ထုိင္းႏုိင္ငံထဲကို မြတ္စလင္အေယာင္ေဆာင္ၿပီး ခုိးဝင္တဲ့ ျမန္မာေတြ ဖမ္းခံထားရ


[Zawgyi]ထုိင္းႏုိင္ငံထဲကို မြတ္စလင္အေယာင္ေဆာင္ၿပီး ခုိးဝင္တဲ့ ျမန္မာေတြ ဖမ္းခံထားရ***************************https://m.facebook.com/story.php?story_fbid=2110609472314605&id=1024691730906390
#MUNAေမ (၁၆)
အစၥလာမ္ဘာသာဝင္မဟုတ္တဲ့ ျမန္မာႏုိင္ငံသားမ်ားက ထုိင္းႏုိင္ငံအတြင္း ခိုးဝင္ရလြယ္ကူေစရန္ မြတ္စလင္ဘာသာေရးဆရာေတြလို ဝတ္ဆင္ခဲ့တာကို ထိုင္းရဲက ဖမ္းဆီးရမိခဲ့ပါတယ္။
ျဖစ္စဥ္ကေတာ့ ေမ ၁၅ ရက္မွာ ျမန္မာႏုိင္ငံ ေကာ့ေသာင္းခ႐ိုင္ကေန ထုိင္းႏုိင္ငံ ရေနာင္းခ႐ိုင္ကတစ္ဆင့္ ထုိင္းေတာင္ပိုင္း ဆူရတ္ဌာနီသုိ႔ ေမာင္းႏွင္လာတဲ့ ကားကို စစ္ေဆးေရးဂိတ္မွာ ထုိင္းရဲေတြက စစ္ေဆးစဥ္ အခုလို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ တျခားကားေတြကို တားဆီးစစ္ေဆးေနစဥ္ အဲဒီကားဟာ တန္းစီဝင္ေရာက္ျခင္းမရွိေပမယ့္ အရန္အတားနဲ႔ လက္နက္ကိုင္ေဆာင္ထားတဲ့ စစ္သားေတြကို ျမင္ေတာ့မွ အရွိန္ေလွ်ာ့ၿပီး ဝင္ေရာက္စစ္ေဆးခံခဲ့တယ္လုိ႔ သိရပါတယ္။ တာဝန္က်တပ္ဖြဲ႔ဝင္က ကားအေရွ႕ခန္းကို စစ္ေဆးရာ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးႏွစ္ဦးကိုေတြ႔ရၿပီး အေနာက္ခန္းမွာေတာ့ အေပၚက ျခံဳထည္နဲ႔ဖံုးထားတဲ့ အမ်ိဳးသားေတြကို ေတြ႔ခဲ့ရတာပါ။ ဖမ္းခံရသူ စုစုေပါင္း (၇) ေယာက္ျဖစ္ၿပီး အားလံုးက မြတ္စလင္ဘာသာေရးဆရာေတြလို ဝတ္ဆင္ထားတာေတြ႔ရပါတယ္။
ထိုင္းတာဝန္ရွိသူေတြကို သူတို႔ေတြကို ထုိင္းေတာင္ပိုင္းက မြတ္စလင္သူပုန္ေတြနဲ႔ အဆက္အသြယ္ရွိမရွိေမးျမန္းခဲ့ရာ သူတု႔ိ ခုႏွစ္ေယာက္လံုးက မဟုတ္ေၾကာင္းနဲ႔ ျမန္မာႏုိင္ငံကလာသူေတြျဖစ္ေၾကာင္း၊ မြတ္စလင္မဟုတ္ေၾကာင္း၊ ဆူရတ္ဌာနီကို သြားရလြယ္ဖို႔ မြတ္စလင္အေယာင္ေဆာင္ထားျခင္းျဖစ္ေၾကာင္း ေျပာဆိုပါတယ္။ ဒီလိုခိုးဝင္ဖို႔အတြက္ လူတစ္ဦးကို ထုိင္းဘတ္ေငြ ၄၅၀၀ က်သင့္ခဲ့ေၾကာင္းလည္းသိရပါတယ္။ အစက သူတို႔ဟာ ဘာသာေရးပြဲေတာ္တစ္ခုကို တက္ေရာက္ဖို႔ သြားေနတာျဖစ္ေၾကာင္း ျငင္းခဲ့ေပမယ့္ မသကၤာလို႔ ဆက္လက္ေမးျမန္းခဲ့ရာမွာ ကားသမားျဖစ္သူက အသက္ ၂၆ ႏွစ္အရြယ္ Preecha May က ဝန္ခံခဲ့တာျဖစ္ပါတယ္။ ဒီအမႈကို ရေနာင္းရဲတပ္ဖြဲ႔က ဆက္လက္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။
မူရင္းထုိင္းဘာသာျဖင့္ သတင္း – mgronline.com#MUNA /ႏုိင္သူရ
မူရင္း Link >>https://mgronline.com/south/detail/9610000048022
