိုဝလံုး သည္ ၎ထံ ဖုန္းဆက္ခ်ိန္းဆိုၿပီး ေဆာင္းရိပ္မြန္စားေသာက္ဆိုင္၌ ေတြ႕ဆံုခဲ့သည္ဟု ဆက္လက္ ထြက္ဆိုသည္။ သို႔ေသာ္ သတင္း ေထာက္ကိုဝလံုးကို ေမာင္းေတာ ေဒသတြင္ ျဖစ္ပြားေသာ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး တစ္စံုတစ္ရာ ေျပာဆိုခဲ့ျခင္းမရွိသလို အေရးႀကီး စာရြက္စာတမ္းမ်ား ကိုလည္း မေပးခဲ့ေၾကာင္း ၎က ထြက္ဆိုသည္။
သို႔ေသာ္ ဒုတပ္ၾကပ္ႏုိင္လင္းသည္ ၎တို႔ကို ေဆာင္းရိပ္မြန္ စားေသာက္ဆုိင္တြင္ ခ်ိန္းဆိုၿပီး စာရြက္စာတမ္းမ်ား ေပးခဲ့သူျဖစ္ေၾကာင္း သတင္းေထာက္ကို၀လံုးက အမႈစတင္ျဖစ္ပြားခ်ိန္ကတည္းက သတင္းေထာက္မ်ားအား ေျပာဆိုထားသည္။
ထို႔အျပင္ စြပ္စြဲခံထားရသူ မ်ားဘက္မွ အက်ိဳးေဆာင္ေရွ႕ေန က ေမးျမန္းမႈေမးခြန္းအမ်ားစုကို ဒုတပ္ၾကပ္ႏုိင္လင္းက ‘‘မဟုတ္ ပါ၊ မမွတ္မိပါ’’ ဟု အႀကိမ္ႀကိမ္ ေျဖဆိုခဲ့သည္။
‘‘ကၽြန္ေတာ္ တရား႐ံုးမွာ အမွန္အတုိင္း ထြက္ဆိုခဲ့ေပးထား ပါတယ္။ ကၽြန္ေတာ္ တရား႐ံုးမွာ အမွန္အတိုင္း ထြက္ဆိုထား တယ္’’ ဟု တရား႐ံုးမွ ျပန္ထြက္ လာေသာအခါတြင္လည္း ဒုတပ္ ၾကပ္ႏုိင္လင္းက သတင္းေထာက္ မ်ားအား ေျပာသည္။
ဧၿပီ ၂၀ ရက္႐ံုးခ်ိန္းတြင္ ဒုရဲမွဴးမိုးရန္ႏိုင္က ႐ိုက္တာသတင္း ေထာက္ႏွစ္ဦးကို ေထာင္ေခ်ာက္ ဆင္ဖမ္းဆီးျခင္းျဖစ္သည္ဟု ဖြင့္ခ်ထားသည္။ ထုိ႔အျပင္ အမွတ္(၈)လံုၿခံဳေရး ရဲတပ္ရင္းစခန္းမွ ရဲမွဴးခ်ဳပ္တင္ကိုကိုက ဒုတပ္ၾကပ္ ႏုိင္လင္းကို ကိုဝလံုးႏွင့္ ခ်ိတ္ဆက္ ေစၿပီး စားေသာက္ဆုိင္တစ္ဆုိင္ တြင္ ေတြ႕ဆံု၍ စာရြက္စာတမ္း မ်ားေပး၍ ဖမ္းဆီးခဲ့ေၾကာင္း ၎ က ထြက္ဆိုထားသည္။
‘‘စာရြက္စာတမ္းေတြ သူ ေပးခဲ့တယ္ဆိုတာ သူဝန္မခံဘူး။ ေနာက္တစ္ခါ ရဲမွဴးခ်ဳပ္တင္ကိုကိုက အမိန္႔ေပးသြားတယ္ဆိုတာ ထည့္ေျပာမသြားဘူး။ သူက ဒီေန႔ ေျပာတဲ့အထဲမွာ စာရြက္စာတမ္း ေတြကို သူမေပးဘူးေပါ့။ ဝလံုးတို႔ကလည္း ဘာမွ မေတာင္းသလို သူလည္း မေပးခဲ့ဘူးဆိုတာ ေျပာ သြားတယ္’’ဟု ႐ိုက္တာသတင္း ေထာက္ႏွစ္ဦးအေရး လိုက္ပါ အက်ိဳးေဆာင္ရြက္ေနေသာ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္း ေဇာ္ေအာင္က ေျပာသည္။
ကိုဝလံုးႏွင့္ ဒုတပ္ၾကပ္ႏိုင္ လင္းတို႔ေျပာဆိုထားသည့္ ဖုန္း မွတ္တမ္းမ်ားကို တရား႐ံုးေတာ္ သို႔ တင္သြင္းရန္ သမၼန္စာထုတ္ ေပးရန္ ေလွ်ာက္ထားမႈကိုလည္း တရားသူႀကီးက ပယ္ခ်ေၾကာင္း ၎က ဆက္လက္ေျပာ သည္။
‘‘ေတာ္ေတာ္ေလး စိတ္ပ်က္ မိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အမွန္တရားနဲ႔လြဲၿပီး ထြက္ဆိုသြား တာေတြ အမ်ားႀကီးေတြ႕ရပါ တယ္။ ဒါေပမဲ့ သူထြက္ဆိုတဲ့အ ထဲမွာ ကၽြန္ေတာ္တို႔နဲ႔ ေတြ႕ဆံုခဲ့ တယ္လို႔ ပါပါတယ္’’ဟု တရားခြင္ မွ ျပန္ထြက္လာေသာ သတင္း ေထာက္ကိုဝလံုးက ေျပာသည္။
႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ေထာင္ေခ်ာက္ဆင္ဖမ္း သည္ဟု ဖြင့္ခ်ေသာ ဒုရဲမွဴး မိုးရန္ ႏုိင္ကို ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ထားသည္။
႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို လာမည့္ ေမလ ၂၁ ႏွင့္ ၂၂ ရက္တြင္ ႐ံုးခ်ိန္းဆင့္ေခၚထား သည္။
===========
7Day News Journal
FACEBOOK VISIT WEBSITE
[Unicode]ဒုရဲမှူးဟောင်း မိုးရန်နိုင်၏အမှုတွဲ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း ရာထူးမှ ထုတ်ပယ်ခံရ
—ရိုက်တာသတင်းထောက်များကို လျှို့ဝှက်စာရွက်များမပေးခဲ့ဟု ရဲဒုတပ်ကြပ်နိုင်လင်းထွက်ဆို
====================================
ရိုက်တာသတင်း ထောက်နှစ်ဦးနှင့်တွေ့ဆုံရာတွင် ပါဝင်သော ရဲတပ်ကြပ်ကြီးခင် မောင်လင်းကို ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေဖြင့် အရေးယူကာ ရာထူးမှ ထုတ်ပယ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်)မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုး သူစိုးက ပြောသည်။တပ်ကြပ်ကြီးခင်မောင်လင်း ကို ရာထူးမှ အမြဲတမ်းထုတ်ပယ် ကြောင်း ရဲမှုခင်းမှတ်တမ်းအဖွဲ့က ယမန်နေ့ရုံးထုတ်တွင် လာရောက် ထွက်ဆိုခဲ့သည်။
‘‘ရဲတရားရုံးကနေပဲ တပ် ကြပ်ကြီးခင်မောင်လင်းကို အမိန့် ချတာပါ။ သူ့ကို ထုတ်ပယ်တဲ့ပြစ် ဒဏ်ကို ချခဲ့တယ်။ မိုးရန်နိုင်က တော့ တစ်နှစ်ချတဲ့ ပြစ်ဒဏ်ပေါ့’’ ဟု ရဲမှူးကြီးမျိုးသူစိုးက ပြော သည်။
တပ်ကြပ်ကြီး ခင်မောင်လင်း ကို တရားလိုပြသက်သေစာရင်း တွင် ထည့်သွင်းထားခြင်းရှိ၊ မရှိ မေးမြန်းရာ ၎င်းက မသိကြောင်း ဖြေကြားသည်။
ယမန်နေ့က ရုံးထုတ်စစ် ဆေးရာတွင် ရိုက်တာသတင်း ထောက်နှစ်ဦးကို လျှို့ဝှက်စာရွက် စာတမ်းများပေး၍ ထောင်ဖမ်း ခဲ့သည်ဟုဆိုသော တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ရဲဒုတပ်ကြပ်နိုင်လင်းကို စစ်ဆေးခဲ့သည်။
ဒုတပ်ကြပ် နိုင်လင်းသည် ၂၀၁၇ ဧပြီတွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်ပြီး နိုဝင်ဘာ ၁၅ ရက်၌ ရန်ကုန်မြို့ရှိ အမှတ်(၈)လုံခြုံရေးရဲတပ်ရင်းသို့ ပြန်ရောက်လာကြောင်း ထွက်ဆို သည်။
၂၀၁၇ ဒီဇင်ဘာ ၁၁ ရက် တွင် သတင်းထောက်ကိုဝလုံးက ၎င်းထံ ဖုန်းဆက်သွယ်လာကြောင်း ထွက်ဆိုသည်။ ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းထောက် ကိုဝလုံး သည် ၎င်းထံ ဖုန်းဆက်ချိန်းဆိုပြီး ဆောင်းရိပ်မွန်စားသောက်ဆိုင်၌ တွေ့ဆုံခဲ့သည်ဟု ဆက်လက် ထွက်ဆိုသည်။ သို့သော် သတင်း ထောက်ကိုဝလုံးကို မောင်းတော ဒေသတွင် ဖြစ်ပွားသော အခြေအနေများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိသလို အရေးကြီး စာရွက်စာတမ်းများ ကိုလည်း မပေးခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။