[Unicode]ထိုင်းနိုင်ငံထဲကို မွတ်စလင်အယောင်ဆောင်ပြီး ခိုးဝင်တဲ့ မြန်မာတွေ ဖမ်းခံထားရ***************************
#MUNAမေ (၁၆)
အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံအတွင်း ခိုးဝင်ရလွယ်ကူစေရန် မွတ်စလင်ဘာသာရေးဆရာတွေလို ဝတ်ဆင်ခဲ့တာကို ထိုင်းရဲက ဖမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ မေ ၁၅ ရက်မှာ မြန်မာနိုင်ငံ ကော့သောင်းခရိုင်ကနေ ထိုင်းနိုင်ငံ ရနောင်းခရိုင်ကတစ်ဆင့် ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီသို့ မောင်းနှင်လာတဲ့ ကားကို စစ်ဆေးရေးဂိတ်မှာ ထိုင်းရဲတွေက စစ်ဆေးစဉ် အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တခြားကားတွေကို တားဆီးစစ်ဆေးနေစဉ် အဲဒီကားဟာ တန်းစီဝင်ရောက်ခြင်းမရှိပေမယ့် အရန်အတားနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သားတွေကို မြင်တော့မှ အရှိန်လျှော့ပြီး ဝင်ရောက်စစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ တာဝန်ကျတပ်ဖွဲ့ဝင်က ကားအရှေ့ခန်းကို စစ်ဆေးရာ အမျိုးသားတစ်ဦးနဲ့ အမျိုးနှစ်ဦးကိုတွေ့ရပြီး အနောက်ခန်းမှာတော့ အပေါ်က ခြုံထည်နဲ့ဖုံးထားတဲ့ အမျိုးသားတွေကို တွေ့ခဲ့ရတာပါ။ ဖမ်းခံရသူ စုစုပေါင်း (၇) ယောက်ဖြစ်ပြီး အားလုံးက မွတ်စလင်ဘာသာရေးဆရာတွေလို ဝတ်ဆင်ထားတာတွေ့ရပါတယ်။
ထိုင်းတာဝန်ရှိသူတွေကို သူတို့တွေကို ထိုင်းတောင်ပိုင်းက မွတ်စလင်သူပုန်တွေနဲ့ အဆက်အသွယ်ရှိမရှိမေးမြန်းခဲ့ရာ သူတု့ိ ခုနှစ်ယောက်လုံးက မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံကလာသူတွေဖြစ်ကြောင်း၊ မွတ်စလင်မဟုတ်ကြောင်း၊ ဆူရတ်ဌာနီကို သွားရလွယ်ဖို့ မွတ်စလင်အယောင်ဆောင်ထားခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။ ဒီလိုခိုးဝင်ဖို့အတွက် လူတစ်ဦးကို ထိုင်းဘတ်ငွေ ၄၅၀၀ ကျသင့်ခဲ့ကြောင်းလည်းသိရပါတယ်။ အစက သူတို့ဟာ ဘာသာရေးပွဲတော်တစ်ခုကို တက်ရောက်ဖို့ သွားနေတာဖြစ်ကြောင်း ငြင်းခဲ့ပေမယ့် မသင်္ကာလို့ ဆက်လက်မေးမြန်းခဲ့ရာမှာ ကားသမားဖြစ်သူက အသက် ၂၆ နှစ်အရွယ် Preecha May က ဝန်ခံခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို ရနောင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မူရင်းထိုင်းဘာသာဖြင့် သတင်း – mgronline.com#MUNA /နိုင်သူရ
မူရင်း Link >>https://mgronline.com/south/detail/9610000048022

Add a Comment

Your email address will not be published. Required fields are marked *