သို့သော် ဒုတပ်ကြပ်နိုင်လင်းသည် ၎င်းတို့ကို ဆောင်းရိပ်မွန် စားသောက်ဆိုင်တွင် ချိန်းဆိုပြီး စာရွက်စာတမ်းများ ပေးခဲ့သူဖြစ်ကြောင်း သတင်းထောက်ကိုဝလုံးက အမှုစတင်ဖြစ်ပွားချိန်ကတည်းက သတင်းထောက်များအား ပြောဆိုထားသည်။
ထို့အပြင် စွပ်စွဲခံထားရသူ များဘက်မှ အကျိုးဆောင်ရှေ့နေ က မေးမြန်းမှုမေးခွန်းအများစုကို ဒုတပ်ကြပ်နိုင်လင်းက ‘‘မဟုတ် ပါ၊ မမှတ်မိပါ’’ ဟု အကြိမ်ကြိမ် ဖြေဆိုခဲ့သည်။
‘‘ကျွန်တော် တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့ပေးထား ပါတယ်။ ကျွန်တော် တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုထား တယ်’’ ဟု တရားရုံးမှ ပြန်ထွက် လာသောအခါတွင်လည်း ဒုတပ် ကြပ်နိုင်လင်းက သတင်းထောက် များအား ပြောသည်။
ဧပြီ ၂၀ ရက်ရုံးချိန်းတွင် ဒုရဲမှူးမိုးရန်နိုင်က ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ချောက် ဆင်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖွင့်ချထားသည်။ ထို့အပြင် အမှတ်(၈)လုံခြုံရေး ရဲတပ်ရင်းစခန်းမှ ရဲမှူးချုပ်တင်ကိုကိုက ဒုတပ်ကြပ် နိုင်လင်းကို ကိုဝလုံးနှင့် ချိတ်ဆက် စေပြီး စားသောက်ဆိုင်တစ်ဆိုင် တွင် တွေ့ဆုံ၍ စာရွက်စာတမ်း များပေး၍ ဖမ်းဆီးခဲ့ကြောင်း ၎င်း က ထွက်ဆိုထားသည်။
‘‘စာရွက်စာတမ်းတွေ သူ ပေးခဲ့တယ်ဆိုတာ သူဝန်မခံဘူး။ နောက်တစ်ခါ ရဲမှူးချုပ်တင်ကိုကိုက အမိန့်ပေးသွားတယ်ဆိုတာ ထည့်ပြောမသွားဘူး။ သူက ဒီနေ့ ပြောတဲ့အထဲမှာ စာရွက်စာတမ်း တွေကို သူမပေးဘူးပေါ့။ ဝလုံးတို့ကလည်း ဘာမှ မတောင်းသလို သူလည်း မပေးခဲ့ဘူးဆိုတာ ပြော သွားတယ်’’ဟု ရိုက်တာသတင်း ထောက်နှစ်ဦးအရေး လိုက်ပါ အကျိုးဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦးသန်း ဇော်အောင်က ပြောသည်။
ကိုဝလုံးနှင့် ဒုတပ်ကြပ်နိုင် လင်းတို့ပြောဆိုထားသည့် ဖုန်း မှတ်တမ်းများကို တရားရုံးတော် သို့ တင်သွင်းရန် သမ္မန်စာထုတ် ပေးရန် လျှောက်ထားမှုကိုလည်း တရားသူကြီးက ပယ်ချကြောင်း ၎င်းက ဆက်လက်ပြော သည်။
‘‘တော်တော်လေး စိတ်ပျက် မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားနဲ့လွဲပြီး ထွက်ဆိုသွား တာတွေ အများကြီးတွေ့ရပါ တယ်။ ဒါပေမဲ့ သူထွက်ဆိုတဲ့အ ထဲမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံခဲ့ တယ်လို့ ပါပါတယ်’’ဟု တရားခွင် မှ ပြန်ထွက်လာသော သတင်း ထောက်ကိုဝလုံးက ပြောသည်။
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်း သည်ဟု ဖွင့်ချသော ဒုရဲမှူး မိုးရန် နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ထားသည်။
ရိုက်တာ သတင်းထောက် နှစ်ဦးကို လာမည့် မေလ ၂၁ နှင့် ၂၂ ရက်တွင် ရုံးချိန်းဆင့်ခေါ်ထား သည်။
===========
7Day News Journal
FACEBOOK VISIT WEBSITE

Add a Comment

Your email address will not be published. Required fields are marked *